tracker tracker >>>SCORPION<<<: တောင်းပန်ခြင်း

Wednesday, April 4, 2007

တောင်းပန်ခြင်း

သူများတွေ ဘလော့ခ်ရေးတော့လည်း ရေးချင်တယ်။

ဟော....ကိုယ်ကိုတိုင် တင်ပြန်တော့လည်း အစဉ်မပြေမှုတွေက ဆီးကြိုနေပြန်တယ်။

အရေးတည်းမှာ အပျင်းကြောကလည်းထူသေးတယ် ဟီး ဟီး (ကိုယ့်ဟာကိုယ်ပြောတာနော်)


အဟဲ ဒီတော့လည်း အားနာပါးနာနဲ့ သူငယ်ချင်းဆိုတဲ့ မျက်နှာပိစိလေးကို ငဲ့ပြီး

ဖတ်မယ်ဆိုတဲ့ ချစ်သူငယ်ချင်းတွေ အစ်ကို အစ်မတွေကို တောင်းပန်ရပြီပေါ့

အနူးအညွတ်ကိုပဲတောင်းပန်ပါရဲ့ဗျာ အခုမှ ဘလော့ခ်တင်တာဆိုတော့ သဘောထားကြီးကြီးနဲ့ပဲ

ခွင့်လွှတ်တော်မူကြပါလို့ ရှိတဲ့မျက်နာလေး ခုထိုင်ပြီးပြောရမှာပဲ (ဆဲမယ့်သူတွေက တန်းစီနေတယ်လေ ဟီး)


Fire Foxနဲ့တော့ ဒီကွန်ပြူတာမှာ အခုလို Uinicodeနဲ့ရိုက်ရင်မြင်ရတယ်

နောက်တစ်လုံးမှာတော့ ခေါင်းစဉ်ပဲမြန်မာလိုမြင်ရပြန်တယ်

အဲ အရောင်တွေကတော့ တူတူပဲ တပြေးညီတည်းပါ လိမ်မော်နဲ့ အပြာနု

အခုကော မြင်ရ မမြင်ရတော့မသိဘူးဗျာ

အဲဒီနှစ်ခုတည်းနဲ့ကို ချာလည်ရမ်းနေပြီ မနေ့က တညသာအချိန်ကုန်သွားတယ်

ဘာမှဖြစ်မလာဘူး လူကိုလည်ထွက်သွားတာပဲ အိပ်ရာပေါ်မှောက်သွားတာ နေ့လည်မှပဲ တရေးနိုးတော့တယ် ဟီးး (ကိုယ့်ဟာကိုယ် အိပ်ရေးပုပ်ရင်ပုတ်တယ်မပြောဘူး)

ဒီတော့ မြန်မာလိုမမြင်ရရင် သိသူများ မြန်မာလိုမြင်ရအောင် ဘယ်လိုလုပ်ရမလဲ

လမ်းညွှန်ပေးကြပါလို့ အဟို့ဟို့ အဲလေ (ပေါတာတွေ နည်းနည်းပါသွားတယ် ချောတကီး)


အဲလို အဲလို တောင်းပန်လိုက်ပါတယ် (နာ့ဟာနာတောင် ရှုပ်တွားတယ်)

1 comment:

~P~ said...

Heyy KING KG..a pyin ka lal htoo lite tar.. blog yay: ya mar town pyin ya lar: ha.. ! (thu myar: ko pyaw nay tar..hehe ngar lal al dar kyount blog ma yay: tar ) :D

pic . nat poems tawe top read lo. ya tal..kyan tar tawe ko top copy lote pi ma read lo. ya tal..! Ma Lin let ko may: kyi par lar: ha..thu ka po nar: lal mar pout !