tracker tracker >>>SCORPION<<<: May 2007

Monday, May 28, 2007

ကောင်လေးတစ်ယောက်ရဲ့ ညကောင်းကင်


...ကောင်လေးတစ်ယောက်ရဲ့ ညကောင်းကင်...


၁၊၂၊၃၊၄၊၅၊......
ကြယ်တွေကို တစ်ခုစီရေတွက်ကာ
အဆုံးမရှိတဲ့ ကောင်းကင်ကြီးကို မျက်နှာမူလို့
ပူလောင်တဲ့နွေရာသီညမှာ
သစ်ပင်အောက်ကမျက်ခင်းပေါ် ကျောပြင်ခင်းထားမိတယ်။

တစ်ကိုယ်တည်း လမင်းကြီးကတော့
နှုတ်ခမ်းကို တွန့်ကွေးလို့ ပြုံးနေလေရဲ့။
သစ်ရွက်လေးတွေ ပျော်မြူးအောင်
လေပြေလေးက ညင်ညင်လေး တိုက်ခတ်နေသေးတယ်။

သစ်ပင်အောက်က ကောင်လေးကတော့
လမင်းကြီးလို လိုက်ကာပြုံးနိုင်ပေမယ့်
သစ်ရွက်လေးတွေလို မပျော်မြူးနိုင်ရှာဘူး
မျက်ဝန်းမှာတော့ ကြယ်ရောင်လေးတွေလို လက်နေပေမယ့်
သိတ်မကြာဘူး ကြွေကျလို့ မြေခ ကုန်လေရဲ့ (ကြယ်လေးတွေလို မမြဲနိုင်ပြန်ဘူးလေ)။

ကောင်းကင်ကြီးကို တိုင်တည်နေလေသလား
တချက် တချက် ရှိုက်သံလေးထွက်လာတယ်
(သို့) လေညင်းတွေကို ရင်ဖွင့်လေသလား
လေတိုးသံက ပြင်းထန်လာတယ်
(သို့) အချစ်မရှိတဲ့ တကိုယ်တည်းလမင်းကြီးကို အားကျလေသလား
သူလည်း နှုတ်ခမ်းလေး ကွေးနေအောင်ပြုံးထားတယ်
ဒါမှမဟုတ် ကြယ်လေးတွေကို အပြစ်တင်နေသလား
အရောင်တလက်လက်နဲ့ မျက်ဝန်းကကြယ်လေးတွေ ခဏခဏ ကြွေကျနေလေရဲ့။

...ပါးစပ်ကတော့ တဖွဖွနဲ့....
...အချစ်က ရက်စက်တတ်သလား...တဲ့လေ...







ကဗျာသစ်လေးပါ လိုအပ်တာလေးရှိရင် သိပါရစေနော်...

May, 28th 2007
ကျေးဇူးတင်လျက်


နှလုံးသား ဆန့်ကျင်ဘက်


...နှလုံးသား ဆန့်ကျင်ဘက်...
ယခုခောတ် ကောင်လေးကောင်မလေးတွေ ဖြစ်တတ်ကြတဲ့အရာလေးပါ...


ကျေးဇူးတင်လျက်


ငါမသိတဲ့ ငါ


...ငါမသိတဲ့ ငါ...
ကဗျာဟောင်းလေးပါ ရတနာဖိုရမ်မှာရေးခဲ့ဖူးပါတယ်။...


ကျေးဇူးတင်လျက်


Sunday, May 27, 2007

ကောင်မလေးသို့ (၁)


...ကောင်မလေးသို့ (၁)...


ကျေးဇူးတင်လျက်


Wednesday, May 23, 2007

အိမ်သာထဲက တစ်ခန်းရပ်စိတ်ကူး


...အိမ်သာထဲက တစ်ခန်းရပ် စိတ်ကူး...



လူတချို့ပြောတာကြားဖူးတယ်။ စိတ်ကူးဆိုတာ အလကားယဉ်လို့ရသလို ကြုံရာမှာလည်း ယဉ်လို့ရသတဲ့။
ဒီတော့ ကျွန်တော်လည်း ကပ်သီးကပ်သပ်ကို အိမ်သာထဲမှာ စိတ်ကူးယဉ်ပစ်လိုက်တယ်။
ကြိုပြောထားတယ် စားသောက်နေရင်း မဖတ်နဲ့နော် ဟီး ဟီး

။ ။ စိတ်ကူးထဲမှာ.......Mr.Guitarမှာ သူငယ်ချင်း၎ယောက်နဲ့ စားသောက်ပြောဆို ဆူညံကြဲနေတာပေါ့။ ကောင်မလေးတချို့ဝင်လာပါတယ် သူတို့ကလည်း၎ယောက်ပါ။ စကားကိုရပ်ပြီး တံခါးပေါက်ဆီ အကြည့်တွေပြိုင်တူပါပဲ။အဟဲ ဘာရမလဲ အောက်ကနေ စကြည့်တာပေါ့။ သူငယ်ချင်းတစ်ယောက်က ထအော်တယ်။ အားပါးပါး မိနီ မိနီ ကပ်ကပ်။ ဟမ် ဘယ်ကမိနီကိုပြေးကပ်ရမှာလဲဟ။ မင်းနဲ့သိလို့လား။ ဒါမှမဟုတ် အဲဒီအုပ်စုထဲက ကောင်မလေးတစ်ယောက်နာမည်က မိနီလား။ မင်းနဲ့သိရင် မိတ်ဆက်ပေးလေကွာ ဟီး ဟီး။ တစ်ယောက်တစ်ပေါက် ၀ိုင်းဖြီးကြပါတယ်။ ဟိုကောင်က မီနီစကပ် လေးတွေနဲ့လို့ ပြောတာပါကွာ။အဲဒီကောင်ပါးစပ်ကိုအတင်း ပိတ်လိုက်ကြပါတယ်။ ပိတ်မှပေါ့ လဒက အာပြဲတာကိုး။ နင့်ဂျီးတော်တွေကြားသွားမယ်တိတ်တိတ်နေ။ ကောင်မလေးတွေက ကျွန်တော်တို့စားပွဲကို ဖြတ်လျောက်သွားတာပါ။ ခုံစွန် လျောက်လမ်းဘေးနားမှာထိုင်နေတဲ့တစ်ကောင် ပြသနာစပါရောလား။ ကောင်မလေးတွေ ရေမွှေးနံ့ကြောင့် ထင်ပါရဲ့ အဲဒီကောင်က...ဟပ်..ဟပ်....ကောင်မလေးတစ်ယောက်က သူ့ကိုခေါ်တယ်မှတ်ပြီး နောက်လှည့်အကြည့်...ဟပ်..ချီးးးးးးးးး...အားပါးပါး အားရပါးရကြီးပါလားနော်... လှည့်ကြည့်တဲ့ကောင်မလေးက ရှင်ကျွန်မကိုနောက်တာလားတဲ့။ ဟိုကောင်လည်း ယောင်ယောင်မှားမှားနဲ့ စားပွဲပေါ်မှာတင်ထားတဲ့ ဇွန်းကိုကိုင်ပြီး ရဲနေတဲ့နှာခေါင်းကိုပွတ်နေတယ်..ပါးစပ်ကလည်း ...ဟို ..ဟိုဒင်း.. ဟိုဟာလေ ...ကောင်မလေးက စိတ်မရှည်ဘူးထင်ပါရဲ့...ကျွတ်...ဘယ်လိုဟာတွေလည်းမသိဘူး ဆိုပြီးလှည့်ထွက်သွားတယ်။ ကျွန်တော်တို့ကိုပါ ပုပ်ခတ်သွားလို့ ရန်တွေ့မယ်အလုပ်။ ယောက်ျားလေးတို့ထုံးစံအတိုင်း ကောင်မလေးရဲ့နောက်ကိုမြင်ရတာနဲ့ မျက်လုံးက တင်ပါးဆုံကိုရောက်သွားတယ်။ လားလား သူ့စကပ်မှာ ဟိုကောင့် နှပ်ချီးတွေအပျစ်လိုက်ပါလား။ အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထိုင်ခုံပေါ်ပြန်ထိုင်လိုက်ကြတယ်။ပြီးတော့မှ ဟီး ဟီး ဟီး ဟား ဟား ဟား။ ကောင်မလေးတွေက သူတို့ကိုရီတယ်ဆိုတာသိတာနဲ့ ကျွန်တော်တို့ဘက်ကို အကုန်ပြန်လှည့်ပြီး ခါးထောက်လိုက်ကြပါတယ်။ အဲဒီမှာ စောစောကကောင်မလေးပေါ့ ဟို့ကောင့်နှပ်ချီးပေါ် လက်ရောက်သွားပါလေရော။ ကောင်မလေးက ရုတ်တရက်ဆိုတော့...ဟမ်...ဘာ ဘာတွေလဲ။ အဟား ဟား ဘာ ဘာတွေလဲတဲ့ အဲဒါစောစောက နှာချေတဲ့ကောင်ရဲ့ နှပ်ချီးတွေလေ ဆိုပြီး တစ်ကောင်က အချွန်နဲ့ မ ပါတယ်။ ကောင်မလေးက ရှက်သွားပြီး ဟို ဇွန်းနဲ့ နှာခေါင်းပွတ်နေတဲ့ကောင်ရဲ့ အင်္ကျီကို လှမ်းသုပ်လိုက်ပါတယ်။ အဲဒီမှာ ဟိုဘက်ဘေးနားက ကောင်ရဲ့ ခြေထောက်ကို ဒေါက်ဖိနပ်နဲ့နင်းမိပါလေရော...အားးးလားးးလားးးး..သေပါပြီကွာ... ဟိုကောင်စွေ့စွေ့ခုန်နေပါလေရော။ ဟမ် ဟိုကောင်ဘာထဖြစ်တာလဲ။ ငါ့ ငါ့အောက်ကို သူလုပ်ကြံသွားတယ်။ ကောင်မလေးကိုလက်ညိုးထိုးပြီးပြောနေတာပါ။ ဟိုက် သောက်ကျိုးနည်း။ ဘုမသိဘမသိနဲ့ ကျွန်တော်ကလည်း ဟဲ့ကောင်မလေး နင်ဟိုကောင့်ကို ဘာလုပ်လိုက်တာလဲ။ဘာလုပ်လို့လဲ ။ အောင်မာ အခုမှ လာမရွှီးနဲ့ နင်တမင်လုပ်လိုက်တာမလား။ ဟိုမှာ ဟိုကောင် အောက်နာတွားဘီ။ စကားမပီတဲ့ကောင်က၀င်ပြောတာပါ သူက ၀ပ်ရှော့ပ်မှာ အလုပ်လုပ်တာပါ။ ကားတွေမှာ အောက်ထိတွားရင် ပြင်ရခက်တယ်။ အခု ဟိုကောင်အောက်ထိတွားဘီ နင်ဘယ်လိုလုပ်ပေးမှာလဲ။ သွားပြီးရန်တွေ့နေတာပါ။ ဘာလုပ်ပေးရမှာလဲ ရှင်ကကော ဘာဖြစ်ချင်လဲ။ ကောင်မလေးတွေစိတ်ရှည်ပုံမရတော့ပါဘူး အကုန်ဝိုင်းအော်ကြပါတယ်။ စားပွဲထိုးလေးက။ အစ်ကိုတို့ အစ်မတို့ အေးဆေးပြောကြပါဗျာ။ အဲဒီမှာ နှာချေတဲ့ကောင်က ..ဟိုလေ တောင်းပန်ပါတယ်ဗျာ ကျွန်တော်ပြန်သုပ်ပေးပါ့မယ်ဆိုပြီး ။ လက်ရဲဇက်ရဲနဲ့ နှပ်ပေတဲ့ကောင်မလေးရဲ့ နေရာကို လှမ်းသုပ်ပေးနေပါလေရော။ ရုတ်တရက်အကုန်ကြောင်သွားတယ်။ ပြီးလည်းပြီးရော ကောင်မလေးတွေ လက်တွေကော ခြေထောက်တွေကော အစုံထွက်လာပါလေရော။ ဖိနပ်ပျံပါ ပါလာသေးတယ်..............

ဒုန်းးးဒုန်းးးးဒုန်းးးဒုန်းးးးး ဟဲ့ အိမ်သာထဲကကောင် အိမ်သာထဲဝင်တာ ၁နာရီလောက်ရှိပြီ အ၀စားနေတာလား
(အိမ်သာအပြင်က ချစ်မေမေရဲ့ အသံပါ)
အဟီး တော်ပါသေးရဲ့ ဖိနပ်စာမိတော့မလို့
စိတ်ကူးယဉ်တာတောင် မစားသာပါလားနော်...

(အဟီး အပျင်းပြေကြမယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီဗျာ)

ကျေးဇူးတင်လျက်


အစဉ်မပြေမှုလေးများ


...အဟဲ လာကြည့်တဲ့လူတွေကို အားလည်း နာတယ် ခင်လည်းခင်တယ်။
အခုတလော ကျွန်တော်လည်း အရှုပ်တွေလုပ်တာများနေလို့ ကိုယ့်ဘလော့်ခ်ကိုယ်တောင် မေ့နေတယ်။

အခုကဗျာလေးက ကျွန်တော် မြန်မာပြည်မှာ အထက်တန်းတက်တုန်းကတည်းက ရေးထားတဲ့ကဗျာလေးပါ။
ဟိုးအရင်က ရတနာဖိုရမ်မှာလည်းတင်ခဲ့ဖူးတယ်ထင်ပါတယ်။
ကဗျာအသစ်တွေလည်း မရေးဖြစ်ဘူး ဆိုတော့ အဟောင်းလေးတွေပဲ postပေးပါရစေနော်။
ကျေနပ်ကြမယ်ထင်ပါတယ်။...



ကျေးဇူးတင်လျက်