tracker tracker >>>SCORPION<<<: အသဲကွဲ ကောင်းကင်

Sunday, June 17, 2007

အသဲကွဲ ကောင်းကင်



...အသဲကွဲ ကောင်းကင်...

နေရောင်မရှိတဲ့ ဒီညနေ
ဖြတ်တိုက်လာတဲ့ အေးမြလေ
ကန်ဘောင်ပေါ်က ကျွန်တော့်ကို
လှောင်ပြောင်လို့ ကျီစယ်နေလေသလား။ ။

မိုးရေက တစ်စက် တစ်စက်
ကောင်းကင်အောက်မှာ ထိုင်နေလျက်
ခေါင်းမော့ထားတဲ့ ကျွန်တော့်ကို
သနားလို့ပဲလား တိမ်တွေလည်း ငိုချလိုက်လေရဲ့။ ။

တိမ်ဆိုင်တွေမှောင်မည်း
မိုးရေထဲမှာ မျက်ရည်သဲလည်း
အသဲကွဲသမားလေး ကျွန်တော့်ကို
ဘယ်သူမှ ဂရုမပြုမိကြပါဘူးလေ။ ။

မိုးတွေက သည်းသည်းမည်း
ရှိုက်ငိုနေလျက် မျက်ရည်မစဲ
အဆွေးသမားလေး ကျွန်တော့်ကို
သရုပ်ဖော်ပြနေလေသလား
ကောင်းကင်မှာ အက်ကွဲကြောင်းတွေ အရောင်လက်လို့
တ ဒုန်းးး ဒုန်းးး နဲ့ မိုးတွေ ချိန်းနေလေရဲ့။ ။

သြော် ကောင်းကင်ကြီးလည်း အသဲကွဲနေတာကိုး......








ကဗျာအသစ်လေးပါ။ ဘယ်လိုနေလဲ အကြံပေးပါဦးနော်။


ကျေးဇူးတင်လျက်


No comments: