tracker tracker >>>SCORPION<<<: ကောင်လေးတစ်ယောက်ရဲ့ ညကောင်းကင်

Monday, May 28, 2007

ကောင်လေးတစ်ယောက်ရဲ့ ညကောင်းကင်


...ကောင်လေးတစ်ယောက်ရဲ့ ညကောင်းကင်...


၁၊၂၊၃၊၄၊၅၊......
ကြယ်တွေကို တစ်ခုစီရေတွက်ကာ
အဆုံးမရှိတဲ့ ကောင်းကင်ကြီးကို မျက်နှာမူလို့
ပူလောင်တဲ့နွေရာသီညမှာ
သစ်ပင်အောက်ကမျက်ခင်းပေါ် ကျောပြင်ခင်းထားမိတယ်။

တစ်ကိုယ်တည်း လမင်းကြီးကတော့
နှုတ်ခမ်းကို တွန့်ကွေးလို့ ပြုံးနေလေရဲ့။
သစ်ရွက်လေးတွေ ပျော်မြူးအောင်
လေပြေလေးက ညင်ညင်လေး တိုက်ခတ်နေသေးတယ်။

သစ်ပင်အောက်က ကောင်လေးကတော့
လမင်းကြီးလို လိုက်ကာပြုံးနိုင်ပေမယ့်
သစ်ရွက်လေးတွေလို မပျော်မြူးနိုင်ရှာဘူး
မျက်ဝန်းမှာတော့ ကြယ်ရောင်လေးတွေလို လက်နေပေမယ့်
သိတ်မကြာဘူး ကြွေကျလို့ မြေခ ကုန်လေရဲ့ (ကြယ်လေးတွေလို မမြဲနိုင်ပြန်ဘူးလေ)။

ကောင်းကင်ကြီးကို တိုင်တည်နေလေသလား
တချက် တချက် ရှိုက်သံလေးထွက်လာတယ်
(သို့) လေညင်းတွေကို ရင်ဖွင့်လေသလား
လေတိုးသံက ပြင်းထန်လာတယ်
(သို့) အချစ်မရှိတဲ့ တကိုယ်တည်းလမင်းကြီးကို အားကျလေသလား
သူလည်း နှုတ်ခမ်းလေး ကွေးနေအောင်ပြုံးထားတယ်
ဒါမှမဟုတ် ကြယ်လေးတွေကို အပြစ်တင်နေသလား
အရောင်တလက်လက်နဲ့ မျက်ဝန်းကကြယ်လေးတွေ ခဏခဏ ကြွေကျနေလေရဲ့။

...ပါးစပ်ကတော့ တဖွဖွနဲ့....
...အချစ်က ရက်စက်တတ်သလား...တဲ့လေ...







ကဗျာသစ်လေးပါ လိုအပ်တာလေးရှိရင် သိပါရစေနော်...

May, 28th 2007
ကျေးဇူးတင်လျက်


No comments: