tracker tracker >>>SCORPION<<<: June 2007

Tuesday, June 26, 2007

Devil ဇာတ်ဆရာ


... ...တောက်...(နာကျဉ်းချက်နဲ့ ခပ်ပြင်းပြင်းတောက်ခေါက်လိုက်သံပါ)။ ....ဟ ငလတ်ရ ဘယ့်နှယ့်ထဖြစ်ရတာတုန်း....(ငဇော်ကပြောလိုက်တာပါ)။ ....အေးလေကွာ ဟိုကောင်က သူ့အကြောင်းသူပြောတာ မင်းက ဘာထဖြစ်ရတာတုန်း....(ကျွန်တော်က၀င်ပြောလိုက်တာပါ)။ ...အလကား အဲဒီကောင် အချိန်ကျလို့ ကျောက်ထတာ ဟီး ဟီး....(ငဖြိုးကပါ ၀င်နောက်တယ်)။ (ငလတ်က) ...ငါမခံချင်လွန်းလို့ပါကွာ....။ ....ဟ ဟိုကောင် ငသူရအထိုးခံရတာ မင်းအထိုးခံရတာမှမဟုတ်တာ မခံချင်ရအောင် မင်းကသူ့ညီမကိုပိုးနေလို့လား....(ငဇော်က အချွန်နဲ့ မ တယ်)။ ဟိုငိုမဲ့မဲ့နဲ့ မနေ့ကအကြောင်းပြောနေတဲ့ ငသူရ ထိုင်နေတဲ့ ဖင်လေးတွန့်သွားတယ်။ ....ဟိုကောင်ငသူရ ဖင်ကရွစိစိနဲ့ပုရွက်စိတ်ကိုက်လို့လား ကြမ်းပိုးထိုးလို့လား...။ ငဖြိုးက .....မဟုတ်လောက်ဘူးငနိုင်ရာ သူ့အောက်မှာ ခုံညပ်နေပြီထင်တယ် ဟီး ဟီး... (အားမနာလျှာမကျိုး သူများခံရပြီဆို ပိုကြပ်ပေးတတ်တာ ကျွန်တော်တို့အလုပ်)။ ....မင်းတို့ကလည်း သူငယ်ချင်း အချင်းချင်းမစာမနာပြောရက်လိုက်တာ....။ ....အေးလေ ပြောပြလိုက်စမ်းပါ ငနိုင်ရာ... ။ ငလတ်က ကျွန်တော့်ဘက်လှည့်ပြီး အားကိုးတကြီးနဲ့ပြောလိုက်တာပါ။ ....ဒါနဲ့ ဟိုကောင် ငသူရ မနေ့က မင်းအနားမှာငါတို့မရှိတုန်း ဘာတွေဘယ်လိုဖြစ်တာလဲကွ သေသေချာချာပြောစမ်းပါဦး....။ ဟုတ်ပါတယ် မနေ့ကကျွန်တော်တို့ကျောင်း ဘောပွဲရှိတယ်လေ ကျွန်တော်တို့ကျောင်းဘောလုံးအသင်းထဲမှာ ငသူရကလွဲလို့ ကျန်တဲ့ ငလတ်၊ငဖြိုး၊ငဇော် နဲ့ ကျွန်တော်က အသင်းထဲမှာပါတယ်လေ။ ဘောပွဲက ကျွန်တော်တို့ကျောင်းကွင်းမှာကန်ကြတာပါ။ ငသူရက အသင်းထဲမပါတော့ ပွဲကြည့်ပေါ့။ ဖြစ်ချင်တော့ ကျွန်တော်တို့ကျောင်းနဲ့ကန်ရတဲ့ကျောင်းက ကောင်မလေးတစ်ယောက်ကို ငသူရကကြိုက်နေတာပါ။ ဒီတော့ မနေ့က ဒီကောင့်ရဲ့ မဟာအခွင့်အရေးကြီးပေါ့။ ဒါပေမယ့် ဒီနေ့ဒီကောင့်ကိုတွေ့တော့ မျက်ကွင်းလေးညိုလို့ပါလား။ ဘာတွေဖြစ်ခဲ့ပါလိမ့်။ ....ပြောလေ ငသူရ...။ ဟိုကောင် ငဖြိုးရဲ့အသံကြားမှ ကျွန်တော့အတွေးစ ပြတ်သွားတယ်။ ငသူရရဲ့ လေသံတိမ်တိမ်လေးထွက်လာတယ်။ ....၁စက်ကန့်၊ ၂စက်ကန့်....။ ငဇော်ကစိတ်မရှည်ဘူးထင်ပါရဲ့ ...ဟေ့ကောင် အသံကျယ်ကျယ်ပြောပါဟ....။ အဲဒီအချိန်မှာ ကျောင်းခန်းထဲ ငရဲတစ်ယောက်ဝင်လာတယ်။ ...ဘာဖြစ်နေကြတာဟ မင်းတို့ကောင်တွေ ဘာမဟုတ်တာလုပ်မလို့ လူစုနေကြတာလဲ....။ ဟုတ်တော့လည်း ဟုတ်သား မုန့်စားဆင်းချိန် ကျောင်းခန်းထဲမှာ ကျွန်တော်တို့ချည်းပဲလေ။ ...ဘာမဟုတ်ပါဘူးဟ ဟိုကောင်ငသူရ ဘာလို့မျောက်မျက်ကွင်းညိုဖြစ်နေလဲဆိုတာ မေးနေတာ ဟီး ဟီး (ငဖြိုးက ငရဲကိုပြောလိုက်တာပါ)။ ငရဲက...အဟား ဟား အဲဒီအကြောင်း နာတိဒယ် အခွီခွိ နာအနီးကပ်ကိုမြင်ခဲ့ကြားခဲ့တာ အဟီး ဟီး... ။ ပေါင်းမိကြတာလည်းမပြောနဲ့ သူများအကြောင်းပြောဖို့ဆို ငရဲကလည်း ကျွန်တော်တို့နဲ့ အကျင့်တူပဲလေ။ ...မနေ့က အဖြစ်အပျက်က ဒီလိုကွ..............


မနေ့က ဘောကွင်းထဲရောက်တဲ့အထိ ငသူရက ကျွန်တော်တို့နဲ့ ကပ်ပါလာတယ်။ ငလတ်က....ဟေ့ကောင်ငသူရ မျက်နှာက တယ်လည်း ကြက်သရေခွေးသရေလဒသရေ အကုန်ရှိနေပါလား...။ ...အဟဲရှိရမယ်လေ ဒီနေ့ကောင်မလေးကိုတွေ့ရင် စကားသွားပြောမယ် အစဉ်ပြေရင် စပါယ်ယာဘတ်အနေနဲ့ ရည်းစားစာဆောင်ထားတယ် အဟီး ဟီး...။ ပြောပြောဆိုဆို အိပ်ကပ်ထဲက ရည်းစားစာလေးထုတ်ပြတယ်။ ...သြော် လဒငနာ လက်စသတ်တော့ မင်းက ငါတို့ကိုအားမပေးပဲ ဒီအကြံနဲ့ ဘောပွဲလာကြည့်တာကိုး.... (ငဇော်မကြေမချမ်းနဲ့ပြောလိုက်တယ်)။ ...အဟဲ အဲ အဲလိုလည်းဟုတ်ပါဘူးဟ...။ ပြီးလည်းပြီးရော မြောက်ကြွမြောက်ကြွနဲ့ ခုံတန်းတွေဘက်ထွက်သွားတယ်။ ကျွန်တော်တို့လှမ်းကြည့်တော့ ဒင်းက ကောင်မလေးနားမှာ နေရာတောင်ယူထားပြီးပြီ ဘေးမှာတော့ ငရဲရှိနေတယ်လေ။ (((အဲဒီထိမင်းတို့ သိပြီးရောပေါ့ အဲဒီနောက်ပိုင်းဖြစ်တာဒီလိုကွ)))။ .....ရွှီးးးးးး..... ဒိုင်လူကြီးက အချက်ပေးတာနဲ့ ဘောပွဲကစပါပြီ။ အဲ တစ်ချိန်တည်း ငသူရလည်း ဇာတ်လမ်းစပြီပေါ့။ ကောင်မလေးနဲ့က အရင်ကတည်းက သူငယ်ချင်းကောင်မလေးတစ်ယောက်အကူညီနဲ့ မိတ်ဖွဲ့ပြီးသား ဆိုတော့ ငသူရအတွက် ဘာမှထွေထွေထူးထူးပြသနာမရှိပါဘူး။ ဒီလိုပဲ ဘောပွဲကလည်း နှစ်ဖက်အသင်း အကျိတ် အနယ်ကစားနေတယ်။ ငသူရကလည်း အကျိတ်အနယ်ပါပဲ။ မရိုးနိုင်နဲ့ စကားလုံးတွေနဲ့ စာသားအနုအရွလေးတွေရွေးပြီး ကောင်မလေးဆီကို တော်ကီတွေ မပြတ်လွှတ်နေတယ် ၂ယောက်လုံးက ဘောကွင်းထဲမှာ အာရုံမရှိကြဘူးလေ။ အဲဒီမှာ ငသူရက ပါးစပ်ကမပြောရဲလို့ထင်တယ် စပါယ်ယာပတ်စ် အိပ်ကပ်ထဲက စာခေါက်လေးထုတ်ပြီးပေးလိုက်တယ်။ ကောင်မလေးက ယူမယ်လက်အလှမ်း။ ကောင်မလေးအစ်ကိုက ဖြတ်ယူသွားပါတယ်။ ...ညီမလေး နင်ဒါဘာလုပ်နေတာလဲ...။ ...ဟို ဟိုဒင်း....။ ...တော်စမ်း....။ ကောင်မလေး ခေါင်းလေးငုံ့သွားပါတယ်။ အဲဒီအချိန်မှာ ကောင်မလေးအစ်ကိုဘေးနားက ချစ်ဖြိုး (နာမည်တွေတိုက်ဆိုင်သွားရင်ခွင့်လွှတ် ဒါက ဇာတ်လမ်းနာမည်ပါ) ဆိုတဲ့အကောင်က။ ....ဟေ့ကောင် နာချင်လို့လား ငါ့ရည်းစားကို စာပေးရအောင်....။ ငသူရ ကောင်မလေးကိုမေးလိုက်တယ်။ ...သူပြောတာ ဟုတ်လား ****....။ ကောင်မလေးက ဘာမှပြန်မပြောပဲ ခေါင်းလေးငုံ့ပြီး မျက်ရည်တွေကျလာတယ်။ အမှန်က ချစ်ဖြိုးဆိုတဲ့ အကောင်က ကောင်မလေးမိဘတွေနဲ့ သူ့မိဘတွေ ရင်းနှီးတာကို အကြောင်းပြပြီး အသားဝင်ယူနေတာပါ။ ငသူရလည်း ထိုင်ခုံမှာ မျက်နှာငယ်လေးနဲ့ ပြန်ထိုင်လိုက်တယ်။ ဒါကိုမှ ချစ်ဖြိုးဆိုတဲ့ ကောင်ကမမှတ်သေးဘူး ငသူရရဲ့ အင်္ကျီကို လှမ်းဆွဲပြီး ...ဟေ့ကောင် ငါ့ကိုပြန်တောင်းပန်စမ်း... ။ ငဖြိုးက.. ဘာလို့တောင်းပန်ရမှာလဲကွ မင်းနဲ့မှမဆိုင်တာ...။ ကောင်မလေးအစ်ကိုကလည်း ...ဟုတ်ပါတယ် ချစ်ဖြိုးရာ ဒီလောက်ဆို တော်လောက်ပါပြီ သွားရအောင်...။ ချစ်ဖြိုးက ယောက်ဖရှေ့ဆိုတော့ ပိုပြီးလူစွမ်းကောင်းလုပ်ချင်တယ်ထင်ပါရဲ့။ ....ဟေ့ကောင် တောင်းပန်မလား မတောင်းပန်ဘူးလား မတောင်းပန်ရင်....။ အဲဒီမှာတင် ကျွန်တော်တို့ ကျောင်းကအနိုင်ဂိုး တစ်ဂိုးသွင်းလိုက်ပါတယ်။ ....ဂိုးးးးးးးး....။ .....ခွပ်.....။ အသံနှစ်သံတစ်ပြိုင်တည်းပါပဲ။ ဘောလုံးဂိုးထဲဝင်သွားတာ လူတိုင်းသိလိုက်ပေမယ့် ငသူရဆိုတဲ့ကောင်လေးအထိုးခံလိုက်ရတာတော့ လူများများစားစားဂရုမပြုမိလိုက်ပါဘူးလေ။ ဟိုက လူအုပ်များတော့ ငသူရလည်း အားမတန်မာန်လျော့လိုက်ရတာပေါ့။ ချစ်ဖြိုးဆိုတဲ့ကောင်ကပြောသွားသေးတယ် ...အဟား ဟား ငါဆိုတဲ့ချစ်ဖြိုး မင်းကိုလူလည်ခေါင်မှာ ထိုင်ရှိခိုးနိုင်အောင်လုပ်နိုင်ရင် ****(ကောင်မလေးနာမည်)ကို ငါလက်လျော့ပေးမယ်....။ ကောင်မလေးအစ်ကိုက သနားတတ်တယ်ထင်ပါရဲ့ ငသူရကို ...ညီလေး ဘာဖြစ်သွားသေးလဲ တောင်းပန်ပါတယ်ကွာ... ဆိုပြီး လက်ကိုင်ပုဝါလေးတော့ ပေးသွားလေရဲ့။ ....မနေ့က အဖြစ်က အဲဒါပဲကွ....။ ငရဲရဲ့စကားအဆုံးသတ်သွားတယ်။

...သြော် ဂလိုကိုး...။ မနေ့ကအကြောင်းပြောပြီးပြီးချင်း အားလုံး အသံပြိုင်တူထွက်လာကြတယ်။ ...ဒါတော့ လုံးဝမခံသင့်ဘူး ဒီတော့ ငါတို့ ဘယ်လိုတုံ့ပြန်သင့်လဲ စဉ်းစားရမယ်...။ ကျွန်တော်က ၀င်ပြောလိုက်တာပါ။ (ငဇော်က) ကောင်မလေးအစ်ကိုက သဘောသိတ်ဆိုးပုံမပေါ်ဘူး မိဘတွေမျက်နှာကြောင့် ချစ်ဖြိုးဆိုတဲ့ကောင်ကို ဘာမှမပြောတာ ထင်တယ်....။ (ငလတ်က) အေး ဖြစ်နိုင်တယ် ကောင်မလေးကလည်း ငါတို့ကောင်ကြီး ငသူရကို ကြွေနေပုံပဲ...။ (ငဖြိုးက) ကြွေဆို ငါတို့ကောင်ကြီးက ရူပါဖြောင့်တာကိုး လောလောဆယ်တော့ မျောက်မျက်ကွင်းညိုဖြစ်နေတယ် ဟား ဟား။ ဟိုကောင်ငသူရ မြောက်ရမလို သစ်ကိုင်းပဲပြေးဆွဲရတော့မလိုဖြစ်သွားတယ်။ (ငရဲက) အခုအရေးကြီးတာ ချစ်ဖြိုးဆိုတဲ့ကောင်ကို ဘယ်လိုတိုက်ခိုက်ရမလဲ ဆိုတာပဲ....။ .....ဒီတော့....။ အားလုံး ပြိုင်တူ ခေါင်းလေးတွေ ကျွန်တော့ဘက်ကိုလှည့်လာတယ်။ လှည့်မှာပေါ့ ပေါက်ကရ ဥာဏ်နီဥာဏ်နက် ဥာဏ်ပြာဥာဏ်ဝါ ကျွန်တော့ခေါင်းက အကုန်ထွက်တယ်လေ။ Devilဇာတ်ဆရာလို့ အသိတွေခေါ်ကြတာလည်းမပြောနဲ့ ပြသနာဖြစ်ရင် ကျွန်တော်က အကွက်ကျကျဇာတ်လမ်းဆွဲပြီး ဖြေရှင်းတတ်တာကိုး။ ဒီတော့ ကျွန်တော်က ဆရာကြီးလေသံနဲ့ ....ငရဲပြောတဲ့ မနေ့ကအကြောင်းကိုပြန်သုံးသပ်ရင် မင်းလုပ်ရမှာ တစ်ခုပဲရှိတယ် ငသူရ....။ ....ဟေ လုပ်စမ်းပါဦးဟ....။ ...ဟိုအပိုးမကျိုးတဲ့ ချစ်ဖြိုးဆိုတဲ့ကောင်ပြောတဲ့အတိုင်း လူပုံလယ်မှာ သူကမင်းကို ထိုင်ရှိခိုးအောင်လုပ်ရုံပေါ့...။ ....အဟား ဟား ဟား ဟား ဟား...(ဟိုကောင် ငဖြိုးထရီတယ်)။ (ငလတ်က) ဟကောင်ရ ဟိုကောင်ချစ်ဖြိုးက ဒီငသူရကို အလကားနေရင်း အဖေရယ် ဦးလေးရယ်ဆိုပြီး သီတင်းကျွတ်မှာလို လာကန်တော့ပါ့မလားဟ...။ ...အေးလေကွာ သူရှိခိုးအောင် ဘယ်လိုလုပ်ရမှာလဲဟ... (ငဇော်နဲ့ငရဲက၀င်ပြောတယ်)။ ....အဟဲ ဟဲ နည်းလမ်းတစ်ခုတော့ ငါ့မှာရှိတယ် ငသူရလုပ်နိုင် မလုပ်နိုင်အပေါ်မူတည်တယ်....။ ငသူရက..ဘာဖြစ်ဖြစ်လုပ်မယ်ကွာ ****က ငါ့အသက်ကွ သူ့ကို သိတ်ချစ်....။ စကားတောင်မဆုံးသေးဘူး။ ....အဲ အဲလောက်ဆိုသိပြီ လုပ်မယ်ဆိုပြီးတာပဲ....။ အချစ်ဒသနကြီးဖွင့်မှာမို့ ကျွန်တော်လည်း စကားလှမ်းပိတ်လိုက်ရတယ်။ ...ကဲ ဒီတော့ ငဇော် မနက်ဖြန်ကျောင်းပိတ်ရက်ဆိုတော့ မင်းရဲ့ဗွီဒီယိုကင်မရာကို ဗိုလ်ချုပ်ဈေးဘက်ကိုယူလာခဲ့... ပြီးတော့ ငသူရ မင်းကတော့ ပိုက်ဆံ၅၀၀လောက် အကုန်ခံရမယ် ဟဲ ဟဲ.... ကျန်တဲ့လူတွေကတော့ ဗိုလ်ချုပ်ဈေးရှေ့မှာ မနက်၈နာရီဆုံမယ်....။ ချစ်ဖြိုးတို့ မိဘတွေက အဲဒီနားတစ်ဝိုက်မှာ ဆိုင်ဖွင့်ထားတယ်လေ။ ကျောင်းပိတ်ရက်ဆို ချစ်ဖြိုးက မနက်၉း၀၀နာရီလောက်လာပြီး ဆိုင်ထိုင်ပေးရတာ ကျွန်တော်ကြိုသိနေတာကိုး။ ဒီလိုနဲ့ အစီစဉ်ဆွဲပြီး လမ်းခွဲလိုက်ကြတယ်။

နောက်နေ့မှာတော့ ကျွန်တော်ရယ် ကင်မရာမန်းငဇော်ရယ် အဓိကဇာတ်ကောင်ငသူရရယ် မနက် ၈နာရီခွဲလောက်မှရောက်လာကြတယ်။ ချစ်ဖြိုးတို့ဆိုင်ကိုလှမ်းကြည့်တော့ မဖွင့်သေးပါဘူး။ ဒါဆိုဒီကောင်မလာသေးဘူးပေါ့။ အနားတစ်ဝိုက်မှာတော့ လူစည်ကားစပြုလာပါပြီ။ ကျန်တဲ့ဟိုကောင်တွေ အိပ်ရာထနောက်ကျန်ပြန်ပြီထင်ပါရဲ့။ တစ်ကောင်မှပေါ်မလာဘူး။ ကျွန်တော်က နာရီကိုတစ်ချက်ငုံ့ကြည့်ပြီး စကားစလိုက်တယ်....ကဲ ငသူရ ဟိုးလမ်းဘေးက ပို့စ်တာဆိုင်က ဘုရားပုံတစ်ပုံလောက်ပြေးဝယ်လိုက်ကွာ...။ ...ဟေ ဘာလုပ်ဖို့တုန်း...။ ...ဘာလုပ်လုပ်ကွာ အခုကိစ်စက ဘုရားကယ်မှ ပြီးမှာ အဟီး ဟီး....။ ဟိုကောင်က အပြေးအလွှားထွက်သွားတယ်။ ကျွန်တော့နှုတ်ကတော့ ....အဖြစ်ဆိုးရှာတော့မယ့် ချစ်ဖြိုးချစ်ဖြိုး မင်းတော့ ဖင်ဗူးတောင်းထောင်ပြီး ရှိခိုးဖို့သာ ပြင်ပေဦးတော့ကွာ ဟား ဟား ဟား....။ ငဇော်ကတော့ ခေါင်းကုပ်ပြီး ကျွန်တော့ကို ပြူးပြဲပြီးကြည့်နေရှာတယ်။ ..........၉း၁၅မိနစ်........ ။ ....ငနိုင် ငနိုင်...။ အားလုံးပြီးမှ ဟို၃ကောင်အပြေးအလွှားရောက်ချလာတယ်။ ...အခြေနေဘယ်လိုလဲ...။ ကျွန်တော်လည်း အားရပါးရကြီးကိုပြုံးလိုက်တာပေါ့။ ....အဟဲ ဟဲ ငနိုင်ပဲကွာ မပိုင်ရင် ခြင်တောင်မရိုက်ဘူး....။ ကျွန်တော်မပြောခင် ငသူရက ၀င်ပြောလိုက်တာပါ။ ....ဟေ.... ဟို၃ကောင် ပါးစပ်အဟောင်းသားလေးနဲ့ပေါ့။ ...ငဇော် ဒီကောင်တွေကို ရီကော့ဒ်လုပ်ထားတာပြန်ဖွင့်ပြလိုက်..... ။ ...ဟိုက် ရှား ဘား....။ တကယ်ကို ချစ်ဖြိုးက ငသူရကို ထိုင်ရှိခိုးနေတာပါ။ ကျောင်းပြန်ဖွင့်တော့ ကျွန်တော့တို့က ချစ်ဖြိုးတို့ကျောင်းမှာဖွင့်ပြမယ့် အခွေနဲ့ ကျွန်တော်တို့ ရီကော့ဒ်လုပ်ထားတဲ့အခွေ လဲထားလိုက်တယ်။ ကျောင်းသား/သူတွေကို ဆရာတွေက ဘိုင်အိုအခွေအနေနဲ့ ဖွင့်ပြတော့ ချစ်ဖြိုး ထိုင်ရှိခိုးနေတဲ့ ပုံကြီးပေါ်လာပါရောလား။ ဟိုကောင် ချစ်ဖြိုးတစ်ယောက် ကျောင်းတောင် မဆင်းသေးဘူး အိမ်ကိုလစ်ပြေးပါလေရော။

ဒီလိုနဲ့ပဲ ကျွန်တော့သူငယ်ချင်းငသူရတစ်ယောက်လည်း ကျောင်းစုံညီပွဲတော်မှာ သူ့ကောင်မလေးကိုကျွန်တော်တို့ကျောင်းကိုအလည်ခေါ်ရင်း စုံတွဲခုတ်လာပါရောလား။ ကျွန်တော်တို့ကို မုန့်ကဒ်တွေပေးပြီး ကျွေးတာ တ၀တပြဲပဲ။ ...ဒါနဲ့ ငနိုင်နဲ့ ငဇော် အဲဒီနေ့က ဖြစ်ပျက်ခဲ့တာလေး ပြန်ပြောပါဦးဟ....။ ငလတ်က မေးနေတာပါ။ ....ကဲ ပြောဆိုလည်း ပြောရတာပေါ့ကွာ....။ ငလတ်၊ငဖြိုး၊ငရဲ နဲ့ ငသူရရဲ့ကောင်မလေးတို့က မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ နားထောင်နေကြပါတော့တယ်။ ။



.....အဖြစ်မှန် အဲဒီနေ့က။ ဟိုကောင် ငသူရဘုရားပုံသွားဝယ်လာပြီး သိတ်မကြာဘူး ချစ်ဖြိုး ကားတားကားတားနဲ့ သူ့ဆိုင်ဘက်ကို ခြေဦးတည်လာတယ်။ ဒီတော့ ကျွန်တော်က ငသူရကိုခေါင်းညိမ့်အချက်ပေးလိုက်တယ်။ စောစောက သင်ပေးထားတဲ့အတိုင်း လုပ်ဆိုတဲ့သဘောပေါ့။ ငသူရလည်း ကျွန်တော့နားကထွက်သွားတယ်။ ငဇော်ကတော့ သူ့ကင်မရာလေးနဲ့စတင်ရိုက်ကူးနေပါပြီ။ ငသူရက ချစ်ဖြိုးရှေ့ရောက်ခါနီးမှာ သူ့လက်ထဲက ဘုရားပုံကို လက်ကမတော်တဆလိုနဲ့ လွှတ်ချလိုက်ပါတယ်။ အဲဒီမှာ ချစ်ဖြိုးတစ်ယောက် ဘုရားပုံကို တက်နင်းမိပါလေရော။ ငလတ်ကလည်း အကွက်ထဲဝင်တာနဲ့ အော်လိုက်တယ် ။ .....ဟာ ဘုရားပုံကို ခြေထောက်နဲ့တက်နင်းတယ်ဟ....။ ရုတ်တရက်ဆိုတော့ ဟိုကောင်ချစ်ဖြိုးလည်း ဘာလုပ်ရမှန်းမသိပဲ။ ဘုရားပုံကို ထိုင်ကန်တော့နေပါရောလား။ သူ့ရှေ့မှာ ငသူရရှိနေမှန်းတောင်မသိရှာဘူးလေ။ လူတွေကလည်း ၀ိုင်းကြည့်နေကြတော့ ရှက်ရှက်နဲ့ ဘယ်နကြိမ်မှန်းမသိ ထိုင်ကန်တော့ပြီး ထွက်သွားပါလေရော။ ............. ။ .....အဲဒါပါပဲကွာ...။ နားထောင်နေကြတဲ့သူငယ်ချင်းတွေက .......ကောင်းလှချည်လား ငနိုင်ရာ ဟား ဟား ဟား.....။ (ငသူရက) မင်းနဲ့ဆို ဘာမှမပြိုင်ရဲ့ဘူး Devil ဇာတ်ဆရာငနိုင် ရာ....ဟား ဟား......။ အားလုံး ရီသံလေးတွေ စီစီညံသွားပါတော့တယ်။








(အဖြစ်မှန်တော့မဟုတ်ပါ စိတ်ကူးယဉ် သက်သက်လေးပါ)
...






ကျေးဇူးတင်လျက်


ကျွန်တော့ရဲ့ Signature

...ကဲ Signatureကို ဒေါ်ညလေးကောင်းမှုကြောင့် တင်လို့ရသွားပါပြီ။ ဘယ်လိုနေလဲတော့မသိဘူး။ ဒေါ်ညလေးကို အထူးကျေးဇူးဗျို့ ဟီးးး။...





***************************************************
ကျေးဇူးတင်လျက်


Saturday, June 23, 2007

ကျေနပ်လျက်သာ


...အခုတလော အရှုပ်တွေ လုပ်နေတာနဲ့ ပို့စ်တင်ဖို့တောင်မအားဘူး။ ဒီတော့ ကဗျာအဟောင်းလေးတွေပဲ ပြန်တင်ပေးလိုက်ပါတယ်။...






ကျေးဇူးတင်လျက်


Wednesday, June 20, 2007

ကျွန်တော့ရဲ့ Music Player


...ကျွန်တော့်ရဲ့ Blogအောက်ဆုံးက Music Playerလေး ပြောင်းလိုက်ပါတယ်။ အရင်ကအဟောင်းကိုတော့ ကျွန်တော့ရဲ့ Zopia HomePageလေးမှာ သွားနားထောင်နိုင်ပါတယ်။ Blogရဲ့ ညာဘက်အောက်လေးမှာ ကျွန်တော့ရဲ့ Zopia Page Linkလေးကို Clickလိုက်ရုံပါပဲ။ အခုတင်ထားတဲ့ Music Playerက ကျွန်တော့ရဲ့ Friendster Pageမှာတင်ထားတဲ့ Music Playerလေးပါ။ အရင်Music Playerအဟောင်းလေးက သီချင်းတွေလည်းပါသလို မပါတာတွေလည်းရှိပါတယ်။ သီချင်းအသစ်တွေလည်းပါပါတယ်။ ရွေးပြီးတော့လည်း နားထောင်နိုင်ပါတယ်။ အခု Music Playerလေးက နားထောင်သူတွေ ပိုပြီးအစဉ်ပြေမယ်ထင်လို့ပါ။ ပြီးတော့ ဒီMusic Playerလေးထဲက သီချင်းတွေက ကျွန်တော့ရဲ့ Fav. သီချင်းလေးတွေပါပဲ။ ...

...သီချင်းတချို့တော့ ကျွန်တော့ဆီမှာ DownLoadပြီးသားလေးတွေရှိပါတယ်။ လိုချင်ရင်တော့ Mailပို့ပြီးတောင်းနိုင်ပါတယ်နော်။ ကျွန်တော်ဆီမှာရှိတဲ့သီချင်းလေးကိုတောင်းရင်တော့ ခင်မင်စွာနဲ့ပြန်ပို့ပေးနိုင်ပါတယ်။ အဲ ကျွန်တော်DownLoadပြီးသားမရှိရင်တာ့ ပြန်ပို့မပေးနိုင်တာ ခွင့်လွှတ်ပါလို့ ကြိုတင်တောင်းပန်ပါရဲ့။ ....

...သီချင်းလေးတွေကတော့ လွမ်း၊ကြမ်း၊ဆွေး၊အစုံပါပဲ။ သီချင်းလေးတွေကို Playချင်ရာ အရင်Playခိုင်းလို့ရပေမယ့် ကျွန်တော်က အစဉ်လိုက်လေးပဲPlayခိုင်းထားပါတယ်။ ကဲ ဒီတော့ ကြိုက်ရာသီချင်းလေးတွေ ရွေးပြီးနားထောင်နိုင်ပါပြီ။ သြော်...Music Playerလေးက Blogရဲ့ ဟိုးးးးအောက်ဆုံးမှာနော်။ ...







(မှတ်ချက်။ ။ အစ်ကိုတော်ဘီလူးဂျီးရဲ့ အိမ်မြှောင်ဥလည်းပါပါတယ်ဗျို့။ ရှာပြီးတော့သာ နားထောင်တော့ ဟီး ဟီး)

ကျေးဇူးတင်လျက်


အတိတ်က အချစ်ရဲ့ ရောင်စုံပိတ်ကား


...ဒီနေ့တော့ ဘာအကြောင်းကို ပုံကြီးချဲ့ အဲလေ ရေးသားပြီးပို့စ်တင်ရမှန်းမသိလို့။ ကဗျာအဟောင်းလေးပဲတင်ပေးလိုက်တယ်။ ဟီးးး...။ စိတ်ကူးရတဲ့အခါ မောင်ကင်းရဲ့အကျင့်အတိုင်း ပေါက်ကရလေးတွေ ဒိုင်ယာရီရေးသလို လာရေးပါ့မယ် ဟဲ ဟဲ။ ...





ကျေးဇူးတင်လျက်


Tuesday, June 19, 2007

ကျွန်တော်နဲ့ ဘလော့ဂ်


...ဘလော့ဂ်ကို ပြင်မယ် ပြင်မယ်နဲ့ အပျင်းထူပြီး မပြင်ဖြစ်တာကြာပြီ။ တကယ့် တကယ်လည်း ပြင်ရော မလုပ်တတ်တာတွေ Codesတွေ မသိတာတွေများနေတယ်။ သူများတွေလို Postတွေအောက်မှာ Signatureထည့်ချင်တယ်။ ပြီးတော့ Postအောက်က မျဉ်းကြောင်းနေရာကို ဟိုပြေးဒီပြေး မီးရောင်လေးတွေထည့်ချင်တယ်။ ဘာမှမလုပ်တတ်ဘူး။ ...

...အဲ မနေ့ကတော့ အားနေတာနဲ့ လျောက်ကြည့်ရင်း ဓါတ်လိုက်တဲ့ပုံလေးတွေ မိုးကြိုးပစ်တာလေးတွေ တွေ့တာနဲ့ သွားခိုးလာတယ်။ (အဟီ ရှူးးတိုးတိုး လျောက်မပြောနဲ့နော်)။ အမှန်က တခြားsiteကပါ။ သူပေးတဲ့ Codesတွေကို ဖြတ်တောက်ပြီး ကိုယ်ပိုင်လိုလို ပြန်ပြီးကလိလိုက်တာ ဟီး ဟီး။ ပြီးလည်းပြီးရော ဘလော့ဂ်ရဲ့ ရသမျှနေရာလေးတွေမှာ လျှောက်ထည့်လိုက်တယ်။ ဒီလောက်ပဲ တတ်တော့တယ်ဗျို့။ ဘလော့ဂ်နဲ့ နပန်းလုံးကောင်းနေတာနေတာ အဲဒီမှာတင် အချိန်က ၂နာရီလောက် ကုန်သွားရော။ နာရီကိုကြည့်တော့ မနက် ၃နာရီဖြစ်နေပြီ။...

...ဒေါ်ညလေးရဲ့ ဘလော့ဂ်လိုမျိုး ဘေးနားမှာ စုံနေအောင်တော့ ထည့်ချင်သားလား။ ဒါပေမယ့် siteတွေမသိဘူး။ အခုတော့လည်း ပြီးသွားတာပါပဲ။ ရှင်းတော့ရှင်းနေတာပေါ့။ ပြီးတော့ Music Boxလေးကို ဟိုးးးအောက်ဆုံးမှာ ထားလိုက်တယ်နော်။ သီချင်းတွေကတော့ ဒီသီချင်းတွေပါပ။ဲ PlayListကသီချင်းတွေကို နေရာနည်းနည်းလေးပြောင်းလိုက်တာပါ။ ...

...လာလည်တဲ့လူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ ၂နာရီလောက် ကြည့်ရင်းကြည့်ရင်းနဲ့ မျက်စိတွေကော ခေါင်းတွေကော လည်ထွက်ပြီး မူးနေတာပဲ ဟား ဟား။ ဒီတော့လည်း Postတွေအောက်က မျဉ်းနေရာမှာ ဟိုပြေးဒီပြေးလေးတွေ နဲ့ ဒေါ်ညလေးလို ဘေးမှာစုံနေအောင်မထားမိတာ မှန်သွားသလိုလို.. မဟုတ်ရင် ကျွန်တော့ဘလော့ဂ်ကို လာလည်တဲ့သူတွေ မူးပြီး ငုပ်တုတ်မေ့နေဦးမယ်။ ဒီတော့လည်း ဒီအတိုင်းပဲ ထားတော့မယ်လို့ဆိုပြီး အပြီးသတ်လိုက်တယ်။ အဲ ဒါပေမယ့် Signatureတော့ ထည့်ချင်သေးတယ်။ ဘယ်သူ့ကို အပူကပ်ရမှန်းမသိဘူး။ ဟီးးး....

ကဲ ကျွန်တော့ ဘလော့ဂ်လေး ကြည့်ရတာဘယ်လိုနေလည်း ပြောပြကြပါဦးနော်။ မျက်စိနောက်တယ်ဆိုရင်တော့ ပြန်ဖျက်ပေးပါ့မယ်။ မကောင်းရင်လည်း ကြိုတင်တောင်းပန်ပါရဲ့။...







ကျေးဇူးတင်လျက်


ပန်းလေးတွေလို ကိုယ့်အချစ်


...ဒီကဗျာလေးက ရေးထားတာကြာပါပြီ။ ကဗျာအသစ် သိတ်မရေးဖြစ်တော့လည်း အဟောင်းလေးတွေပဲ ပြန်တင်ပေးပါရစေနော်။ ကျေနပ်ကြမယ်ထင်ပါတယ်......




ကျေးဇူးတင်လျက်


Monday, June 18, 2007

ကျွန်တော်နှင့် Shopping Girls



...ကျွန်တော်ရဲ့တနေ့တာ Shopping...


ယနေ့ကား SATURDAY
ပျင်းပျင်းရှိလို့ Shoppingထွက်သည်
နေမင်းကြီးက လင်းလွန်းလှ၏။ ။

Shopping Mallတွင် လူပေါင်းစုံလင်
လမ်းလျှောက်ရင်း ငေးမိသည်
မိန်းမပျိုတွေ များလွန်းလှသည်တည့်။ ။

ဘယ်ဘက်နားက မိန်းမပျို
ကပိုကရိုဖြင့် အီကြာကွေးလို လမ်းလျှောက်သည်။
ညာဘက်နားက မိန်းမပျိုကား
ဂျင်းဘောင်းဘီကြပ် လူကပြားချပ်ချပ်နှင့်
အလွန်းကြည့်ရဆိုးပေတည်းး။ ။

အနောက်ဘက်က မိန်းမပျိုက
အင်္ကျီလည်ဟိုက် ဒေါက်ဖိနပ် တခွပ်ခွပ်ဖြင့် လမ်းလျှောက်သည်။
အရှေ့ဘက်က မိန်းမပျိုကား
အနက်ဝမ်းဆက် ပုတက်တက် မီနီစကပ် တထွာဖြတ်နှင့် အင်္ကျီခါးတို ဗိုက်ဖေါ်ဝတ်သည်
မြင်သူအောင်မလေး တ မိပြီတည့်။

တောင်၊မြောက်၊ရှေ့၊နောက်
ရေမွှေးနံ့ကြောင့် အသက်ရှူကြပ်လှပါတကား
Shoppingထွက်ရင်း သက်ပြင်းတဟင်းဟင်းဖြင့်
တနေ့တာ SATURDAYကား ဒီလိုပဲ ကုန်ဆုံးခဲ့သည်
(နောက်တစ်ခါဆို နေကာမျက်မှန် အရောင် နက်နက်တပ်ခဲ့တော့မည်)...








ဒါလေးရေးထားတာ ကြာခဲ့ပါပြီ။ Shoppingက အပြန် စိတ်ကူးရတာနဲ့ဟာသအဖြစ်လေးလို ရေးဖြစ်ခဲ့တာပါ။

ကျေးဇူးတင်လျက်


Sunday, June 17, 2007

အသဲကွဲ ကောင်းကင်



...အသဲကွဲ ကောင်းကင်...

နေရောင်မရှိတဲ့ ဒီညနေ
ဖြတ်တိုက်လာတဲ့ အေးမြလေ
ကန်ဘောင်ပေါ်က ကျွန်တော့်ကို
လှောင်ပြောင်လို့ ကျီစယ်နေလေသလား။ ။

မိုးရေက တစ်စက် တစ်စက်
ကောင်းကင်အောက်မှာ ထိုင်နေလျက်
ခေါင်းမော့ထားတဲ့ ကျွန်တော့်ကို
သနားလို့ပဲလား တိမ်တွေလည်း ငိုချလိုက်လေရဲ့။ ။

တိမ်ဆိုင်တွေမှောင်မည်း
မိုးရေထဲမှာ မျက်ရည်သဲလည်း
အသဲကွဲသမားလေး ကျွန်တော့်ကို
ဘယ်သူမှ ဂရုမပြုမိကြပါဘူးလေ။ ။

မိုးတွေက သည်းသည်းမည်း
ရှိုက်ငိုနေလျက် မျက်ရည်မစဲ
အဆွေးသမားလေး ကျွန်တော့်ကို
သရုပ်ဖော်ပြနေလေသလား
ကောင်းကင်မှာ အက်ကွဲကြောင်းတွေ အရောင်လက်လို့
တ ဒုန်းးး ဒုန်းးး နဲ့ မိုးတွေ ချိန်းနေလေရဲ့။ ။

သြော် ကောင်းကင်ကြီးလည်း အသဲကွဲနေတာကိုး......








ကဗျာအသစ်လေးပါ။ ဘယ်လိုနေလဲ အကြံပေးပါဦးနော်။


ကျေးဇူးတင်လျက်


မိုးစက်တွေကြားက ငယ်ဘဝ


...ဒီပို့စ်လေးကို ဒေါ်ညလေးက ဘေးထိုင်ဘုတော စီဘောက်ထဲမှာ ခြိမ်းခြောက် အဲလေ လာရေးခိုင်းတာနဲ့ စာရေးပျင်းတဲ့ ကျွန်တော်လည်း အားနာပါးနာ နဲ့ (အားနာတာထားတော့ ပါးနာတာတော့ ဒေါ်ညလေး မကျေနပ်ရင် ရိုက်မှာကြောက်လို့ ဟီး ဟီး) မိုးရာသီအကြောင်းရေးရပြန်ပြီပေါ့။....
**************************************************************************

ကျွန်တော်က ယောက်ျားလေးဆိုတော့ မိုးရွာရင်တော့ အသေပျော်တယ်။ ပြီးတော့ မြန်မာပြည်မှာ မိုးရာသီရောက်ပြီဆိုရင် ကျောင်းတွေက ပြန်ဖွင့်ပြီလေ။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့မှာကိုး။ ပြီးတော့ မိုးရွာရင် ညနေပိုင်းရွာပါစေလို့ အမြဲဆုတောင်းတယ်။ ဘာလို့လဲဆိုတော့ ညနေပိုင်း ကျူရှင်လွှတ်လို့ မိုးရွာရင် သူငယ်ချင်းတွေနဲ့ ဘောလုံးကန် မကန်ရင် စက်ဘီးကို တစ်မြို့လုံးပတ်စီး.. ပျော်စရာကြီးပါ။ ဒီကြားထဲ ကွက်ကြားမိုးနဲ့တိုးရင် ဖျားသေးတယ်... ဟိုဘက်မှာ ရေတွေစိုပြီး ဒီဘက်လည်းရောက်ရော နေကပူနေတော့ အပူရှပ်ပြီး ဖျားကုန်တာပေါ့။ ဟီး ဟီး ဒါလည်းမမှတ်ကြပါဘူး နေကောင်းတာနဲ့ ညနေပိုင်းမိုးရွာရင် မိုးရေထဲ ပြန်ရောက်ကုန်တာပါပဲ။ ငယ်ငယ်ကဆိုတော့ ကမြင်းကြောထဖို့ပဲ စိတ်ထဲရှိတာကိုး။ မိုးရွာရင် ထွက်လာတဲ့ မြေသင်းနံ့လေးကိုတော့ အခုထိမြတ်နိုးတုန်းပါပဲ။

မိုးရာသီရောက်ပြီဆိုတော့လည်း အစားအစာတွေ တယ်ပေါ။ အများဆုံးက ဖား၊ ငါး၊ အသီးအနှံတွေ။ မိုးရာသီမှာ ပေါ်တဲ့ တစ်ချို့ အသီးအရွက်တွေ ကျွန်တော့်ရဲ့ အနှစ်သက်ဆုံးထဲမှာပါ ပါတယ်။ အဘွားက အရိုးတံနဲ့အရွက်တစ်မျိုးကို ချဉ်စပ်ကြော်ပေးတာလေးရှိတယ်။ ခေါ်တာတော့ ဇရစ်ကြော်ဆိုလားပဲ။ (အခုတော့ မစားရတာကြာပြီ ဒီမှာ အဲဒီ အရွက်လုံးဝကို မရှိတာ)။ ပြီးတော့ ဖါးကို ကင်ပွန်းချဉ်ရွတ်နဲ့ အစပ်ချက်ပေးသေးတယ်။ (ရှလွတ် ပြောရင်း သရေကျလာဘီ ဟီးးး)။ နောက်တစ်ခုက ဂဏန်း သေးသေးလေးတွေပါ။ တချို့လူတွေက မစားဘူး။ ငရဲကြီးမှာ ကြောက်လို့တဲ့ ။ အစကတော့ ကျွန်တော်လည်း မစားပါဘူး နောက်တော့ အရသာတွေ့ပြီး အ၀တီးတာပါပဲ ဟီး ဟီး။ ငရဲကြီးတာ မကြီးတာတော့ မသိဘူး ငယ်ငယ်က အစားဆိုရင် အတော်သောင်းကျန်းသားလား။ ညီမလေးတွေကတော့ မစားပါဘူး။ အဲ ဒါပေမယ့် ဂဏန်းသည်လာပြီဆိုရင် ဂဏန်းအရှင်လေးတွေတောင်းပြီး မွေးထားတတ်ကြပါတယ်။ အဲဒီဂဏန်းကို အိမ်ဘေးက သဲပြင်နေရာရေကွက်နားလေးမှာ အရုပ်အိမ်တွေဘာတွေနဲ့ အိမ်ဆောက်ပေးသေးတယ်ဆိုပဲ။ (မိန်းခလေးတွေများ ပေါက်ပေါက်ရှာရှာနော်)။ နောက်ပြီးတော့ ရေတွင်းငါးလို့ခေါ်တဲ့ ငါးရံ့ပေါက် သေးသေးလေးတွေ အစပ်ချက် အချိုကြော် ဘယ်သူဘာပြောပြော ကျွန်တော်ကတော့ စားတာပဲ ဟီး။ (အောင်မလေး စားချင်လာဘီ အဲဒါ ဒေါ်ညလေးကြောင့်ပေါ့ ငါ ဟင်းအကြောင်းတွေ မေ့ထားတာကြာပြီ ဟမ်း ဟမ်းနော်)။ နောက်တစ်ခုက မုန့်တီ နေ့လည် ဒါမှမဟုတ် ညနေပိုင်း မိုးရွာပြီးရင် မုန့်တီသောက်တာ အကျင့်တစ်ခုလိုဖြစ်နေပြီ။ အိမ်နဲ့ မုန့်တီဆိုင်က သိတ်မှမဝေးပဲလေ။

မိုးရာသီဆိုတော့ ကောင်မလေးတွေ ကျောင်းလာရင် ထီးလှလှလေးတွေနဲ့ သူပြိုင် ကိုယ်ပြိုင်ပေါ့။ ယောက်ျားလေးတွေကလည်း သူပြိုင်ကိုယ်ပြိုင်ပါပဲ ငမ်းကြတာ။ (အဟီ အဲဒီထဲမှာ ငါရော ငါ့တယ်ရင်းတွေကောပါဒယ်)။ အဟဲ ယောက်ျားလေးတွေကလည်း မိုးကာ အင်္ကျီ ဒီဇိုင်းလှလှ အရောင်တောက်တောက်တွေနဲ့ လန်ပြန်နေတာပဲ။ စက်ဘီးစီးရင်တော့ အန်ဒရာယ်များသားလား။ ထီးကတစ်ဖက် စက်ဘီးကတစ်ဖက်ဆိုတော့။ ကားကျိတ်လို့ လုံးရာတစ်ခြား ပြားသွားမှလည်း စိုးရသေး။ ကျောင်းပြန်လွှတ်လို့ မိုးရွာရင်တော့ ရွာစမ်းပါစေ လွယ်အိပ်ကိုပဲ ထီးဆောင်းပေးထားတယ်။ အိမ်ရောက်တော့ မိုးရေ စိုရွဲလို့။ အမေကတော့ ဆူတာပေါ့။

အစ်ကိုဝမ်းကွဲတစ်ယောက်ပြောဖူးတာလေးရှိတယ်။ အသဲကွဲလွယ်သူတွေဟာ မိုးရေထဲလမ်းလျှောက်ရတာ နှစ်သက်ကြတယ်တဲ့။ ဘာလို့လဲဆိုတော့ ငိုတဲ့အခါ မိုးရေနဲ့ မျက်ရည်ရောသွားတာရယ် ပူနေတဲ့ရင်လည်း အေးမြသွားတာရယ် ကြောင့်ပါတဲ့။ အဲဒီတုန်းကတော့ ဘာမှန်းနားမလည်ဘူး။ အသဲကွဲတယ်ဆိုတာ ဘာမှန်းမှမသိတာ။ သေချာတာတော့ မိုးရွာရင် ကျွန်တော်ပျော်တယ်။ မိုးရွာထဲ နှုတ်ခမ်းတွေပြာတဲ့အထိ စက်ဘီးနင်းဖူးတယ်။ ပြီးတော့ တွေ့တဲ့ဆိုင်မှာ ဆန်ပြုတ်ပူပူလေးဝင်သောက်ရတာကို နှစ်သက်တယ်။ မိုးရွာထဲ ရွှံ့လူးပြီး ဘောလုံးကန်ရတာလည်း တမျိုးနှစ်သက်ပြန်တယ်။ မိုးရေထဲမှာ အသံဝင်တဲ့အထိ အော်ပြီး ဘောလုံးကန်ကြတာလေ။ နောက်နေ့ရောက်လို့ ဆရာက စာမေးရင် အသံမထွက်တော့ဘူး ဟီး ဟီး။

မိုးရွာတဲ့ညဆိုရင် အိပ်လို့အကောင်းသားလား။ မိုးသည်းလေ ကျွန်တော်ပိုပြီး အိပ်ကောင်းလေပါပဲ။ တချို့ကတော့ ညဘက်မိုးသည်းရင် ကြောက်တတ်ကြသတဲ့။ ဘာကြောင့်လဲတော့ ကျွန်တော်နားမလည်ပါဘူး။ ညဘက်ဆို ဖားအော်သံ အုံးအွမ် အုံးအွမ် နဲ့ နားထောင် ကောင်းသားလား။ မိုးသည်းသည်းရွာပြီဆို ကျောင်းကအရင်ဆုံး ရေတက်တယ်။ ချောင်းကခွဲထွက်တဲ့ ရိုးက ကျောင်းနောက်တင်လေ။ ကျောင်းလည်းပိတ် ရေကလည်း ကြီး ကျောင်းနောက်က ဘောကွင်းဆို ရေ ဒူးခေါင်းလောက်ရောက်တာ အနည်းဆုံးပဲ။ မျှော့တွေကတော့ အများသားလား။ အဟီး ဟီး ကျွတ်သာကျွန်တော်မကြောက်တာ မျှော့တော့ အသေကြောက်။ ရေကူးချင်ရင်တော့ အိမ်နဲ့ ၁မိုင်ကျော်ကျော်လောက်ဝေးတဲ့ ဆည်မြောင်းသွားကူးရတယ်။ အသက်၁၄လောက်ရောက်တော့ (လွန်ခဲ့တဲ့ ၃နှစ်လောက်ပေါ့) မိုးဖွဲဖွဲလေးကျပြီဆို ညနေပိုင်း ကျူရှင်ပြီးရင် သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် စက်ဘီးတွေနဲ့ ထွက်ပြန်တယ်။ တချို့ကောင်တွေက သူတို့ကောင်မလေးတွေ အိမ်ရှေ့ကို ယောင်၆၀ သွားလုပ်ကြတယ်လေ။ မိုးကာအရောင်တောက်တောက်လေးတွေနဲ့ အဖွဲ့လိုက် ဆူညံကျဲနေတော့ ကောင်မလေးတွေလည်း ပိုသတိထားမိမှာပေါ့။ ပြီးတော့ တခြားကျူရှင်တွေဘက် လျှောက်ပတ်စီးကြပါသေးတယ်။ အဲဒီအချိန်ဆိုရင် အကုန်မေ့ အိမ်စာတွေလည်းမေ့ အမေခိုင်းတာလည်းမေ့ တမေ့တမောကို ကဲကြတာ ဟီး ဟီး။
**********************************************************************

ပြန်တွေးရင်း သတိရလာပြီ။ ဒီလောက်နဲ့ပဲ ရပ်တော့မယ် တော်လောက်ပါပြီ။ ကျွန်တော့ရဲ့ မိုးရာသီအကြောင်းရေးရင် ပြီးမှာမဟုတ်တော့ဘူး။ (ကျွန်တော့ကိုရေးခိုင်းတဲ့ ဒေါ်ညလေးတော့ ကျေနပ်လောက်ပါရဲ့)။ ...





အပျင်းပြေကြမယ်ဆိုရင်ပဲ

ကျေးဇူးတင်လျက်


Friday, June 15, 2007

မင်းမုန်းမှာ ကြောက်လို့


...အမှတ်မထင် ရေးဖြစ်ခဲ့တဲ့ ကဗျာလိုလို စာလိုလို တိုတိုလေးပါပဲ ဟီဟိ...



ကျေးဇူးတင်လျက်



အချစ်တစ်ပွဲ နှပ်တွဲလွဲည


.. .သြော် လောကလောက ပြောမရဆိုမရ မောလို့မှမနား ဒီလူ့ဘ၀ကြားမှာ လှုပ်ရှားရုန်းကန် ..... ဂလုံ ဂလွမ်.... ငကင်းတစ်ယောက် စာသံပေသံနဲ့ လေဖောမယ်မကြံသေးဘူး အနောက်ဖေးက အိုးသံခွက်သံက နားထဲဝင်လာတယ်။ ထကြည့်လိုက်တော့ ဘေးအိမ်ကကြောင်ပါလား။ သြော်.. ကြောင်တောင်မှ ငါ့လေသံမခံနိုင်ရှာပါလားလို့ တဖက်တလမ်းကတွေးပြီး ပီတိဖြစ်နေသေးတယ်။ .....ဟေ့ကောင် ငကင်းရေ ငကင်း.....။ ဟော မျှော်နေတုန်း ရောက်ချလာပါပြီ ယောက်ဖလောင်းလျာလေး။....ဟေ ဘာတုန်းဟ ဖိုးခွက်ရ....။ ဖိုးခွက်တဲ့ နာမည်နဲ့လိုက်အောင် ခွက်ပုန်းချတဲ့ကောင်။ တခါတလေ ကျွန်တော်လည်း သူနဲ့ထရည်တော့ တူတူသောက်ဖြစ်ပါတယ် အဟဲ။ ပြောရရင်တော့ သူက သူကြီးသားလေ သူ့ညီမကို ကျွန်တော်ကပိုးနေတာ ဟီဟိ။ အခုနေညိုပြီဆိုတော့ တရည်သောက်ဖို့ လာခေါ်တာထင်ပါ့။ ....ဖိုးခွက် ဒီနေ့ ဘယ်တောမှာ ချမလဲ....။ ဖိုးခွက်က ....ကိုခေါင်းကြီးတောပဲလေ... ။သောက်နေကျဆိုင်ပါပဲ။ ဒီလိုနဲ့ နှစ်ယောက်သား ကားယားကားယားနဲ့ ထန်းတောဘက် ဦးတည်ပြီးအိမ်က ထွက်လာတယ်။ ညနေပိုင်းဆိုတာ့ ထန်းတောက လူစည်သားလား။ ထန်းတောပိုင်ရှင် ကိုခေါင်းကြီးရဲ့ တဲနားက မန်ကျည်းပင်အောက်မှာ ၂ယောက်သား နေရာယူလိုက်ကြတယ်။ ....ကိုခေါင်းကြီးရေ လောလောဆယ် ထန်းရည်၂မြူနဲ့ ကြွက်ကြော် ချဗျာ...။ ဖိုးခွက်တို့ ဒါမျိုးဆို ထိပ်ဆုံးကပဲ အရင်မှာလိုက်တယ်။ လာချပေးတဲ့ ကိုခေါင်းကြီးက..... ဟေ့ကောင်တွေ အကြွေးမရဘူးနော်... ။ အဟီ အကြောင်းသိတွေဆိုတော့ အရင်ဆုံးကြိုပြောထားလေရဲ့။ ဟိုကောင်ဖိုးခွက် ကြွက်ကြော်ပန်းကန်ဆီ လှမ်းနေတဲ့လက် နောက်ပြန်တွန့်သွားတယ်။ ...ကိုခေါင်းကြီးကလည်း ဒီရုပ်တွေက အကြွေးစားမယ့်ရုပ်လားဗျ......။ .....အေး ပြီးတာပဲ ငါကကြိုပြောထားတာ......။ ကိုခေါင်းကြီးထွက်သွားမှ။ .....မသကာ အလကားသောက်ရုံပေါ့ ဟီး ဟီး.....။ ဟိုကောင် ဖိုးခွက် သောက်သမျှပြန်ထွေးထုပ်ရမလို မျိုချရတော့မလိုနဲ့ မျက်လုံးကြီးပြူးပြီး ကျွန်တော့ကို ကြည့်နေတယ်။ ပြီးတော့မှ ...ဂလု..... မျိုချလိုက်တာပါ မျက်စိကိုစုံမှိတ်လို့။

နေလည်းဝင်တော့မယ် ကျွန်တော်တို့လည်း ရေချိန်ကိုက်နေပြီ ထရည်၅မြူက ဘယ်လိုကုန်သွားတယ်မသိဘူး။ ၂ယောက်သား မက်တပ်ရပ်လိုက်တယ်။ လူကယိုင်သွားပေမယ့် ဟန်ချက်ကမပျက်သေးဘူး။ ဟိုကောင် ဖိုးခွက်က ရှေ့ကိုတစ်လှမ်းတိုးလိုက် နောက်ကို တစ်လှမ်းဆုပ်လိုက် လိုပ်နေတယ်။ ....ဟေ့ကောင် ဖိုးခွက် ဘာလုပ်နေတာလဲ.....။ ...ဟေ ငါလား ငါစည်းချက်နင်းနေတာလေ မူးပေမယ့် ထရည်ဖိုးမပေးနိုင်ရင် ပြေးနိုင်အောင်လို့ ဟဲ ဟဲ...အေ့.....။ ....သြော် ဂလိုလား ဒါဆိုငါလည်း စည်းချက် နင်းး အဲ မနင်းခင် စည်းအရင်လျော့ရမယ် ဟီး ဟီး....။ .....နေစမ်းပါဦးကွာ ဒီနေရာက ပြောင်သလင်းကြီးဟ ဟိုဘက်ကျမှ လျော့ ...ဂေ့.....။ ၂ယောက်သား စည်းချက် နင်းရင်းနင်းရင်းနဲ့ လမ်းဘေးမှာ ထရည်ထိုင်သောက်နေတဲ့ ၂ကောင်ကို နင်းမိပါရောလား။ ......အား လား လားလား လား....။ ဖိုးခွက်က.... အာ မအားဘူး အားလားမေးတာ အနားကပ်အော်ရလား နားရင်းပြေးအုပ်လိုက်ရ....။ သူကလည်း တက်နင်းသေးတယ် သွားဟောက်နေတယ်။ ....ဟေ့ကောင် ငကင်းနဲ့ ဖိုးခွက် ရန်စတာလား....။ ...ဟမ် ဖိုးခွက် ဒီကောင်က ဘယ်ကကောင်လဲ ဒီကောင့်မျက်ခွက်ကြီး ငါမြင်ဖူးသလိုပဲ.....။ မြင်ဖူးမှာပေါ့ အိမ်ချင်းကပ်လျက်ကိုး ဟီး ဟီး။ .....အာ ဒီကောင်တွေ ကြာဒယ် ချကွ..... ။ ရုန်းရင်းဆန်ခတ်နဲ့ ထချကုန်ပါတယ် ။ ဖုန်တွေတလုံးလုံးနဲ့။ ကိုခေါင်းကြီး အပြေးအလွှားရောက်ချလာတယ်။ ....ဟေ့ကောင်တွေ စိတ်ကိုလျော့ကြပါကွာ လျော့ကြပါ.....။ ငကင်းက...လျော့ရမယ် ဟုတ်လား အဟဲ ဟဲ လျော့မှာပေါ့ ကျွန်တော်က အစဂတည်းက လျော့ချင်နေတာ.. ဒါဆို ဟိုးဘက်မှာ သွားလျော့လိုက်မယ် ခဏစောင့်ဗျာ....။ ယိုင်တိုင်ယိုင်တိုင်နဲ့ ရန်ဖြစ်တဲ့ကောင်တွေရဲ့ ထရည်အိုးတွေနားရောက်သွားတယ်။ ကိုခေါင်းကြီးကတော့ ဖိုးခွက်နဲ့ ကျန်၂ယောက်ကို ဖျောင်းဖျနေလေရဲ့။ ငကင်းပြန်ရောက်လာတယ်။ ....ကဲ ဖိုးခွက် နာလည်း လျော့ပီးဘီ လစ်ကြမယ်လေ...ဂေ့....။ ....အေး ဒိုးကြတာပေါ့...။ ကိုခေါင်းကြီးက...သွား သွား.. အဲ နေဦး မင်းတို့ ထရည်ဖိုးမရှင်းရသေးဘူးမလား....။ .....ဟ ကိုခေါင်းကြီး ကြီးနေတဲ့ခေါင်းကွဲချင်လို့လား ခုနတင် ခင်များသားကို ပေးလိုက်တာလေ...။ ...ဟေ ဟုတ်လား အေး အေး တောင်းပန်ပါတယ်ကွာ....။ ကိုခေါင်းကြီးလည်း ယောင်တောင်တောင်နဲ့ ခေါင်းကုပ်ပြီး သူ့တဲကို ပြန်သွားတယ်။ ရန်ဖြစ်တဲ့ ၂ယောက်က သူတို့ဝိုင်းကို ပြန်ထိုင်ပြီး ထရည်သောက်မယ်အလုပ်။ ....ဟိုက်ရှားဘား နေပြင်းလို့ထင်တယ် နာတို့ ထရည်အိုးက အငွေ့တောင်ထွက်နေပါလားဟ...။ ပြောပြောဆိုဆို တဂုဂုနဲ့ သောက်နေကြတယ်။ ...အား ပါး နေပြင်ရုံတင်မဟုတ်ဘူး ထရည်ကလည်း တယ်ပြင်းပါလား ဟား ဟား....။ ဖိုးခွက်က လှည့်မေးတယ်။.... ဒါနဲ့ မင်းစောစောက လျော့မယ်ဆိုပြီး ဟိုကောင်တွေ ထရည်အိုးနားထွက်သွားတာ ဘာလုပ်တာလဲ.....။ ...ဟ ဘာလုပ်ရမလဲ သွားလျော့တာပေါ့ ကိုခေါင်းကြီးက လျော့ဆိုတာနဲ့ တွေ့တဲ့ထရည်အိုးထဲ ငါလည်း လျော့ချလိုက်တာ အိုးအပြည့်ပဲဟေ့....။ ....ဘာတွေလျော့ချလိုက်တာလဲဟ....။ ...ဂေ့ ..မင်းကလည်း တုံးပြန်ပြီ လျော့ပါတယ်ဆိုမှ သေးပေါက်တာပေါ့... အဟား ဟား ဟား ဟား။ ၂ယောက်သား ပြိုင်တူရီပြီး ရွာထဲပြန်ဝင်လာတယ်။

ဖိုးခွက်ကလမ်းမှာ.... ဒီနေ့ ငါ့ညီမက မင်းနဲ့တွေ့ဖို့ချိန်းခိုင်းတာ မင်းက ထရည်လိုက်တိုက်တယ် ဖိုးခွက်တို့ ကံကောင်းတယ်ဟေ့....။ ....အေးပေါ့ ငါလည်း ယောက်ဖ ဖ ဟမ် ဘာ ဘာ ဘာပြောလိုက်တယ်....။ ....မင်းကို ငါ့ညီမက ငါ့အဖေသူကြီးရဲ့ နှမ်းဂိုထောင်ထဲမှာ ဒီည ၇နာရီစောင့်နေမယ်တဲ့... ဘာဖြစ်လို့လဲဟ....။ ငကင်း အမူးတစ်ဝက်လောက်ပြေသွားတယ်။ ....ဟေ အဲဒါများ စောစောကပြောပါလား အခု ဘယ်အချိန်ရှိနေပြီလဲ....။ ...၇နာရီထိုးတော့မယ်လေ. ဟုတ်သားပဲ မင်းမသွားသေးဘူးလား ငကင်း....။ ဟမ် မသာကောင် အခုမှပြောရလား (စိတ်ထဲက ကျိန်ဆဲလိုက်တယ်)။ ...အေး ဒါဆိုနာတွားဘီ မင်းလည်း အိမ်ပြန်တော့ ယောက်ဖ ဟီး ဟီး....။ ဟိုကောင်လည်း သိုင်းကွက်နင်းပြီး အိမ်ပြန်သွားတယ်။ ကျွန်တော်လည်း သိုင်းကွက်နင်းပြီး သူကြီးရဲ့ နှမ်းဂိုထောင်ဘက်ထွက်လာတယ်။ ရောက်တာနဲ့ စောင့်မနေဘူး တန်းဝင်လိုက်တယ်။ ...ဟပ် ချိုးးးးးးးး.....။ ....ဟ နှမ်းဂိုထောင်က ငြုပ်နံ့ထွက်နေပါလား.....။ အမှန်က မူးမူးရူးရူးနဲ့ ၀င်ချတာ ငြုပ်ဂိုထောင်ကြီးပါ။ .....ဟပ်ချိုးးးးးးးးး.....။ ဒီလိုနဲ့ ညည့်နက်လို့ မျက်လုံးတွေနီပြီး နှပ်တွေတရွဲရွဲထွက်လာတယ် ငကင်းတစ်ယောက်စောင့်လို့ကောင်းတုန်း။

ဟော နေတောင်ထွက်လာပြီ ငကင်းတစ်ယောက် အမူးပြေလို့ ဘေးကိုကြည့်တော့မှ လား လား ငြုပ်သီးတွေ ငြုပ်အိတ်တွေမနည်းပါလား။ ....ဟမ် ဒါ ဒါဆို....။ ဒါနဲ့ နှမ်းဂိုထောင်ဘက် သုတ်ခြေတင်လိုက်တယ်။ ကြမ်းပြင်မှာ ရေးထားတဲ့စာကိုတွေ့လေရဲ့။ ။။။။ ကင်းတွေကို အသေသတ်ချင်တယ်။။။။။ .....ဂလု......။တံတွေးမျိုချလိုက်တာပါ။ ပါးစပ်ကတော့ ......သြော် ရက်စက်ပါ့ အချစ်ရယ်.....။ ဒီလိုနဲ့ သိတ်မကြာပါဘူး သူကြီးက သူ့သမီးကို မြို့ကကောင်နဲ့ပေးစားလိုက်ပါရောလား။ ငကင်းတစ်ယောက်တော့ ထန်းတောထဲလည်းမှောက်လျက်။ လယ်ကွင်းထဲလည်း ပက်လက်။ နောက်တော့ လူမသိအောင် ငြုပ်ဂိုထောင်ထဲမှာလည်း နှပ်ချေးတထွက်ထွက် မျက်ရည်စက်လက်နဲ့ပေါ့။ သိတ်မကြာပါဘူး အဆုပ်ကင်ဆာနဲ့ သေပါရောလား။

ဟမ့် ဒီဇာတ်သိမ်းက နိမိတ်မရှိ နမာမရှိ မဖြစ်ဘူး ပြန်ပြောင်းမှ....

ဒီလိုနဲ့ သိတ်မကြာပါဘူး သူကြီးက သူ့သမီးကို မြို့ကသူဌေးတစ်ကောင်နဲ့ပေးစားလိုက်ပါရောလား။ ငကင်းခင်မျာတော့ လွမ်းရဆွေးရနဲ့ လူတွေပိုက်ဆံမက်တာကို စိတ်နာပြီး ကျိုးစားလိုက်တာ မြို့မှာတောင် ဆန်စက်ဆီစက်တွေ ပိုင်တဲ့ သူဌေးကြီးဦးကင်း ဆိုပြီးဖြစ်လာပါရောလား။ (အဟီ)။ ဒါပေမယ့်ပေါ့လေ ဒါပေမယ့်ပေါ့.........................









အပျင်းပြေကြမယ်ဆိုရင်ပဲ

ကျေးဇူးတင်လျက်


Thursday, June 14, 2007

ချစ်ရတဲ့ ကောင်မလေး နဲ့ ကျွန်တော်


စကားပြောရင် ဂျစ်တစ်တစ်နဲ့
တခါတလေ ဘုတောသေးတယ်...
ကျွန်တော့ကို ခံစားချက်တွေပေးပြီး
သူ မကျေနပ်ရင် စိတ်ကောက်တတ်တယ်
ကျွန်တော်ချစ်ရတဲ့ ကောင်မလေးပေါ့။ ။

G-Tlakမှာတွေ့ရင် ဖော်ဖော်ရွေရွေဆက်ဆံတတ်ပြီး
ခဏခဏ တုံးတိကြီးနှုတ်ဆက်လို့ ထားခဲ့ပြန်တယ်...
ကျွန်တော့ကို ချစ်တတ်စေခဲ့ပြီးမှ
အလွမ်းတွေနဲ့ စိတ်ထိခိုက်မှုတွေ ပေးပြန်တယ်
ကျွန်တော်ချစ်ရတဲ့ ကောင်မလေးပဲပေါ့။ ။

နင်တွေ၊ငါတွေနဲ့ ကျွန်တော့နာမည်မခေါ်ဖူးပဲ
သူငယ်ချင်းအဖြစ်နဲ့ စိမ်းကားတတ်သေးတယ်...
မျှော်လင့်ချက်တွေ ထားခဲ့ပြီးမှ
ငါမင်းကို မဆုံးရှုံးပါရစေနဲ့ကောင်မလေးရယ်
ကဗျာလိုလို စာလိုလို ငါဒီလိုအမြဲရူးခဲ့တယ်
သိတ်ချစ်ရတဲ့ ကောင်မလေးရယ်။ ။

အမေးခက်တဲ့ ပုစ်ဆာတစ်ခုက
ငါ့ကိုချစ်ရဲ့လားလို့လေ
စိတ်နဲ့နှလုံးသား တစ်ထပ်တည်းတူ
ပြောမယ်ကြံတဲ့ I Love You
တာ့တာ လို့ နှုတ်ဆက်ထွက်ခွါသူ
အဲဒီလို တိုင်ပင်ကိုက်တဲ့ ကံကြမ်မာကို ငြူစူမိသေးတယ်။ ။

တကယ်ဆို ငါအမုန်းဆုံးက
နှစ်လုံးတည်းသော နှုတ်ဆက်စကားလုံးတွေပါ
တာ့တာ... Bye Bye ... c ya
အမြည်းမပါတဲ့ လက်ဖက်ခြောက်ခါးလိုပဲ
ငါ့ရဲ့အာရုံထဲမှာ ခါးလွန်းလှပါတယ်
တတ်နိုင်ရင် ငါ့ကို ဘယ်တော့မှ နှုတ်မဆက်ပါနဲ့ ကောင်မလေးရယ်။ ။







(စာလုံးပေါင်းတွေ ထပ်ဆင့်မရေးတတ်လို့ သည်းခံပြီးဖတ်ပေးပါနော်)
ကျေးဇူးတင်လျက်


Wednesday, June 13, 2007

Internet၀န်းကျင်က မောင်ကင်းရေ....တဲ့



...မေးကြပါတယ် မောင်ကင်းရေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ အချစ်အကြောင်းတွေပဲ ရေးရတာလဲတဲ့။
ရော်... အဲဒါမှ ခက်ပြီ အဲလိုငယ်ငယ်ရွယ်ရွယ်မို့လည်း အချစ်အကြောင်းပဲရေးတတ်တာပါဗျာ အဟင့်... သူများတွေလို ဗဟုသုတ မကြွယ်ဝတော့လည်း ဒီလို fancy အချစ် အကြောင်းလေးတွေပဲ ရေးဖြစ်တာပေါ့။ (ကိုယ့်ဟာကို အချစ်နာကျရင်ကျတယ်မပြောဘူး..... အဟီး ဒါလည်းဒါပေါ့နော့)

...မောင်ကင်းရေ ဟို HTML codeတွေကို ဘယ်လိုထည့်လဲတဲ့။
ဂန့်...မောင်ကင်းကို အဲဒါတွေလာမေးရင် ဘာမှမသိဘူး အဟီး... ကိုယ့်ဟာကိုယ်လုပ်သာလုပ်တတ်တာ နာမည်တွေ အခေါ်အဝေါ်တွေ မှတ်ထားတာမဟုတ်တော့ ဘာကိုမေးလို့ ဘာပြန်ဖြေရမှန်းမသိဘူး။ (မလုပ်ပေးချင်မလုပ်ပေးချင်ဘူးပြောပါလား... အဲ အဲလိုတော့ ဟုတ်ပါဘူးဂျာ ဟီးး)

...မောင်ကင်းရေ မောင်ကင်းblogမှာ တင်ထားတဲ့ သီချင်းလေးပို့ပေးပါလား မပို့ပေးရင် စိတ်ဆိုးမှာတဲ့။
အင်... ဟိုဟာလေ မောင်ကင်းက တခြား siteတွေက သီချင်းကောင်းတာလေးတွေ ပေါက်ပေါက်ရှာရှာတင်တတ်တာက လွဲရင် Downloadထားတာက အနည်းသားလား။ ဒီတော့လေ downloadပြီးတဲ့အခါ ပို့ပေးပါမယ်ဗျာ နော်။ ဒါဆိုလည်း နေတော့ဟာ အကျင့်ကိုမကောင်းဘူး.... (ဂိန်.. ငါကိုက အနေမတတ် အဲဒီသီချင်းတင်မိတာကိုးး)

...မောင်ကင်းရေ အစ်ကို ဟိုကောင်မလေးကို ပေးဖို့ ကဗျာလေးရေးပေးပါဦးတဲ့။
ဟမ့်... အဲဒါမှ ပြသနာ။ အစ်ကိုတို့အကြောင်း တိတိကျကျမသိတော့ ဘယ်လိုရေးပေးရမှာလဲဗျာ။ ရေးမှာသာရေးချလိုက်ကွာ သူငယ်ချင်းကို ချစ်မိတဲ့ ကဗျာမျိုးပေါ့။ ရေးလည်းပြီးရော... ဟိုက်ရှားဘား... ဂွတ်တယ် ဂွတ်တယ်ဆိုပြီး ယူချသွားလေရဲ့။ နောက်နေ့တော့ ငါ ပါးရိုက်ခံရတာ မင်းကြောင့် ... မင်းကို ညီအဖြစ်က စွန့်လွှတ်တယ်.။ (ကဗျာထဲ ဘာတွေရေးပေးလိုက်လဲ လာမမေးနဲ့ မမှတ်မိတော့ဘူး ဟီး ဟီး)

... မောင်ကင်းတို့ သူများတွေကိုသာ အောင်သွယ်ပေးနေတာ ကိုယ့်အတွက်ကောမရှာသေးဘူးလားတဲ့။
ရှာသမှ လျှာတောင်ထွက်နေပြီ အဲလေ ရှာတာပေါ့ဗျာ။ မောင်ကင်းက အချစ်ရေးကံမကောင်းလို့ပါ အဟင့် ရွှတ်ရွှတ် ဗြစ် ဗတ် (ဖွီးးး ဒီကောင်ညစ်ပတ်နေပြန်ပြီ ငါနော်)...

... မောင်ကင်း နင့်ရဲ့ Friendster Pageလိုမျိုး Background ထည့်ချင်တယ် ငါ့ရဲ့Pageကို ပြင်ပေးပါလား တယ်ရင်းရယ်။
သြော် အပြောလေးက ချိုနေတာပဲ ခိုင်းဖို့ဆိုရင်။ ကဲ ပြင်ပေးပါ့မယ်ဗျာ။( ပြင်ပေးရတော့မှာပေါ့ မောင်ကင်းတို့က အချိုကြိုက်တာကိုး ဟီး ဟီး)။ ပြင်လို့တောင် မပြီးသေးဘူး သူက G-Talkက နှုတ်ဆက်သွားပါလေရော... ပြင်ထားလိုက် နောက်မှကြည့်မယ်တဲ့ မကောင်းရင် နာဖို့သာပြင်ဆိုပဲ.... (ဂစ်....စပြီးခိုင်းတုန်းက ဒီလိုမဟုတ်ပါဘူး).....

....မောင်ကင်း နင့်ကိုငါ ချောမယ်ထင်တာ နင့်ရုပ်က ဆိုးသားလား။ ကောင်မလေး ပြန်မကြိုက်တာ နည်းတောင်နည်းသေး။
တိန်... ဘလိုင်းကြီးကို ဖဲ့တော့တာပဲ။ ဟုတ်ကဲ့ ဘုရားက အမေနဲ့အဖေကို ဒီမျက်ခွက်လေးနဲ့သားလေးပဲ ပေးသနားတော်မူလို့။ ဒီမျက်နှာလေးပဲ ဖြစ်နေရရှာတာပါဗျာ။ (စိတ်ထဲကတော့ .. ဒင်း အလှည့်ကျမှတွေ့မယ် ဟမ်း ဟမ်း)...



အဟဲ မောင်ကင်းရဲ့ Internet၀န်းကျင်မှာ အဲလို မေးခွန်းလေးတွေ အပြောဆိုလေးတွေ ကြားရတာများသားလား။ ဒါတောင် တချို့ တ၀က်ပဲရှိသေးတယ်။ ဆက်ရေးရင် ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းသလို ဖြစ်နေဦးမယ်။ ဒီလောက်ပဲရေးတော့မယ် ဟီးးးး....





အပျင်းပြေကြမယ်ဆိုရင်ပဲ

ကျေးဇူးတင်လျက်

Sunday, June 10, 2007

အချစ်?


...ရေခဲခြစ် ရေခဲခြစ် အဲလေ (စားချင်တာနဲ့ရောတွားဒယ်) အချစ် အချစ် ....


အချစ်ပါတဲ့___???
ဖတ်ဖူးတဲ့ စာသားလေးရှိတယ် "အချစ်ကြောင့် စစ်ဖြစ်ကြတာရှိပေမယ့်။ စစ်ကြောင့် အချစ်မဖြစ်ကြပါဘူး" တဲ့လေ။ အဲဒီအချစ်ကလည်း အရှုပ်တော်တော် လုပ်သားလား။ အ နဲ့ ချစ် ၂လုံးတည်းရှိပေလို့ပဲ... အလို့ချစ်ပြီး .. ချစ်လို့ပဲ ငအ ဖြစ်သတဲ့ (ဂန့် နာ့ဟာနာတောင်ရှုပ်တွားဒယ်)။ အဲလို ရှုပ်နေတာကိုက အချစ်ဆိုပဲ။ (သြော် ငါ့နှယ်နော် အဲဒါတွေစိတ်နဲ့မတည့်တာ) ။


အချစ်နဲ့အရွယ်___???
၂၀ရာစုနှစ်က အချစ်ဆိုတာ ၂၀ ၀န်းကျင်အရွယ်တွေ အတော်များများ ခံစားတတ်တဲ့အရာတဲ့။ အဲ ၂၁ရာစုရောက်တော့ အချစ်ဆိုတာ ၁၆၀န်းကျင် ဆယ်ကျော်သက်တွေအတွက် ဖြစ်လာပါလေရောလား။ (လား လား အဲဒီထဲမှာ နာလည်းပါမယ်ထင်တယ် အခွီ)။ ဟိုအရင်က အသက် ၂၀ကျော် အိမ်ထောင်ပြုရင် စောလွန်းသတဲ့။ အခုတော့ ၁၈နှစ်နဲ့ နာ့တယ်ရင်းတွေ မိန်းမရကုန် အဲလေ ၁၈နှစ်နဲ့တောင် အိမ်ထောင်ပြုကုန်ဘီလို့ ဟီးးး။ မနဲ့မောင်၊ သာမီးနဲ့အန်ကယ်၊ ကိုရယ်ကျွန်မရယ် တဲ့။ အဟီး ဟီး။ (အားကျလိုက်တာ)။ "အချစ်ဆိုတာ အသက်ရွယ်နဲ့ မဆိုင်ပါဘူး" တဲ့လေ။ (ရလဲ့ လာသေးတယ်).....


Online အချစ်___???
ဘာတုန်း Onlineအချစ်??? Chat Roomတွေ၊ Forumတွေ၊ TeaShopတွေ၊ Profile Pageတွေ နဲ့ Blogတွေ ပေါ်လာပြီးတဲ့နောက် ကဘာကြီးက(ထပ်ဆင့်မရေးတတ်လို့ သည်းခံဖတ် ဟီးး) ရွာကြီးတစ်ရွာ ဖြစ်လာပြီး နေမမြင်လမမြင် ကွန်ပြူတာရှေ့ထိုင်ပြီး ချက်ရင်း ကျူရင်း မိတ်ဖွဲ့ရင်း၊ ရင်းနှီးခြင်းက အစပြုလို့ ကွန်ပြူတာသုံးပြီး အင်တာနက်ထဲချစ်သူတွေဖြစ်လာကြတာကို အွန်လိုင်းအချစ်ပါတဲ့။ (ဖူး ဖတ်ဖတ်ကိုမောတွားတာပဲ ဒါတောင် ဒေါ်လေးပန်ဒိုရာလို အွန်လိုင်းအကြောင်း နာတိတ်မတိလို့တော်တေးဒါ) တချို့က အွန်လိုင်းအချစ်ကို ကွန်ပြူတာထဲမှာပဲ ယုံကြည်ပြီး သိမ်းထားတတ်ကြသလို။ တချို့က အွန်လိုင်း အချစ်ကို ယုံကြည်ပြီးအပြင်မှာတွေ့ကြလို့ အရမ်းချစ်သွားကြတဲ့လူတွေ။ တချို့က ဂိမ်းကစားသလို ကစားတဲ့လူတွေ။ (နာတော့ မစစ်မှာစိုးလို့ အင်တာနက်အချစ်ရေစစ် ၀ယ်မလားလို့ ဟီး ဟီး)။ အဲလို လူအမျိုးမျိုးတွေရှိတဲ့ထဲက အွန်လိုင်းအချစ်ဆိုတာ နှစ်ရှည်လများရေတိုင်ကီရေထဲက ပိုးလောက်လန်းတွေလို ဒန့်တန့် ဒန့်တန့် ဒန့်တန့် ဒန့်တန့် (အဲ ဒန့်တာများတွားဒယ်) ရွစိ ရွစိနဲ့ ကဘာအနှံမှာ ပေါက်ဖွါးလာပါရောလား။ တချို့ကလည်း ကျိုးစားစဲပေါ့။ (ငါတောင် အဲဒီထဲမှာပါဒယ် ဟီး ဟီး)။ "ဘာပဲပြောပြော အွန်လိုင်းအချစ်လည်း အချစ်ပါပဲ"တဲ့ (သိပါတယ် နောက်တစ်ခုပြောင်းတော့).........


ချစ်လို့ကို မ၀တဲ့___???
သြော် ဖြစ်ရပုံများ ချစ်ကြပုံများနော်။ မရတုန်းကလည်း မရသေးလို့။ ရပြီးပြန်တော့လည်း သဲသဲ လှုပ်။ ကောင်မလေးရဲ့ Friendster Pageမှာ လူသိအောင် Commentတွေ ပေးရတာတမျိုး၊ ကဗျာတွေရေးပေးရ၊ သီချင်းတွေပို့တာ တဖုံ အလုပ်တွေရှုပ်ပြန်ပါရောလား။ ဒီကြားထဲ ၁ရက် ၂ရက်လောက် မတွေ့ရင် ချစ်ချစ်က စိတ်ဆိုးသေးတယ် ဆိုပဲ။ လွမ်းလွန်းလို့ပါ ဆိုတာရှိသေး (စိုင်းစိုင်း ရဲ့ လရိပ်ချိုသီချင်းလည်း ခောတ်စားလာပါရောလား)။ ငယ်ရွယ်သူ ကိုကို၊မမ၊မောင်မောင်၊ညလေး (အဟီး ဘာလော့ဂ်ရေးတဲ့ ညလေး ဟုတ်ဘူး.. ဟုတ်ချင်လည်းဟုတ်နေမှာပေါ့ ဟီဟိ)။ ငယ်ရွယ်သူ တစ်ဆင့်တက် လူပျို/အပျိုကြီး ကယ်ကယ်၊ တီတီ (ကားဟွန်းသံဟုတ်ဘူးနော်)။ သူတို့တွေလည်း ကဲကြပါသေးလား။ သြော် "ချစ်လို့မ၀လို့ပါ အချစ်ရယ်" တဲ့ (ငါနော် ဂဲနဲ့ကောက်ထုလိုက်ရ).......


ဘာလဲ အချစ်___???
ဟော လူတွေ သိချင်ကြပါသတဲ့။ ဘာလဲအချစ်ဆိုတာ။ သိချင်ဝယ်ဖတ် တစ်စောင် ၂၀၀ကျပ် တဲ့ ဟီးဟီး၊ ဂျာနယ်နဲ့ရောသွားတယ်။ တချို့က အချစ်ဆိုတာ ပေးဆပ်ခြင်း တဲ့၊ တချို့က ရယူခြင်းတဲ့။ တချို့က အချစ်ဆိုတာ ချစ်ဖို့ပါတဲ့။ ကျွန်တော်သိတာတော့ အုန်းခြစ် အဲလေ ..... ကျွန်တော်လေ့လာမိသလောက်တော့ အချစ်ဆိုတာ ဆန့်ကျင်ဘက်တွေပေါင်းစပ်ထားတဲ့အရာပဲ(အဟီ ယုံလားတော့မသိဘူး)။ ကဲ ကဲ ဥမပါ အဲလေ ဥပမာလေးတွေနဲ့ပြောမယ် (Examplezအဖွဲ့ နဲ့ပြောမယ်မထင်နဲ့ဦး)____

ဆန့်ကျင်ဘက်ကဖြစ်လာတဲ့အချစ်...
(၁) မိန်မမို့လို့ ယောက်ျားလေးကချစ်တယ်... (ယောက်ျားအစစ်ချင်း မိန်မအစစ်ချင်းမှ ချစ်ကြတာမရှိတာ ရှိရင်လည်း တယောက်ယောက်က စိတ်ပြောင်းနေလို့ပါ)
(၂) ရန်ဖြစ်ကြရင်း ပြန်ချစ်ကြသတဲ့ (ဘာလို့လဲ လာမမေးနဲ့ အဲဒီစာသားထုတ်တဲ့လူကိုမေး ဒါပဲ)


အချစ်ကဖြစ်လာတဲ့ဆန့်ကျင်ဘက်တွေ...
(၁) ချစ်မိပြီးတော့မှ မုန်းတတ်လာတယ်.. (သူ့အနားကပ်တဲ့ကောင်တွေကိုပေါ့)
(၂) ယဉ်ကျေးသူက ရိုင်းတတ်လာတယ်.. (အဲဒီ မသာ ကို ___(ဆင်စာဖြတ်တယ် မြင်းစာဖြတ်တယ် ဟီဟိ)___)
(၃) သိမ်မွေ့သူက ကြမ်းတမ်းလာတယ်.. (ဟေ့ကောင် သေချင်လို့လား ငါ့စော်နားမကပ်နဲ့) (အခွီ)
(၄) ကြောက်တတ်တဲ့လူက သတ်တိတွေရှိလာတယ်.. (မိဘတွေသဘောမတူတော့လည်း ခိုးပြေးကြတာပေါ့) (အဟီး ဟီး အကျင့်လေးတွေက အဲလို)
(၅) ကပ်ချေးက အသုံးအဖြုံးကြီးလာတယ် (ယောက်ဖ မျိုလေ စို့လေ အဲ အဲ သောက်ပါ စားပါ အားမနာနဲ့ ဟီးး)

ကဲ ကဲ ဒီလောက်ဆိုတော်လောက်ပြီ.... ကျွန်တော်တွေ့ဖူးတဲ့ အချစ်ဆိုတာတော့ အဲဒါပဲ ဆန့်ကျင်ဘက်တွေချည်း ပြောင်းလဲလာတယ်။

ဘာတွေဖြစ်ဖြစ် နာတို့ကတော့ ချစ်မှာပဲ .... ဟုတ်တယ်နော် "ချစ်" ........ဂေါက်..... (အားပါး နာလိုက်တာ)







အပျင်းပြေကြမယ်ဆိုရင်ပဲ.....

ကျေးဇူးတင်လျက်


Saturday, June 9, 2007

အတိတ်က အမှတ်တရ သူငယ်ချင်းသို့ (၁)


...အဲ ဒီအဖြစ်လေးက ကျွန်တော် မြန်မာပြည်မှာ ရှိစဉ်တုန်းက အဖြစ်လေးပါ။ ဘာရယ်မဟုတ်ဘူး ပြန်တွေးရင်နဲ့ ရီချင်လာတာနဲ့ ဟာသလေးလို ဖြစ်ဖြစ် ပြန်ရေးလိုက်မိတာပါ။...

၂၀၀၃ခု နှစ် ကျွန်တော်တို့ ၉တန်းနှစ်ပေါ့.... ညနေ ၃း၀၀နာရီ.....
ကျွန်တော်တို့က မနက်ပိုင်းကျောင်းပါ နေ့လည် ၁၂း၀၀နာရီဆိုရင်ပြီးတယ်လေ။ အခု ညနေစောင်းတော့ ကျူရှင်လည်း ပြီးပြီ။ ဒီတော့ ယောက်ျားလေးတို့ထုံးစံအတိုင်း တော်ကီချလိုက် ပြောင်လိုက်နောက်လိုက်နဲ့ ဘောလုံးကန်ဖို့တာစူနေတာပေါ့။ ညနေ ၄း၀၀နာရီဆိုရင်တော့ ညနေပိုင်းကျောင်(၈တန်း) တွေလွှတ်တော့မှာလေ (ကျူရှင်တက်တဲ့သူငယ်ချင်းအိမ်က ကျွန်တော့အိမ်နဲ့ကျောချင်းကပ်လျက်ပါ။ သူတို့က လမ်းမမှာဆိုတော့ ကားဂိတ်နဲ့နီးတယ်။) ဘောလုံးမကန်သေးပဲ ကျောင်းလွှတ်ချိန်စောင့်နေကြလေရဲ့ (တချို့ သူငယ်ချင်းများ)... ဟေ့ကောင်တွေ ဘာလုပ်နေတာလဲဟ လည်တဆန့်ဆန့်နဲ့.... ။ ကျွန်တော်ကမေးလိုက်တာပါ။ ...အာ လန့်လိုက်တာ ငနိုင်ရာ... ။ .... မင်တို့ဘာမဟုတ်လုပ်ကြမလို့တုန်း အဲလေ ဘာလုပ်နေလို့ လန့်ရတာတုန်း ဟီး ဟီး...။ စပ်ဖြီးဖြီးနဲ့ မျက်နှာပြောင်နေတဲံ့ ကျွန်တော့ကို ဟိုတစ်ကောင်က မျက်စိနောက်တယ်ထင်ပါရဲ့ .... ငါတို့ဟာ ငါတို့ ဘာလုပ်လုပ်ပေါ့ကွာ ငြိမ်ငြိမ်နေစမ်းပါ....။ ....အောင်မာ လဒမသာ လေသံက တယ် မာပါလား။ နေပေါ့ကွာ အကူညီလိုရင် ငါ့လာမတောင်နဲ့....။ အဲဒီတော့မှ.... အဟဲ မင်းကလည်းကွာ ငါက နောက်တာပါ .. လာဦး ငါပြောပြမယ်..... ။ ဒင်း အကူညီလိုနေတာ သေချာပြီ။ .... ကဲ ပြော ဘာလဲ...။ ကျွန်တော် ထိုင်တုန်းပဲရှိသေးတယ် အနောက်က အသံထွက်လာတယ်။ ....ဘောမကန်သေးပဲ ဒီလိုပလက်ဖောင်းမှာ ထိုင်နေကြတာဆိုတော့ ဘာလုပ်မလို့လဲ... ဟေ့ကောင်တွေ မင်းတို့ ခါးပိုက်နှိုက်မလို့လား.... ပိုက်ဆံလိုရင်လည်း ငါချေးမှာပေါ့ကွာ..။ အိမ်ရှင်လဒ ရဲ့ အသံပါ။ ...လဒငဇော် ဗိုလ်မှူးသားလို့မပြောရဘူး လူတွေ့ရင် ပြစ်မှုကျူးလွန်တော့မလား လိုက်မေးနေတယ်....။ .....ဟေ့ယောင် ငဇော် လာဦးဟ.. ထူးဆန်းဒယ် ဟဲ ဟဲ....။ ဒီကောင့်ကို ကျွန်တော်လှမ်းခေါ်လိုက်တာပါ။ အနားချက်ချင်းရောက်လာပါတယ်။.... ဟေ ဘာတုန်းဟ အတွဲချောင်းကြမလို့လား... ဒါမှမဟုတ် ဟိုကောင့်ညီမကို စာပေးမလို့လား ဟီဟိ....။ (ကျွန်တော်နဲ့ တွဲမိတာလည်းမပြောနဲ့ ပေါက်ကရဆို ထိပ်ဆုံးကလေ)။ ... အေးကွ မင်းပြောတာ ဖြစ်နိုင်တယ်.. နာလည်း စိတ်ဝင်စားရင် စကားလိုက်ပြောလို့ဖြစ်တယ်မလား ဟီး ဟီး...။ ကျွန်တော်ကလည်း ရမ်းတုပ်လိုက်တာပါ။ ဒီတော့မှ ဟိုကောင်က.... ဟမ် မင်းတို့ဘယ်လိုသိတာလဲ ငါ ၈တန်းက ကောင်မလေးတစ်ယောက်ကိုစောင့်နေတာ...။ .....ဟေ...... ကျွန်တော်နဲ့ငဇောင် ပြိုင်တူပါပဲ။ ...အဟား ဟား ငအောင်ရာ ဒါများ ပြောပြောကစောရောပေါ့ ကဲ ပြောငါတို့ ဘာနှောက်ယှက် အဲလေ ဘာကူညီရမလဲ... ဟီး ဟီး ဟီး.... ။ ပေါက်ကရလုပ်ရမယ်ဆိုရင် ကျွန်တော်နဲ့ငဇော် မျက်နှာတွေကို ဖြဲလို့။ ... ငအောင် မင်းတော့ လူပေါင်းမှားတော့မှာပဲ..... သူငယ်ချင်းတစ်ယောက်က ၀င်ပြောတာပါ။ ..... ငရဲ မင်းတိတ်တိတ်နေစမ်းဘာ.... ။ ကျွန်တော်က ထဟောက်လိုက်တယ် ဟိုကောင် ပြုံးစိစိနဲ့ဘောလုံး ကောက်ပြီး ပြန်လှည့်သွားတယ် ။ ... အဟဲ ဆက်စမ်းပါဦး ..မင်းဟာမလေးအကြောင်း.....။ ကျွန်တော်နဲ့ ငဇာ် အားရပါးရကြီးကိုနားထောင်ချင်တဲ့ မျက်လုံးမျိုးလေးတွေနဲ့ပါ။ ဟိုကောင် စပြောပါတယ်။ ... အဟဲ ပြောရမယ်ဆိုရင် အားရစရာကြီးကွ......။ ...အဟေ. ဟုတ်လား....။ ....မင်းတို့သိရင်လည်း ငါ့ကို မနာလိုမဖြစ်ရဘူးနော်....။... အေးပါ ပြောမှာသာပြောစမ်းပါ.....။ ...ပြောရရင်လေ ငါလည်း သူ့ကိုမနေ့ကမှ စတွေ့တာ ဟီးးး....။ ဂိန် သေရောပဲ။ ...အာ ဟုတ်တော့မလိုနဲ့...။ ... အဲဒီတော့ ငါတို့ ဘာကူညီရမှာလဲ ပြော....။ ...နေစမ်းပါဦး မင်းကောင်မလေးနာမည်က ဘယ်သူတုန်း...။ ငဇော်က ၀င်မေးလိုက်တာပါ။ ...ငါ့ ကောင်မလေးနာမည်က *** တဲ့.....။ ...ဟေ...။ ဒီတစ်ခါလည်း ပြိုင်တူပါပဲ။ ... ဟကောင်ရ မင်းကလည်း ကြိုက်တော့လည်း ဒင်မှပါလား.. အဲဒါ ၈တန်းမှာ နာမည်ကြီးနေတဲ့ကောင်မလေးမလား......။ ... အေး ဟုတ်တယ်လေ....။ ငအောင်က ဆက်ပြောပါတယ်။. ...ငနိုင် မင်းတို့ ကူညီရမှာက ငါ့ကို စက်ဘီးလိုက်နင်းပေး ငါစာလိုက်ပေးမလို့...။ ဂန့် တမျိုးပါလား(လို့ မထင်လိုက်ပါနဲ့ အဲဒီလဒက တောသားကိုမှ စက်ဘီးဒီအရွယ်ထိမနင်းတတ်တဲ့ နလိန်ပိန်တုံးတောသား ဟီး ဟီး)။ ... သြော်..ဒါများကွာ ကျူရှင်လည်းပြီးပြီပဲ ဘောလုံးက နောက်မှကန်မယ်လေ အိုကေပါတယ်....။ ဒီလိုနဲ့ပဲ ကျောင်းလွှတ်ချိန် ၃ယောက်သား ထိုင်မျှော်နေကြတယ်။ နောက်တော့ ငရဲပါရောက်လာတယ်။... ငါလည်း မင်းတို့နဲ့လိုက်မယ်လေ ဟဲ ဟဲ...။


ဟော... ကျောင်းတွေလွှတ်ပါပြီ။ ဟို ကောင်တော့ ဖင်တကြွကြွနဲ့ဖြစ်နေလေရဲ့။ ...ဟေ့ကောင် ဂနာငြိမ်ငြိမ်နေစမ်းပါ ဘာလဲ လိပ်ခေါင်းရှိလို့လား....။ ဟိုကောင်ပြန်ထိုင်သွားတယ်။ ကောင်မလေးက စက်ဘီးနဲ့ အိမ်ကိုပြန်တာပါ။ ဟော လာနေပါပြီ။ ဟိုက်ရှားဘား။ လှတာတော့ တော်တော့်ကို လှတာပဲ ဟိုကောင် ကြိုက်တာလည်းမပြောနဲ့။ အဲ ပြသနာ။ ကောင်မလေးနဲ့ သူ့သူငယ်ချင်းတွေ နောက်မှာ။ လား လား မနည်းပါလား ဘဲတွေ။ (ဘဲဆိုလို့ တဂတ်ဂတ်အော်တဲ့အတောင်ပံနဲ့ကောင်တွေမဟုတ်ပါဘူး လူ ယောက်ျားလေးတွေပါ) ။ ...သေဘီဆရာ ဟေ့ရောင် ငအောင် မင့်ဟာမလေးက ကိုယ်ရံတော်တွေမနည်းပါလားဟ...။ ငဇော်ကပြောတာပါ။ .... အေးလေ အီးပုံကြီး ယင်အုံနေသလိုပဲ...။ ကျွန်တော်ကလည်း ကြုံတုန်း ဆော်ထည့်လိုက်တာပါ ဟီး ဟီး။ ...ဖြီး ဖြီး ဖီ. ငနိုင်ရာ လုပ်ထည့်လိုက်ပြန်ပြီ...။ ဟိုကောင် မျက်နှာကို ရှုံ့မဲ့သွားတာပဲ။ ငအောင်က။ ....ငနိုင် ဖြစ် ဖြစ် ပါ့မလား...။ ...ဟမ် ဘာလို့မဖြစ်ရမှာလဲ မင်းပဲ စာပေးချင်တယ်ဆို ...ငါရှေ့ကစက်ဘီးနင်းမယ် မင်းကထိုင်လိုက်ပြီး သူ့စက်ဘီးရှေ့ခြင်ဲးကို ထည့်ပေးရုံပဲ..... ကဲ လိုက်မယ်... ။ တဖြည်းဖြည်းနဲ့ မှီလာပါပြီ။ အနားကိုတော့ ကပ်လို့မရသေးဘူး။ ကျွန်တော်လည်း စိတ်မရှည်တော့ဘူး။ ဒီတော့ ကားရှင်းတာနဲ့ ပေတစ်ရာလမ်းမအလယ်ကို ပန်းတက်ပြီး အရှေ့က ပြန်နင်းလိုက်တယ်။ ပြီးတော့ ကောင်မလေးစက်ဘီးနားကို အသာလေး မျောဝင်လိုက်တယ်။ ...ကဲ..ဟေ့ကောင် ပေးလိုက်တော့လေ ကောင်မလေးအိမ်နားရောက်နေပြီ...။ ဟိုကောင်က ပေးလိုက်ပါတယ်။ ပေးပြီးတာနဲ့ ကျွန်တော်က စက်ဘီးကို ဘရိတ်အုပ်ချလိုက်ပါတယ်။ နောက်က ကပ်နေတဲ့အကောင်တွေ အမြင်ကပ်တာနဲ့လေ။ ကောင်မလေးက အံ့သြတဲ့ ပုံလေးနဲ့ပါ လည်ပြန်လှည့်ကြည့်တယ်။ ...ဟိုမှာပြန်ကြည့်နေတယ် ငအောင် လက်ပြလိုက်လေ...။ ...အာ ငါမပြရဲဘူး မင်းလက်ပြလိုက်...။ ...သြော် အေး အေး...။ ကျွန်တော်လည်း အယောင်ယောင်မှားမှားနဲ့ လက်လှမ်းပြန်လိုက်တယ်။ ....အာ သေတော့မှာပဲ...။ ပြီးတော့မှ သတိဝင်လာပြီး လက်ချလိုက်တော့ ကောင်မလေးက ဟိုလက်လှည့်သွားပါပြီ။ ...ငအောင်ရာ မင်းလုပ်လိုက်ရင် တလွဲချည်းပဲ .. ဘာပဲဖြစ်ဖြစ် Mission Accomplish ဒီတော့ ပြန်လစ်မယ် ဘောကန်မယ် ဟဲ ဟဲ....။ ...ငနိုင် ငနိုင်..။ ဟို၂ကောင် အခုမှ မှီလာပါတယ်။ လမ်းမှာ အသိတွေ့လို့ စကားပြောနေတာတဲ့ ကောင်းရော။

ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ ကျွန်တော်က.... ဟေ့ကောင် ငအောင် မင်းကောင်မလေးဆီက အဖြေတောင်းပြီးပြီလား....။ ...ဟေ မတောင်းရသေးဘူးလေ....။ ...ဟမ် အခုထိမတောင်းရသေးဘူးလား...။ .. အေး...။ ...တောင်းတော့လေကွာ...။ ..အေး ဒီနေ့လိုက်တောင်းမယ်ကွာ...။ ...အိုကေလေ....။ ...မင်းတို့ပါ လိုက်ခဲ့...။ ...ဟမ် ငါတို့က ဘာလိုက်လုပ်ရဦးမှာလဲ...။ ...လိုက်ခဲ့ပါဟ ငါကြောက်လို့ ဟီးး...။ ...မသာရာ အခေါင်းထဲသာ ၀င်လိုက်ပါတော့လား ငါနော်....။ ဒီလိုနဲ့ပဲ ကျောင်းဆင်းတော့ အရင်အတိုင်း ၄ယောက် စက်ဘီး၂စီးနဲ့ လိုက်ခဲ့ကြပါတယ်။ ဒီတစ်ခါတော့ စနေနေ့ကျောင်း ပိတ်ရက်ဆိုတော့ ကောင်မလေး ကျူရှင်ဆင်းချိန်ပေါ့။ ကောင်မလေးက တစ်နေရာရောက်တော့ စက်ဘီးကို ရပ်လိုက်ပါတယ်။ ကောင်မလေးရဲ့ သူငယ်ချင်း တစ်စုကလည်း ခပ်လှမ်းလှမ်းမှာ ရပ်စောင့်နေလေရဲ့။ ....ကဲ ငအောင် မင်းအပိုင်းရောက်ပြီ ညောင်းတော့ ငါတို့ဒီကပဲ စောင့်မယ်...။ ဟိုကောင် ကားတား ကားတားနဲ့ ထွက်သွားပါတယ်။ ကောင်မလေးက ကျွန်တော့ကို လှမ်းကြည့်နေတယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ ၅မိနစ်လောက် ကြတော့ ကောင်မလေးက စက်ဘီးကို ဆောင့်အောင့်ပြီး ထွက်သွားပါတော့တယ်။ ဟိုကောင်လည်း မျက်နှာကြီး အီးမှန်ထားတဲ့ပုံနဲ့ ပြန်ရောက်လာတယ်။ ..ဟကောင် ဘာဖြစ်လာတာလဲ...။ ကျွန်တော်မေးလိုက်တာပါ။ ...မသိချင်ပါနဲ့တော့ကွာ...။ ... ဟမ် ပြောပါဟ ငါတို့လည်း သိချင်တာပေါ့....။ ..အေးလေ...။ ....သူက ဘာပြောလိုက်လဲ...။ ကျွန်တော်တို့ဝိုင်းမေးတော့ ပြောပြရှာပါတယ်။ .....သူကပြောတယ် အဖြေလိုချင်ရင် ကိုယ်တိုင်လာတောင်းတဲ့...။ ...ဟ ဒါဆို အစဉ်ပြေတာပေါ့ မင်းတောင်းလိုက်ရောပေါ့...။ ...အေး တောင်းလိုက်တယ်လေ....။ ...သူက ဘာပြန်ပြောလဲ မင်းကို....။ ..."ဟိုဟာလေ sorry ကိုအောင်++ရယ် ကျွန်မက ဟိုးးးက အစ်ကို စာပေးတာမှတ်လို့"....။ ကျွန်တော့ကို ပြောတာပါ။ ............ဟမ်............ နားထောင်နေတဲ့ ၃ကောင်လုံး ပြိုင်တူပါပဲ။ ပြီးတော့မှ အဟားး ဟား ဟား အဟား ဟား ဟား ဖြစ်မှဖြစ်ရလေ ငအောင်ရာ ဟား ဟား ဟား ဟား။ ဟိုကောင်ကတော့ လိုက်မရီနိုင်ဘူး လဒမှိုင်လေးမှိုင်လို့ပေါ့။ ....ကဲ ကဲ စိတ်ဓါတ်မကျနဲ့ သူငယ်ချင်း အခုမရပေမယ့် မင်းကို ငြင်းလိုက်တာမှမဟုတ်တာ ဆက်လိုက်ပေါ့..... အဲ ဒါပေမယ့် မင်းမလိုက်ခင် စက်ဘီးအရင်နင်းတာ သင်ရမယ် ဟား ဟား ဟား ဟား ဟား ဖြစ်ရမယ် ငအောင်ရာ......။



အဲဒီနေ့နောက်ပိုင်းကစပြီး ဟိုကောင်လည်း စက်ဘီးနင်းတတ်သွားတော့တာပါပဲ။








ဖတ်တဲ့လူတွေ အပျင်းပြေတယ်ဆိုရင်ပဲ.......


ကျေးဇူးတင်လျက်


ချစ်မိတာ မှားလေသလား


...ရတနာမှာ သွားဖွတုန်းက ပြန်တွေ့ခဲ့တဲ့ ကဗျာဟောင်းလေးပါ ဟီးးး...
ကောင်မလေးတစ်ယောက်ကို ချစ်မိရင် ဆိုတဲ့ စိတ်ကူးနဲ့
ကိုယ့်အဖြစ်ကို ပေါင်းစပ်တွေးရင် ရေးဖြစ်သွားတဲ့ ကဗျာလေးပါ....


ကျေးဇူးတင်လျက်