tracker tracker >>>SCORPION<<<: ကျွန်တော်နှင့် Shopping Girls

Monday, June 18, 2007

ကျွန်တော်နှင့် Shopping Girls



...ကျွန်တော်ရဲ့တနေ့တာ Shopping...


ယနေ့ကား SATURDAY
ပျင်းပျင်းရှိလို့ Shoppingထွက်သည်
နေမင်းကြီးက လင်းလွန်းလှ၏။ ။

Shopping Mallတွင် လူပေါင်းစုံလင်
လမ်းလျှောက်ရင်း ငေးမိသည်
မိန်းမပျိုတွေ များလွန်းလှသည်တည့်။ ။

ဘယ်ဘက်နားက မိန်းမပျို
ကပိုကရိုဖြင့် အီကြာကွေးလို လမ်းလျှောက်သည်။
ညာဘက်နားက မိန်းမပျိုကား
ဂျင်းဘောင်းဘီကြပ် လူကပြားချပ်ချပ်နှင့်
အလွန်းကြည့်ရဆိုးပေတည်းး။ ။

အနောက်ဘက်က မိန်းမပျိုက
အင်္ကျီလည်ဟိုက် ဒေါက်ဖိနပ် တခွပ်ခွပ်ဖြင့် လမ်းလျှောက်သည်။
အရှေ့ဘက်က မိန်းမပျိုကား
အနက်ဝမ်းဆက် ပုတက်တက် မီနီစကပ် တထွာဖြတ်နှင့် အင်္ကျီခါးတို ဗိုက်ဖေါ်ဝတ်သည်
မြင်သူအောင်မလေး တ မိပြီတည့်။

တောင်၊မြောက်၊ရှေ့၊နောက်
ရေမွှေးနံ့ကြောင့် အသက်ရှူကြပ်လှပါတကား
Shoppingထွက်ရင်း သက်ပြင်းတဟင်းဟင်းဖြင့်
တနေ့တာ SATURDAYကား ဒီလိုပဲ ကုန်ဆုံးခဲ့သည်
(နောက်တစ်ခါဆို နေကာမျက်မှန် အရောင် နက်နက်တပ်ခဲ့တော့မည်)...








ဒါလေးရေးထားတာ ကြာခဲ့ပါပြီ။ Shoppingက အပြန် စိတ်ကူးရတာနဲ့ဟာသအဖြစ်လေးလို ရေးဖြစ်ခဲ့တာပါ။

ကျေးဇူးတင်လျက်


No comments: