tracker tracker >>>SCORPION<<<

Friday, August 10, 2007

တကယ်လို့သာ အချစ်ဆိုတာ


...ဒီကဗျာလေးကလည်း အဟောင်းလေးပဲဆိုပါတော့။ ဘလော့ဂ်ဘက်မရောက်ဖြစ်တာကြာလို့ ပါ့စ်ဝေါ့ဒ်တွေတောင် မေ့ကုန်တယ် ဟီး ဟီး။ ကျွန်တော့ဘလော့ဂ်ကို လာလာလည်နေတဲ့လူတွေကိုတော့ အားနာတယ်။ နောက်ဆို ပိုတောင်အားမယ်မထင်တော့ဘူး။ ဒီတော့ သည်းခံပြီးတော့သာ အခင်မင်မပျက်ကြပါနဲ့လို့ နော် အဟဲ။...






ကျေးဇူးတင်လျက်


Sunday, July 22, 2007

အလှမ်းဝေးတဲ့ မင်းနဲ့ငါ


...ဘလော့ဂ်ဘက်ကို မျက်နှာမလှည့်ဖြစ်တာကြာပြီ... လာဖတ်ကြတဲ့လူတွေကို အရမ်းအားနာတယ်။ အရှုပ်တွေလုပ်နေတာနဲ့ ပြီးတော့ အချိန်ရတော့လည်း ဘာရေးရမှန်းမသိဘူး။ ဒီတော့ ကဗျာအဟောင်းလေးပဲတင်ပေးလိုက်တယ်။ အခုမှကြည့်မိတယ်... ဒီလမှာ ဘာပို့စ်မှမတင်ရသေးဘူးလေ။ လာဖတ်တဲ့လူတွေကိုတော့ မျက်နှာချိုလေးသွေးပြီး အဟီး ဟီး ချိတ်ချိုးကြပါနဲ့ နော်နော်နော်လို့......






ကျေးဇူးတင်လျက်


Tuesday, June 26, 2007

Devil ဇာတ်ဆရာ


... ...တောက်...(နာကျဉ်းချက်နဲ့ ခပ်ပြင်းပြင်းတောက်ခေါက်လိုက်သံပါ)။ ....ဟ ငလတ်ရ ဘယ့်နှယ့်ထဖြစ်ရတာတုန်း....(ငဇော်ကပြောလိုက်တာပါ)။ ....အေးလေကွာ ဟိုကောင်က သူ့အကြောင်းသူပြောတာ မင်းက ဘာထဖြစ်ရတာတုန်း....(ကျွန်တော်က၀င်ပြောလိုက်တာပါ)။ ...အလကား အဲဒီကောင် အချိန်ကျလို့ ကျောက်ထတာ ဟီး ဟီး....(ငဖြိုးကပါ ၀င်နောက်တယ်)။ (ငလတ်က) ...ငါမခံချင်လွန်းလို့ပါကွာ....။ ....ဟ ဟိုကောင် ငသူရအထိုးခံရတာ မင်းအထိုးခံရတာမှမဟုတ်တာ မခံချင်ရအောင် မင်းကသူ့ညီမကိုပိုးနေလို့လား....(ငဇော်က အချွန်နဲ့ မ တယ်)။ ဟိုငိုမဲ့မဲ့နဲ့ မနေ့ကအကြောင်းပြောနေတဲ့ ငသူရ ထိုင်နေတဲ့ ဖင်လေးတွန့်သွားတယ်။ ....ဟိုကောင်ငသူရ ဖင်ကရွစိစိနဲ့ပုရွက်စိတ်ကိုက်လို့လား ကြမ်းပိုးထိုးလို့လား...။ ငဖြိုးက .....မဟုတ်လောက်ဘူးငနိုင်ရာ သူ့အောက်မှာ ခုံညပ်နေပြီထင်တယ် ဟီး ဟီး... (အားမနာလျှာမကျိုး သူများခံရပြီဆို ပိုကြပ်ပေးတတ်တာ ကျွန်တော်တို့အလုပ်)။ ....မင်းတို့ကလည်း သူငယ်ချင်း အချင်းချင်းမစာမနာပြောရက်လိုက်တာ....။ ....အေးလေ ပြောပြလိုက်စမ်းပါ ငနိုင်ရာ... ။ ငလတ်က ကျွန်တော့်ဘက်လှည့်ပြီး အားကိုးတကြီးနဲ့ပြောလိုက်တာပါ။ ....ဒါနဲ့ ဟိုကောင် ငသူရ မနေ့က မင်းအနားမှာငါတို့မရှိတုန်း ဘာတွေဘယ်လိုဖြစ်တာလဲကွ သေသေချာချာပြောစမ်းပါဦး....။ ဟုတ်ပါတယ် မနေ့ကကျွန်တော်တို့ကျောင်း ဘောပွဲရှိတယ်လေ ကျွန်တော်တို့ကျောင်းဘောလုံးအသင်းထဲမှာ ငသူရကလွဲလို့ ကျန်တဲ့ ငလတ်၊ငဖြိုး၊ငဇော် နဲ့ ကျွန်တော်က အသင်းထဲမှာပါတယ်လေ။ ဘောပွဲက ကျွန်တော်တို့ကျောင်းကွင်းမှာကန်ကြတာပါ။ ငသူရက အသင်းထဲမပါတော့ ပွဲကြည့်ပေါ့။ ဖြစ်ချင်တော့ ကျွန်တော်တို့ကျောင်းနဲ့ကန်ရတဲ့ကျောင်းက ကောင်မလေးတစ်ယောက်ကို ငသူရကကြိုက်နေတာပါ။ ဒီတော့ မနေ့က ဒီကောင့်ရဲ့ မဟာအခွင့်အရေးကြီးပေါ့။ ဒါပေမယ့် ဒီနေ့ဒီကောင့်ကိုတွေ့တော့ မျက်ကွင်းလေးညိုလို့ပါလား။ ဘာတွေဖြစ်ခဲ့ပါလိမ့်။ ....ပြောလေ ငသူရ...။ ဟိုကောင် ငဖြိုးရဲ့အသံကြားမှ ကျွန်တော့အတွေးစ ပြတ်သွားတယ်။ ငသူရရဲ့ လေသံတိမ်တိမ်လေးထွက်လာတယ်။ ....၁စက်ကန့်၊ ၂စက်ကန့်....။ ငဇော်ကစိတ်မရှည်ဘူးထင်ပါရဲ့ ...ဟေ့ကောင် အသံကျယ်ကျယ်ပြောပါဟ....။ အဲဒီအချိန်မှာ ကျောင်းခန်းထဲ ငရဲတစ်ယောက်ဝင်လာတယ်။ ...ဘာဖြစ်နေကြတာဟ မင်းတို့ကောင်တွေ ဘာမဟုတ်တာလုပ်မလို့ လူစုနေကြတာလဲ....။ ဟုတ်တော့လည်း ဟုတ်သား မုန့်စားဆင်းချိန် ကျောင်းခန်းထဲမှာ ကျွန်တော်တို့ချည်းပဲလေ။ ...ဘာမဟုတ်ပါဘူးဟ ဟိုကောင်ငသူရ ဘာလို့မျောက်မျက်ကွင်းညိုဖြစ်နေလဲဆိုတာ မေးနေတာ ဟီး ဟီး (ငဖြိုးက ငရဲကိုပြောလိုက်တာပါ)။ ငရဲက...အဟား ဟား အဲဒီအကြောင်း နာတိဒယ် အခွီခွိ နာအနီးကပ်ကိုမြင်ခဲ့ကြားခဲ့တာ အဟီး ဟီး... ။ ပေါင်းမိကြတာလည်းမပြောနဲ့ သူများအကြောင်းပြောဖို့ဆို ငရဲကလည်း ကျွန်တော်တို့နဲ့ အကျင့်တူပဲလေ။ ...မနေ့က အဖြစ်အပျက်က ဒီလိုကွ..............


မနေ့က ဘောကွင်းထဲရောက်တဲ့အထိ ငသူရက ကျွန်တော်တို့နဲ့ ကပ်ပါလာတယ်။ ငလတ်က....ဟေ့ကောင်ငသူရ မျက်နှာက တယ်လည်း ကြက်သရေခွေးသရေလဒသရေ အကုန်ရှိနေပါလား...။ ...အဟဲရှိရမယ်လေ ဒီနေ့ကောင်မလေးကိုတွေ့ရင် စကားသွားပြောမယ် အစဉ်ပြေရင် စပါယ်ယာဘတ်အနေနဲ့ ရည်းစားစာဆောင်ထားတယ် အဟီး ဟီး...။ ပြောပြောဆိုဆို အိပ်ကပ်ထဲက ရည်းစားစာလေးထုတ်ပြတယ်။ ...သြော် လဒငနာ လက်စသတ်တော့ မင်းက ငါတို့ကိုအားမပေးပဲ ဒီအကြံနဲ့ ဘောပွဲလာကြည့်တာကိုး.... (ငဇော်မကြေမချမ်းနဲ့ပြောလိုက်တယ်)။ ...အဟဲ အဲ အဲလိုလည်းဟုတ်ပါဘူးဟ...။ ပြီးလည်းပြီးရော မြောက်ကြွမြောက်ကြွနဲ့ ခုံတန်းတွေဘက်ထွက်သွားတယ်။ ကျွန်တော်တို့လှမ်းကြည့်တော့ ဒင်းက ကောင်မလေးနားမှာ နေရာတောင်ယူထားပြီးပြီ ဘေးမှာတော့ ငရဲရှိနေတယ်လေ။ (((အဲဒီထိမင်းတို့ သိပြီးရောပေါ့ အဲဒီနောက်ပိုင်းဖြစ်တာဒီလိုကွ)))။ .....ရွှီးးးးးး..... ဒိုင်လူကြီးက အချက်ပေးတာနဲ့ ဘောပွဲကစပါပြီ။ အဲ တစ်ချိန်တည်း ငသူရလည်း ဇာတ်လမ်းစပြီပေါ့။ ကောင်မလေးနဲ့က အရင်ကတည်းက သူငယ်ချင်းကောင်မလေးတစ်ယောက်အကူညီနဲ့ မိတ်ဖွဲ့ပြီးသား ဆိုတော့ ငသူရအတွက် ဘာမှထွေထွေထူးထူးပြသနာမရှိပါဘူး။ ဒီလိုပဲ ဘောပွဲကလည်း နှစ်ဖက်အသင်း အကျိတ် အနယ်ကစားနေတယ်။ ငသူရကလည်း အကျိတ်အနယ်ပါပဲ။ မရိုးနိုင်နဲ့ စကားလုံးတွေနဲ့ စာသားအနုအရွလေးတွေရွေးပြီး ကောင်မလေးဆီကို တော်ကီတွေ မပြတ်လွှတ်နေတယ် ၂ယောက်လုံးက ဘောကွင်းထဲမှာ အာရုံမရှိကြဘူးလေ။ အဲဒီမှာ ငသူရက ပါးစပ်ကမပြောရဲလို့ထင်တယ် စပါယ်ယာပတ်စ် အိပ်ကပ်ထဲက စာခေါက်လေးထုတ်ပြီးပေးလိုက်တယ်။ ကောင်မလေးက ယူမယ်လက်အလှမ်း။ ကောင်မလေးအစ်ကိုက ဖြတ်ယူသွားပါတယ်။ ...ညီမလေး နင်ဒါဘာလုပ်နေတာလဲ...။ ...ဟို ဟိုဒင်း....။ ...တော်စမ်း....။ ကောင်မလေး ခေါင်းလေးငုံ့သွားပါတယ်။ အဲဒီအချိန်မှာ ကောင်မလေးအစ်ကိုဘေးနားက ချစ်ဖြိုး (နာမည်တွေတိုက်ဆိုင်သွားရင်ခွင့်လွှတ် ဒါက ဇာတ်လမ်းနာမည်ပါ) ဆိုတဲ့အကောင်က။ ....ဟေ့ကောင် နာချင်လို့လား ငါ့ရည်းစားကို စာပေးရအောင်....။ ငသူရ ကောင်မလေးကိုမေးလိုက်တယ်။ ...သူပြောတာ ဟုတ်လား ****....။ ကောင်မလေးက ဘာမှပြန်မပြောပဲ ခေါင်းလေးငုံ့ပြီး မျက်ရည်တွေကျလာတယ်။ အမှန်က ချစ်ဖြိုးဆိုတဲ့ အကောင်က ကောင်မလေးမိဘတွေနဲ့ သူ့မိဘတွေ ရင်းနှီးတာကို အကြောင်းပြပြီး အသားဝင်ယူနေတာပါ။ ငသူရလည်း ထိုင်ခုံမှာ မျက်နှာငယ်လေးနဲ့ ပြန်ထိုင်လိုက်တယ်။ ဒါကိုမှ ချစ်ဖြိုးဆိုတဲ့ ကောင်ကမမှတ်သေးဘူး ငသူရရဲ့ အင်္ကျီကို လှမ်းဆွဲပြီး ...ဟေ့ကောင် ငါ့ကိုပြန်တောင်းပန်စမ်း... ။ ငဖြိုးက.. ဘာလို့တောင်းပန်ရမှာလဲကွ မင်းနဲ့မှမဆိုင်တာ...။ ကောင်မလေးအစ်ကိုကလည်း ...ဟုတ်ပါတယ် ချစ်ဖြိုးရာ ဒီလောက်ဆို တော်လောက်ပါပြီ သွားရအောင်...။ ချစ်ဖြိုးက ယောက်ဖရှေ့ဆိုတော့ ပိုပြီးလူစွမ်းကောင်းလုပ်ချင်တယ်ထင်ပါရဲ့။ ....ဟေ့ကောင် တောင်းပန်မလား မတောင်းပန်ဘူးလား မတောင်းပန်ရင်....။ အဲဒီမှာတင် ကျွန်တော်တို့ ကျောင်းကအနိုင်ဂိုး တစ်ဂိုးသွင်းလိုက်ပါတယ်။ ....ဂိုးးးးးးးး....။ .....ခွပ်.....။ အသံနှစ်သံတစ်ပြိုင်တည်းပါပဲ။ ဘောလုံးဂိုးထဲဝင်သွားတာ လူတိုင်းသိလိုက်ပေမယ့် ငသူရဆိုတဲ့ကောင်လေးအထိုးခံလိုက်ရတာတော့ လူများများစားစားဂရုမပြုမိလိုက်ပါဘူးလေ။ ဟိုက လူအုပ်များတော့ ငသူရလည်း အားမတန်မာန်လျော့လိုက်ရတာပေါ့။ ချစ်ဖြိုးဆိုတဲ့ကောင်ကပြောသွားသေးတယ် ...အဟား ဟား ငါဆိုတဲ့ချစ်ဖြိုး မင်းကိုလူလည်ခေါင်မှာ ထိုင်ရှိခိုးနိုင်အောင်လုပ်နိုင်ရင် ****(ကောင်မလေးနာမည်)ကို ငါလက်လျော့ပေးမယ်....။ ကောင်မလေးအစ်ကိုက သနားတတ်တယ်ထင်ပါရဲ့ ငသူရကို ...ညီလေး ဘာဖြစ်သွားသေးလဲ တောင်းပန်ပါတယ်ကွာ... ဆိုပြီး လက်ကိုင်ပုဝါလေးတော့ ပေးသွားလေရဲ့။ ....မနေ့က အဖြစ်က အဲဒါပဲကွ....။ ငရဲရဲ့စကားအဆုံးသတ်သွားတယ်။

...သြော် ဂလိုကိုး...။ မနေ့ကအကြောင်းပြောပြီးပြီးချင်း အားလုံး အသံပြိုင်တူထွက်လာကြတယ်။ ...ဒါတော့ လုံးဝမခံသင့်ဘူး ဒီတော့ ငါတို့ ဘယ်လိုတုံ့ပြန်သင့်လဲ စဉ်းစားရမယ်...။ ကျွန်တော်က ၀င်ပြောလိုက်တာပါ။ (ငဇော်က) ကောင်မလေးအစ်ကိုက သဘောသိတ်ဆိုးပုံမပေါ်ဘူး မိဘတွေမျက်နှာကြောင့် ချစ်ဖြိုးဆိုတဲ့ကောင်ကို ဘာမှမပြောတာ ထင်တယ်....။ (ငလတ်က) အေး ဖြစ်နိုင်တယ် ကောင်မလေးကလည်း ငါတို့ကောင်ကြီး ငသူရကို ကြွေနေပုံပဲ...။ (ငဖြိုးက) ကြွေဆို ငါတို့ကောင်ကြီးက ရူပါဖြောင့်တာကိုး လောလောဆယ်တော့ မျောက်မျက်ကွင်းညိုဖြစ်နေတယ် ဟား ဟား။ ဟိုကောင်ငသူရ မြောက်ရမလို သစ်ကိုင်းပဲပြေးဆွဲရတော့မလိုဖြစ်သွားတယ်။ (ငရဲက) အခုအရေးကြီးတာ ချစ်ဖြိုးဆိုတဲ့ကောင်ကို ဘယ်လိုတိုက်ခိုက်ရမလဲ ဆိုတာပဲ....။ .....ဒီတော့....။ အားလုံး ပြိုင်တူ ခေါင်းလေးတွေ ကျွန်တော့ဘက်ကိုလှည့်လာတယ်။ လှည့်မှာပေါ့ ပေါက်ကရ ဥာဏ်နီဥာဏ်နက် ဥာဏ်ပြာဥာဏ်ဝါ ကျွန်တော့ခေါင်းက အကုန်ထွက်တယ်လေ။ Devilဇာတ်ဆရာလို့ အသိတွေခေါ်ကြတာလည်းမပြောနဲ့ ပြသနာဖြစ်ရင် ကျွန်တော်က အကွက်ကျကျဇာတ်လမ်းဆွဲပြီး ဖြေရှင်းတတ်တာကိုး။ ဒီတော့ ကျွန်တော်က ဆရာကြီးလေသံနဲ့ ....ငရဲပြောတဲ့ မနေ့ကအကြောင်းကိုပြန်သုံးသပ်ရင် မင်းလုပ်ရမှာ တစ်ခုပဲရှိတယ် ငသူရ....။ ....ဟေ လုပ်စမ်းပါဦးဟ....။ ...ဟိုအပိုးမကျိုးတဲ့ ချစ်ဖြိုးဆိုတဲ့ကောင်ပြောတဲ့အတိုင်း လူပုံလယ်မှာ သူကမင်းကို ထိုင်ရှိခိုးအောင်လုပ်ရုံပေါ့...။ ....အဟား ဟား ဟား ဟား ဟား...(ဟိုကောင် ငဖြိုးထရီတယ်)။ (ငလတ်က) ဟကောင်ရ ဟိုကောင်ချစ်ဖြိုးက ဒီငသူရကို အလကားနေရင်း အဖေရယ် ဦးလေးရယ်ဆိုပြီး သီတင်းကျွတ်မှာလို လာကန်တော့ပါ့မလားဟ...။ ...အေးလေကွာ သူရှိခိုးအောင် ဘယ်လိုလုပ်ရမှာလဲဟ... (ငဇော်နဲ့ငရဲက၀င်ပြောတယ်)။ ....အဟဲ ဟဲ နည်းလမ်းတစ်ခုတော့ ငါ့မှာရှိတယ် ငသူရလုပ်နိုင် မလုပ်နိုင်အပေါ်မူတည်တယ်....။ ငသူရက..ဘာဖြစ်ဖြစ်လုပ်မယ်ကွာ ****က ငါ့အသက်ကွ သူ့ကို သိတ်ချစ်....။ စကားတောင်မဆုံးသေးဘူး။ ....အဲ အဲလောက်ဆိုသိပြီ လုပ်မယ်ဆိုပြီးတာပဲ....။ အချစ်ဒသနကြီးဖွင့်မှာမို့ ကျွန်တော်လည်း စကားလှမ်းပိတ်လိုက်ရတယ်။ ...ကဲ ဒီတော့ ငဇော် မနက်ဖြန်ကျောင်းပိတ်ရက်ဆိုတော့ မင်းရဲ့ဗွီဒီယိုကင်မရာကို ဗိုလ်ချုပ်ဈေးဘက်ကိုယူလာခဲ့... ပြီးတော့ ငသူရ မင်းကတော့ ပိုက်ဆံ၅၀၀လောက် အကုန်ခံရမယ် ဟဲ ဟဲ.... ကျန်တဲ့လူတွေကတော့ ဗိုလ်ချုပ်ဈေးရှေ့မှာ မနက်၈နာရီဆုံမယ်....။ ချစ်ဖြိုးတို့ မိဘတွေက အဲဒီနားတစ်ဝိုက်မှာ ဆိုင်ဖွင့်ထားတယ်လေ။ ကျောင်းပိတ်ရက်ဆို ချစ်ဖြိုးက မနက်၉း၀၀နာရီလောက်လာပြီး ဆိုင်ထိုင်ပေးရတာ ကျွန်တော်ကြိုသိနေတာကိုး။ ဒီလိုနဲ့ အစီစဉ်ဆွဲပြီး လမ်းခွဲလိုက်ကြတယ်။

နောက်နေ့မှာတော့ ကျွန်တော်ရယ် ကင်မရာမန်းငဇော်ရယ် အဓိကဇာတ်ကောင်ငသူရရယ် မနက် ၈နာရီခွဲလောက်မှရောက်လာကြတယ်။ ချစ်ဖြိုးတို့ဆိုင်ကိုလှမ်းကြည့်တော့ မဖွင့်သေးပါဘူး။ ဒါဆိုဒီကောင်မလာသေးဘူးပေါ့။ အနားတစ်ဝိုက်မှာတော့ လူစည်ကားစပြုလာပါပြီ။ ကျန်တဲ့ဟိုကောင်တွေ အိပ်ရာထနောက်ကျန်ပြန်ပြီထင်ပါရဲ့။ တစ်ကောင်မှပေါ်မလာဘူး။ ကျွန်တော်က နာရီကိုတစ်ချက်ငုံ့ကြည့်ပြီး စကားစလိုက်တယ်....ကဲ ငသူရ ဟိုးလမ်းဘေးက ပို့စ်တာဆိုင်က ဘုရားပုံတစ်ပုံလောက်ပြေးဝယ်လိုက်ကွာ...။ ...ဟေ ဘာလုပ်ဖို့တုန်း...။ ...ဘာလုပ်လုပ်ကွာ အခုကိစ်စက ဘုရားကယ်မှ ပြီးမှာ အဟီး ဟီး....။ ဟိုကောင်က အပြေးအလွှားထွက်သွားတယ်။ ကျွန်တော့နှုတ်ကတော့ ....အဖြစ်ဆိုးရှာတော့မယ့် ချစ်ဖြိုးချစ်ဖြိုး မင်းတော့ ဖင်ဗူးတောင်းထောင်ပြီး ရှိခိုးဖို့သာ ပြင်ပေဦးတော့ကွာ ဟား ဟား ဟား....။ ငဇော်ကတော့ ခေါင်းကုပ်ပြီး ကျွန်တော့ကို ပြူးပြဲပြီးကြည့်နေရှာတယ်။ ..........၉း၁၅မိနစ်........ ။ ....ငနိုင် ငနိုင်...။ အားလုံးပြီးမှ ဟို၃ကောင်အပြေးအလွှားရောက်ချလာတယ်။ ...အခြေနေဘယ်လိုလဲ...။ ကျွန်တော်လည်း အားရပါးရကြီးကိုပြုံးလိုက်တာပေါ့။ ....အဟဲ ဟဲ ငနိုင်ပဲကွာ မပိုင်ရင် ခြင်တောင်မရိုက်ဘူး....။ ကျွန်တော်မပြောခင် ငသူရက ၀င်ပြောလိုက်တာပါ။ ....ဟေ.... ဟို၃ကောင် ပါးစပ်အဟောင်းသားလေးနဲ့ပေါ့။ ...ငဇော် ဒီကောင်တွေကို ရီကော့ဒ်လုပ်ထားတာပြန်ဖွင့်ပြလိုက်..... ။ ...ဟိုက် ရှား ဘား....။ တကယ်ကို ချစ်ဖြိုးက ငသူရကို ထိုင်ရှိခိုးနေတာပါ။ ကျောင်းပြန်ဖွင့်တော့ ကျွန်တော့တို့က ချစ်ဖြိုးတို့ကျောင်းမှာဖွင့်ပြမယ့် အခွေနဲ့ ကျွန်တော်တို့ ရီကော့ဒ်လုပ်ထားတဲ့အခွေ လဲထားလိုက်တယ်။ ကျောင်းသား/သူတွေကို ဆရာတွေက ဘိုင်အိုအခွေအနေနဲ့ ဖွင့်ပြတော့ ချစ်ဖြိုး ထိုင်ရှိခိုးနေတဲ့ ပုံကြီးပေါ်လာပါရောလား။ ဟိုကောင် ချစ်ဖြိုးတစ်ယောက် ကျောင်းတောင် မဆင်းသေးဘူး အိမ်ကိုလစ်ပြေးပါလေရော။

ဒီလိုနဲ့ပဲ ကျွန်တော့သူငယ်ချင်းငသူရတစ်ယောက်လည်း ကျောင်းစုံညီပွဲတော်မှာ သူ့ကောင်မလေးကိုကျွန်တော်တို့ကျောင်းကိုအလည်ခေါ်ရင်း စုံတွဲခုတ်လာပါရောလား။ ကျွန်တော်တို့ကို မုန့်ကဒ်တွေပေးပြီး ကျွေးတာ တ၀တပြဲပဲ။ ...ဒါနဲ့ ငနိုင်နဲ့ ငဇော် အဲဒီနေ့က ဖြစ်ပျက်ခဲ့တာလေး ပြန်ပြောပါဦးဟ....။ ငလတ်က မေးနေတာပါ။ ....ကဲ ပြောဆိုလည်း ပြောရတာပေါ့ကွာ....။ ငလတ်၊ငဖြိုး၊ငရဲ နဲ့ ငသူရရဲ့ကောင်မလေးတို့က မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ နားထောင်နေကြပါတော့တယ်။ ။



.....အဖြစ်မှန် အဲဒီနေ့က။ ဟိုကောင် ငသူရဘုရားပုံသွားဝယ်လာပြီး သိတ်မကြာဘူး ချစ်ဖြိုး ကားတားကားတားနဲ့ သူ့ဆိုင်ဘက်ကို ခြေဦးတည်လာတယ်။ ဒီတော့ ကျွန်တော်က ငသူရကိုခေါင်းညိမ့်အချက်ပေးလိုက်တယ်။ စောစောက သင်ပေးထားတဲ့အတိုင်း လုပ်ဆိုတဲ့သဘောပေါ့။ ငသူရလည်း ကျွန်တော့နားကထွက်သွားတယ်။ ငဇော်ကတော့ သူ့ကင်မရာလေးနဲ့စတင်ရိုက်ကူးနေပါပြီ။ ငသူရက ချစ်ဖြိုးရှေ့ရောက်ခါနီးမှာ သူ့လက်ထဲက ဘုရားပုံကို လက်ကမတော်တဆလိုနဲ့ လွှတ်ချလိုက်ပါတယ်။ အဲဒီမှာ ချစ်ဖြိုးတစ်ယောက် ဘုရားပုံကို တက်နင်းမိပါလေရော။ ငလတ်ကလည်း အကွက်ထဲဝင်တာနဲ့ အော်လိုက်တယ် ။ .....ဟာ ဘုရားပုံကို ခြေထောက်နဲ့တက်နင်းတယ်ဟ....။ ရုတ်တရက်ဆိုတော့ ဟိုကောင်ချစ်ဖြိုးလည်း ဘာလုပ်ရမှန်းမသိပဲ။ ဘုရားပုံကို ထိုင်ကန်တော့နေပါရောလား။ သူ့ရှေ့မှာ ငသူရရှိနေမှန်းတောင်မသိရှာဘူးလေ။ လူတွေကလည်း ၀ိုင်းကြည့်နေကြတော့ ရှက်ရှက်နဲ့ ဘယ်နကြိမ်မှန်းမသိ ထိုင်ကန်တော့ပြီး ထွက်သွားပါလေရော။ ............. ။ .....အဲဒါပါပဲကွာ...။ နားထောင်နေကြတဲ့သူငယ်ချင်းတွေက .......ကောင်းလှချည်လား ငနိုင်ရာ ဟား ဟား ဟား.....။ (ငသူရက) မင်းနဲ့ဆို ဘာမှမပြိုင်ရဲ့ဘူး Devil ဇာတ်ဆရာငနိုင် ရာ....ဟား ဟား......။ အားလုံး ရီသံလေးတွေ စီစီညံသွားပါတော့တယ်။








(အဖြစ်မှန်တော့မဟုတ်ပါ စိတ်ကူးယဉ် သက်သက်လေးပါ)
...






ကျေးဇူးတင်လျက်


ကျွန်တော့ရဲ့ Signature

...ကဲ Signatureကို ဒေါ်ညလေးကောင်းမှုကြောင့် တင်လို့ရသွားပါပြီ။ ဘယ်လိုနေလဲတော့မသိဘူး။ ဒေါ်ညလေးကို အထူးကျေးဇူးဗျို့ ဟီးးး။...





***************************************************
ကျေးဇူးတင်လျက်


Saturday, June 23, 2007

ကျေနပ်လျက်သာ


...အခုတလော အရှုပ်တွေ လုပ်နေတာနဲ့ ပို့စ်တင်ဖို့တောင်မအားဘူး။ ဒီတော့ ကဗျာအဟောင်းလေးတွေပဲ ပြန်တင်ပေးလိုက်ပါတယ်။...






ကျေးဇူးတင်လျက်


Wednesday, June 20, 2007

ကျွန်တော့ရဲ့ Music Player


...ကျွန်တော့်ရဲ့ Blogအောက်ဆုံးက Music Playerလေး ပြောင်းလိုက်ပါတယ်။ အရင်ကအဟောင်းကိုတော့ ကျွန်တော့ရဲ့ Zopia HomePageလေးမှာ သွားနားထောင်နိုင်ပါတယ်။ Blogရဲ့ ညာဘက်အောက်လေးမှာ ကျွန်တော့ရဲ့ Zopia Page Linkလေးကို Clickလိုက်ရုံပါပဲ။ အခုတင်ထားတဲ့ Music Playerက ကျွန်တော့ရဲ့ Friendster Pageမှာတင်ထားတဲ့ Music Playerလေးပါ။ အရင်Music Playerအဟောင်းလေးက သီချင်းတွေလည်းပါသလို မပါတာတွေလည်းရှိပါတယ်။ သီချင်းအသစ်တွေလည်းပါပါတယ်။ ရွေးပြီးတော့လည်း နားထောင်နိုင်ပါတယ်။ အခု Music Playerလေးက နားထောင်သူတွေ ပိုပြီးအစဉ်ပြေမယ်ထင်လို့ပါ။ ပြီးတော့ ဒီMusic Playerလေးထဲက သီချင်းတွေက ကျွန်တော့ရဲ့ Fav. သီချင်းလေးတွေပါပဲ။ ...

...သီချင်းတချို့တော့ ကျွန်တော့ဆီမှာ DownLoadပြီးသားလေးတွေရှိပါတယ်။ လိုချင်ရင်တော့ Mailပို့ပြီးတောင်းနိုင်ပါတယ်နော်။ ကျွန်တော်ဆီမှာရှိတဲ့သီချင်းလေးကိုတောင်းရင်တော့ ခင်မင်စွာနဲ့ပြန်ပို့ပေးနိုင်ပါတယ်။ အဲ ကျွန်တော်DownLoadပြီးသားမရှိရင်တာ့ ပြန်ပို့မပေးနိုင်တာ ခွင့်လွှတ်ပါလို့ ကြိုတင်တောင်းပန်ပါရဲ့။ ....

...သီချင်းလေးတွေကတော့ လွမ်း၊ကြမ်း၊ဆွေး၊အစုံပါပဲ။ သီချင်းလေးတွေကို Playချင်ရာ အရင်Playခိုင်းလို့ရပေမယ့် ကျွန်တော်က အစဉ်လိုက်လေးပဲPlayခိုင်းထားပါတယ်။ ကဲ ဒီတော့ ကြိုက်ရာသီချင်းလေးတွေ ရွေးပြီးနားထောင်နိုင်ပါပြီ။ သြော်...Music Playerလေးက Blogရဲ့ ဟိုးးးးအောက်ဆုံးမှာနော်။ ...







(မှတ်ချက်။ ။ အစ်ကိုတော်ဘီလူးဂျီးရဲ့ အိမ်မြှောင်ဥလည်းပါပါတယ်ဗျို့။ ရှာပြီးတော့သာ နားထောင်တော့ ဟီး ဟီး)

ကျေးဇူးတင်လျက်


အတိတ်က အချစ်ရဲ့ ရောင်စုံပိတ်ကား


...ဒီနေ့တော့ ဘာအကြောင်းကို ပုံကြီးချဲ့ အဲလေ ရေးသားပြီးပို့စ်တင်ရမှန်းမသိလို့။ ကဗျာအဟောင်းလေးပဲတင်ပေးလိုက်တယ်။ ဟီးးး...။ စိတ်ကူးရတဲ့အခါ မောင်ကင်းရဲ့အကျင့်အတိုင်း ပေါက်ကရလေးတွေ ဒိုင်ယာရီရေးသလို လာရေးပါ့မယ် ဟဲ ဟဲ။ ...





ကျေးဇူးတင်လျက်


Tuesday, June 19, 2007

ကျွန်တော်နဲ့ ဘလော့ဂ်


...ဘလော့ဂ်ကို ပြင်မယ် ပြင်မယ်နဲ့ အပျင်းထူပြီး မပြင်ဖြစ်တာကြာပြီ။ တကယ့် တကယ်လည်း ပြင်ရော မလုပ်တတ်တာတွေ Codesတွေ မသိတာတွေများနေတယ်။ သူများတွေလို Postတွေအောက်မှာ Signatureထည့်ချင်တယ်။ ပြီးတော့ Postအောက်က မျဉ်းကြောင်းနေရာကို ဟိုပြေးဒီပြေး မီးရောင်လေးတွေထည့်ချင်တယ်။ ဘာမှမလုပ်တတ်ဘူး။ ...

...အဲ မနေ့ကတော့ အားနေတာနဲ့ လျောက်ကြည့်ရင်း ဓါတ်လိုက်တဲ့ပုံလေးတွေ မိုးကြိုးပစ်တာလေးတွေ တွေ့တာနဲ့ သွားခိုးလာတယ်။ (အဟီ ရှူးးတိုးတိုး လျောက်မပြောနဲ့နော်)။ အမှန်က တခြားsiteကပါ။ သူပေးတဲ့ Codesတွေကို ဖြတ်တောက်ပြီး ကိုယ်ပိုင်လိုလို ပြန်ပြီးကလိလိုက်တာ ဟီး ဟီး။ ပြီးလည်းပြီးရော ဘလော့ဂ်ရဲ့ ရသမျှနေရာလေးတွေမှာ လျှောက်ထည့်လိုက်တယ်။ ဒီလောက်ပဲ တတ်တော့တယ်ဗျို့။ ဘလော့ဂ်နဲ့ နပန်းလုံးကောင်းနေတာနေတာ အဲဒီမှာတင် အချိန်က ၂နာရီလောက် ကုန်သွားရော။ နာရီကိုကြည့်တော့ မနက် ၃နာရီဖြစ်နေပြီ။...

...ဒေါ်ညလေးရဲ့ ဘလော့ဂ်လိုမျိုး ဘေးနားမှာ စုံနေအောင်တော့ ထည့်ချင်သားလား။ ဒါပေမယ့် siteတွေမသိဘူး။ အခုတော့လည်း ပြီးသွားတာပါပဲ။ ရှင်းတော့ရှင်းနေတာပေါ့။ ပြီးတော့ Music Boxလေးကို ဟိုးးးအောက်ဆုံးမှာ ထားလိုက်တယ်နော်။ သီချင်းတွေကတော့ ဒီသီချင်းတွေပါပ။ဲ PlayListကသီချင်းတွေကို နေရာနည်းနည်းလေးပြောင်းလိုက်တာပါ။ ...

...လာလည်တဲ့လူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ ၂နာရီလောက် ကြည့်ရင်းကြည့်ရင်းနဲ့ မျက်စိတွေကော ခေါင်းတွေကော လည်ထွက်ပြီး မူးနေတာပဲ ဟား ဟား။ ဒီတော့လည်း Postတွေအောက်က မျဉ်းနေရာမှာ ဟိုပြေးဒီပြေးလေးတွေ နဲ့ ဒေါ်ညလေးလို ဘေးမှာစုံနေအောင်မထားမိတာ မှန်သွားသလိုလို.. မဟုတ်ရင် ကျွန်တော့ဘလော့ဂ်ကို လာလည်တဲ့သူတွေ မူးပြီး ငုပ်တုတ်မေ့နေဦးမယ်။ ဒီတော့လည်း ဒီအတိုင်းပဲ ထားတော့မယ်လို့ဆိုပြီး အပြီးသတ်လိုက်တယ်။ အဲ ဒါပေမယ့် Signatureတော့ ထည့်ချင်သေးတယ်။ ဘယ်သူ့ကို အပူကပ်ရမှန်းမသိဘူး။ ဟီးးး....

ကဲ ကျွန်တော့ ဘလော့ဂ်လေး ကြည့်ရတာဘယ်လိုနေလည်း ပြောပြကြပါဦးနော်။ မျက်စိနောက်တယ်ဆိုရင်တော့ ပြန်ဖျက်ပေးပါ့မယ်။ မကောင်းရင်လည်း ကြိုတင်တောင်းပန်ပါရဲ့။...







ကျေးဇူးတင်လျက်


ပန်းလေးတွေလို ကိုယ့်အချစ်


...ဒီကဗျာလေးက ရေးထားတာကြာပါပြီ။ ကဗျာအသစ် သိတ်မရေးဖြစ်တော့လည်း အဟောင်းလေးတွေပဲ ပြန်တင်ပေးပါရစေနော်။ ကျေနပ်ကြမယ်ထင်ပါတယ်......




ကျေးဇူးတင်လျက်


Monday, June 18, 2007

ကျွန်တော်နှင့် Shopping Girls



...ကျွန်တော်ရဲ့တနေ့တာ Shopping...


ယနေ့ကား SATURDAY
ပျင်းပျင်းရှိလို့ Shoppingထွက်သည်
နေမင်းကြီးက လင်းလွန်းလှ၏။ ။

Shopping Mallတွင် လူပေါင်းစုံလင်
လမ်းလျှောက်ရင်း ငေးမိသည်
မိန်းမပျိုတွေ များလွန်းလှသည်တည့်။ ။

ဘယ်ဘက်နားက မိန်းမပျို
ကပိုကရိုဖြင့် အီကြာကွေးလို လမ်းလျှောက်သည်။
ညာဘက်နားက မိန်းမပျိုကား
ဂျင်းဘောင်းဘီကြပ် လူကပြားချပ်ချပ်နှင့်
အလွန်းကြည့်ရဆိုးပေတည်းး။ ။

အနောက်ဘက်က မိန်းမပျိုက
အင်္ကျီလည်ဟိုက် ဒေါက်ဖိနပ် တခွပ်ခွပ်ဖြင့် လမ်းလျှောက်သည်။
အရှေ့ဘက်က မိန်းမပျိုကား
အနက်ဝမ်းဆက် ပုတက်တက် မီနီစကပ် တထွာဖြတ်နှင့် အင်္ကျီခါးတို ဗိုက်ဖေါ်ဝတ်သည်
မြင်သူအောင်မလေး တ မိပြီတည့်။

တောင်၊မြောက်၊ရှေ့၊နောက်
ရေမွှေးနံ့ကြောင့် အသက်ရှူကြပ်လှပါတကား
Shoppingထွက်ရင်း သက်ပြင်းတဟင်းဟင်းဖြင့်
တနေ့တာ SATURDAYကား ဒီလိုပဲ ကုန်ဆုံးခဲ့သည်
(နောက်တစ်ခါဆို နေကာမျက်မှန် အရောင် နက်နက်တပ်ခဲ့တော့မည်)...








ဒါလေးရေးထားတာ ကြာခဲ့ပါပြီ။ Shoppingက အပြန် စိတ်ကူးရတာနဲ့ဟာသအဖြစ်လေးလို ရေးဖြစ်ခဲ့တာပါ။

ကျေးဇူးတင်လျက်


Sunday, June 17, 2007

အသဲကွဲ ကောင်းကင်



...အသဲကွဲ ကောင်းကင်...

နေရောင်မရှိတဲ့ ဒီညနေ
ဖြတ်တိုက်လာတဲ့ အေးမြလေ
ကန်ဘောင်ပေါ်က ကျွန်တော့်ကို
လှောင်ပြောင်လို့ ကျီစယ်နေလေသလား။ ။

မိုးရေက တစ်စက် တစ်စက်
ကောင်းကင်အောက်မှာ ထိုင်နေလျက်
ခေါင်းမော့ထားတဲ့ ကျွန်တော့်ကို
သနားလို့ပဲလား တိမ်တွေလည်း ငိုချလိုက်လေရဲ့။ ။

တိမ်ဆိုင်တွေမှောင်မည်း
မိုးရေထဲမှာ မျက်ရည်သဲလည်း
အသဲကွဲသမားလေး ကျွန်တော့်ကို
ဘယ်သူမှ ဂရုမပြုမိကြပါဘူးလေ။ ။

မိုးတွေက သည်းသည်းမည်း
ရှိုက်ငိုနေလျက် မျက်ရည်မစဲ
အဆွေးသမားလေး ကျွန်တော့်ကို
သရုပ်ဖော်ပြနေလေသလား
ကောင်းကင်မှာ အက်ကွဲကြောင်းတွေ အရောင်လက်လို့
တ ဒုန်းးး ဒုန်းးး နဲ့ မိုးတွေ ချိန်းနေလေရဲ့။ ။

သြော် ကောင်းကင်ကြီးလည်း အသဲကွဲနေတာကိုး......








ကဗျာအသစ်လေးပါ။ ဘယ်လိုနေလဲ အကြံပေးပါဦးနော်။


ကျေးဇူးတင်လျက်


မိုးစက်တွေကြားက ငယ်ဘဝ


...ဒီပို့စ်လေးကို ဒေါ်ညလေးက ဘေးထိုင်ဘုတော စီဘောက်ထဲမှာ ခြိမ်းခြောက် အဲလေ လာရေးခိုင်းတာနဲ့ စာရေးပျင်းတဲ့ ကျွန်တော်လည်း အားနာပါးနာ နဲ့ (အားနာတာထားတော့ ပါးနာတာတော့ ဒေါ်ညလေး မကျေနပ်ရင် ရိုက်မှာကြောက်လို့ ဟီး ဟီး) မိုးရာသီအကြောင်းရေးရပြန်ပြီပေါ့။....
**************************************************************************

ကျွန်တော်က ယောက်ျားလေးဆိုတော့ မိုးရွာရင်တော့ အသေပျော်တယ်။ ပြီးတော့ မြန်မာပြည်မှာ မိုးရာသီရောက်ပြီဆိုရင် ကျောင်းတွေက ပြန်ဖွင့်ပြီလေ။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့မှာကိုး။ ပြီးတော့ မိုးရွာရင် ညနေပိုင်းရွာပါစေလို့ အမြဲဆုတောင်းတယ်။ ဘာလို့လဲဆိုတော့ ညနေပိုင်း ကျူရှင်လွှတ်လို့ မိုးရွာရင် သူငယ်ချင်းတွေနဲ့ ဘောလုံးကန် မကန်ရင် စက်ဘီးကို တစ်မြို့လုံးပတ်စီး.. ပျော်စရာကြီးပါ။ ဒီကြားထဲ ကွက်ကြားမိုးနဲ့တိုးရင် ဖျားသေးတယ်... ဟိုဘက်မှာ ရေတွေစိုပြီး ဒီဘက်လည်းရောက်ရော နေကပူနေတော့ အပူရှပ်ပြီး ဖျားကုန်တာပေါ့။ ဟီး ဟီး ဒါလည်းမမှတ်ကြပါဘူး နေကောင်းတာနဲ့ ညနေပိုင်းမိုးရွာရင် မိုးရေထဲ ပြန်ရောက်ကုန်တာပါပဲ။ ငယ်ငယ်ကဆိုတော့ ကမြင်းကြောထဖို့ပဲ စိတ်ထဲရှိတာကိုး။ မိုးရွာရင် ထွက်လာတဲ့ မြေသင်းနံ့လေးကိုတော့ အခုထိမြတ်နိုးတုန်းပါပဲ။

မိုးရာသီရောက်ပြီဆိုတော့လည်း အစားအစာတွေ တယ်ပေါ။ အများဆုံးက ဖား၊ ငါး၊ အသီးအနှံတွေ။ မိုးရာသီမှာ ပေါ်တဲ့ တစ်ချို့ အသီးအရွက်တွေ ကျွန်တော့်ရဲ့ အနှစ်သက်ဆုံးထဲမှာပါ ပါတယ်။ အဘွားက အရိုးတံနဲ့အရွက်တစ်မျိုးကို ချဉ်စပ်ကြော်ပေးတာလေးရှိတယ်။ ခေါ်တာတော့ ဇရစ်ကြော်ဆိုလားပဲ။ (အခုတော့ မစားရတာကြာပြီ ဒီမှာ အဲဒီ အရွက်လုံးဝကို မရှိတာ)။ ပြီးတော့ ဖါးကို ကင်ပွန်းချဉ်ရွတ်နဲ့ အစပ်ချက်ပေးသေးတယ်။ (ရှလွတ် ပြောရင်း သရေကျလာဘီ ဟီးးး)။ နောက်တစ်ခုက ဂဏန်း သေးသေးလေးတွေပါ။ တချို့လူတွေက မစားဘူး။ ငရဲကြီးမှာ ကြောက်လို့တဲ့ ။ အစကတော့ ကျွန်တော်လည်း မစားပါဘူး နောက်တော့ အရသာတွေ့ပြီး အ၀တီးတာပါပဲ ဟီး ဟီး။ ငရဲကြီးတာ မကြီးတာတော့ မသိဘူး ငယ်ငယ်က အစားဆိုရင် အတော်သောင်းကျန်းသားလား။ ညီမလေးတွေကတော့ မစားပါဘူး။ အဲ ဒါပေမယ့် ဂဏန်းသည်လာပြီဆိုရင် ဂဏန်းအရှင်လေးတွေတောင်းပြီး မွေးထားတတ်ကြပါတယ်။ အဲဒီဂဏန်းကို အိမ်ဘေးက သဲပြင်နေရာရေကွက်နားလေးမှာ အရုပ်အိမ်တွေဘာတွေနဲ့ အိမ်ဆောက်ပေးသေးတယ်ဆိုပဲ။ (မိန်းခလေးတွေများ ပေါက်ပေါက်ရှာရှာနော်)။ နောက်ပြီးတော့ ရေတွင်းငါးလို့ခေါ်တဲ့ ငါးရံ့ပေါက် သေးသေးလေးတွေ အစပ်ချက် အချိုကြော် ဘယ်သူဘာပြောပြော ကျွန်တော်ကတော့ စားတာပဲ ဟီး။ (အောင်မလေး စားချင်လာဘီ အဲဒါ ဒေါ်ညလေးကြောင့်ပေါ့ ငါ ဟင်းအကြောင်းတွေ မေ့ထားတာကြာပြီ ဟမ်း ဟမ်းနော်)။ နောက်တစ်ခုက မုန့်တီ နေ့လည် ဒါမှမဟုတ် ညနေပိုင်း မိုးရွာပြီးရင် မုန့်တီသောက်တာ အကျင့်တစ်ခုလိုဖြစ်နေပြီ။ အိမ်နဲ့ မုန့်တီဆိုင်က သိတ်မှမဝေးပဲလေ။

မိုးရာသီဆိုတော့ ကောင်မလေးတွေ ကျောင်းလာရင် ထီးလှလှလေးတွေနဲ့ သူပြိုင် ကိုယ်ပြိုင်ပေါ့။ ယောက်ျားလေးတွေကလည်း သူပြိုင်ကိုယ်ပြိုင်ပါပဲ ငမ်းကြတာ။ (အဟီ အဲဒီထဲမှာ ငါရော ငါ့တယ်ရင်းတွေကောပါဒယ်)။ အဟဲ ယောက်ျားလေးတွေကလည်း မိုးကာ အင်္ကျီ ဒီဇိုင်းလှလှ အရောင်တောက်တောက်တွေနဲ့ လန်ပြန်နေတာပဲ။ စက်ဘီးစီးရင်တော့ အန်ဒရာယ်များသားလား။ ထီးကတစ်ဖက် စက်ဘီးကတစ်ဖက်ဆိုတော့။ ကားကျိတ်လို့ လုံးရာတစ်ခြား ပြားသွားမှလည်း စိုးရသေး။ ကျောင်းပြန်လွှတ်လို့ မိုးရွာရင်တော့ ရွာစမ်းပါစေ လွယ်အိပ်ကိုပဲ ထီးဆောင်းပေးထားတယ်။ အိမ်ရောက်တော့ မိုးရေ စိုရွဲလို့။ အမေကတော့ ဆူတာပေါ့။

အစ်ကိုဝမ်းကွဲတစ်ယောက်ပြောဖူးတာလေးရှိတယ်။ အသဲကွဲလွယ်သူတွေဟာ မိုးရေထဲလမ်းလျှောက်ရတာ နှစ်သက်ကြတယ်တဲ့။ ဘာလို့လဲဆိုတော့ ငိုတဲ့အခါ မိုးရေနဲ့ မျက်ရည်ရောသွားတာရယ် ပူနေတဲ့ရင်လည်း အေးမြသွားတာရယ် ကြောင့်ပါတဲ့။ အဲဒီတုန်းကတော့ ဘာမှန်းနားမလည်ဘူး။ အသဲကွဲတယ်ဆိုတာ ဘာမှန်းမှမသိတာ။ သေချာတာတော့ မိုးရွာရင် ကျွန်တော်ပျော်တယ်။ မိုးရွာထဲ နှုတ်ခမ်းတွေပြာတဲ့အထိ စက်ဘီးနင်းဖူးတယ်။ ပြီးတော့ တွေ့တဲ့ဆိုင်မှာ ဆန်ပြုတ်ပူပူလေးဝင်သောက်ရတာကို နှစ်သက်တယ်။ မိုးရွာထဲ ရွှံ့လူးပြီး ဘောလုံးကန်ရတာလည်း တမျိုးနှစ်သက်ပြန်တယ်။ မိုးရေထဲမှာ အသံဝင်တဲ့အထိ အော်ပြီး ဘောလုံးကန်ကြတာလေ။ နောက်နေ့ရောက်လို့ ဆရာက စာမေးရင် အသံမထွက်တော့ဘူး ဟီး ဟီး။

မိုးရွာတဲ့ညဆိုရင် အိပ်လို့အကောင်းသားလား။ မိုးသည်းလေ ကျွန်တော်ပိုပြီး အိပ်ကောင်းလေပါပဲ။ တချို့ကတော့ ညဘက်မိုးသည်းရင် ကြောက်တတ်ကြသတဲ့။ ဘာကြောင့်လဲတော့ ကျွန်တော်နားမလည်ပါဘူး။ ညဘက်ဆို ဖားအော်သံ အုံးအွမ် အုံးအွမ် နဲ့ နားထောင် ကောင်းသားလား။ မိုးသည်းသည်းရွာပြီဆို ကျောင်းကအရင်ဆုံး ရေတက်တယ်။ ချောင်းကခွဲထွက်တဲ့ ရိုးက ကျောင်းနောက်တင်လေ။ ကျောင်းလည်းပိတ် ရေကလည်း ကြီး ကျောင်းနောက်က ဘောကွင်းဆို ရေ ဒူးခေါင်းလောက်ရောက်တာ အနည်းဆုံးပဲ။ မျှော့တွေကတော့ အများသားလား။ အဟီး ဟီး ကျွတ်သာကျွန်တော်မကြောက်တာ မျှော့တော့ အသေကြောက်။ ရေကူးချင်ရင်တော့ အိမ်နဲ့ ၁မိုင်ကျော်ကျော်လောက်ဝေးတဲ့ ဆည်မြောင်းသွားကူးရတယ်။ အသက်၁၄လောက်ရောက်တော့ (လွန်ခဲ့တဲ့ ၃နှစ်လောက်ပေါ့) မိုးဖွဲဖွဲလေးကျပြီဆို ညနေပိုင်း ကျူရှင်ပြီးရင် သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် စက်ဘီးတွေနဲ့ ထွက်ပြန်တယ်။ တချို့ကောင်တွေက သူတို့ကောင်မလေးတွေ အိမ်ရှေ့ကို ယောင်၆၀ သွားလုပ်ကြတယ်လေ။ မိုးကာအရောင်တောက်တောက်လေးတွေနဲ့ အဖွဲ့လိုက် ဆူညံကျဲနေတော့ ကောင်မလေးတွေလည်း ပိုသတိထားမိမှာပေါ့။ ပြီးတော့ တခြားကျူရှင်တွေဘက် လျှောက်ပတ်စီးကြပါသေးတယ်။ အဲဒီအချိန်ဆိုရင် အကုန်မေ့ အိမ်စာတွေလည်းမေ့ အမေခိုင်းတာလည်းမေ့ တမေ့တမောကို ကဲကြတာ ဟီး ဟီး။
**********************************************************************

ပြန်တွေးရင်း သတိရလာပြီ။ ဒီလောက်နဲ့ပဲ ရပ်တော့မယ် တော်လောက်ပါပြီ။ ကျွန်တော့ရဲ့ မိုးရာသီအကြောင်းရေးရင် ပြီးမှာမဟုတ်တော့ဘူး။ (ကျွန်တော့ကိုရေးခိုင်းတဲ့ ဒေါ်ညလေးတော့ ကျေနပ်လောက်ပါရဲ့)။ ...





အပျင်းပြေကြမယ်ဆိုရင်ပဲ

ကျေးဇူးတင်လျက်


Friday, June 15, 2007

မင်းမုန်းမှာ ကြောက်လို့


...အမှတ်မထင် ရေးဖြစ်ခဲ့တဲ့ ကဗျာလိုလို စာလိုလို တိုတိုလေးပါပဲ ဟီဟိ...



ကျေးဇူးတင်လျက်