ကျွန်တော့်ခံယူထားတဲ့ ဘဝ
...ကျွန်တော်ခံယူထားတဲ့ဘ၀...
ကျွန်တော့အကြောင်း။ ။
မရေးခင်အရင်ပြောချင်တာက..... ကျွန်တော်က လူဆိုးလေးဆိုပါတော့။ အထက်တန်းကိုမြန်မာပြည်မှာ ပြီးခါနီးမှ ထွက်ပြီးတော့ ယူအက်စ်ကို ရုတ်တရက်ရောက်လာတယ် ဒီရောက်တော့ ၂နှစ်လောက်တက်ပြီး အခုမတက်ချင်တော့လို့ ကျောင်းထွက်လိုက်တယ်... ဘာကြောင့်လဲတော့ မမေးနဲ့ ထွက်ချင်လို့ထွက် တယ် (ဟီး ဟီး) .... လူတွေကမေးကြတယ် ဘာလို့ ကျောင်းမတက်ချင်တော့တာလဲတဲ့.... သူများတွေလို ဆရာဝန်တွေ အင်ဂျင်နီယာတွေ ရာထူးမြင့်မြင့်တွေနဲ့ အေးဆေး အဲယားကွန်း ခန်းထဲမှာ အလုပ်မလုပ်ချင်ဘူးလားတဲ့လေ။...
ခံယူချက်။ ။ (လက်သင့်ခံဖို့မတောင်းဆိုသလို အကုန်မှန်တယ်လို့လည်း မပြောပါဘူးဗျာ ဟီးးး)
လူဆိုတာ အမြဲရုန်းကန်နေရတယ်တဲ့.. ဆင်းရဲသူလည်း ဆင်းရဲသလိုရုန်းကန်။ ချမ်းသာသူလည်း ချမ်းသာတဲ့အလျောက် ရုန်းကန်ကြရတာပဲ။ နေရာအနေအထားပဲ ကွာမှာပါ။ ဆင်းရဲသူဟာ ဆင်းရဲသလို အသက်အန်ဒရာယ် (စာလုံးပေါင်း ကီးမက်ပ်မသိလို့ ဟီးး) ရှိတဲ့အလုပ် လုပ်ရပေမယ့်... ချမ်းသာသူဟာလည်း ချမ်းသာသလို အသက်အန်ဒရာယ် ရှိတဲ့အလုပ်တွေ လုပ်ရတာရှိတာပါပဲ။ အမှန်တော့ တွေးကြည့်ရင် ဘာမှသိတ်မထူးလှပါဘူး။ တခါတလေ ချမ်းသာသူက အသက်အန်ဒရာယ်အပြင် စိတ်ဒုက်ခရောက်စရာတွေ ရရှိသေးတယ်။ အဲ ကျွန်တော်ကတော့ သာမာန်ဘ၀လေးကို လိုချင်သူပေါ့။ အရမ်းလည်းမဆင်းရဲချင်ဘူး အရမ်းလည်းမချမ်းသာချင်ဘူး။ ပညာတတ်ကြီးမဖြစ်ချင်သလို ပညာမဲ့လည်း မဖြစ်ချင်ပြန်ဘူး။ ရေးနေကျ ကဗျာလိုလို စာသားလေးနဲ့ပြောရရင်..... ဆူးခင်းလမ်းလည်း မလျောက်ချင်ဘူး.... စိန်စီလမ်းလည်း မနင်းချင်ဘူး..... မြေနီလမ်းလေးသာ ဖြတ်သန်းပါရစေ....ဆိုသလိုပေါ့။ (ဟာဟ)
ဘ၀ဆိုတာ။ ။ (ကျွန်တော်ခံယူထားသော)
ဘ၀ဆိုတဲ့ အဓိပ်ပါယ်ထဲမှာ သင်ယူမှုဆိုတဲ့ အချက်ပါနေတယ်ဆိုတာ မှန်ပါတယ်။ သင်ယူမှုဆိုတဲ့အထဲမှာ တချို့က ပညာတစ်ခုတည်းလို့ပဲ ခံယူထားလေသလား ပညာကို အသက်လောက်တန်ဖိုးထားအချိန်ပေးလို့ ကျန်းမာရေးထိခိုက်ခံတဲ့အထိ ကျိုးစားကြပြန်တယ်။ တချို့ကလည်း စာပေပညာရေးတစ်ခုတည်း ဂုဏ်ရှိတယ်ထင်လေသလား "ကျွန်မသားလေးက ဆေးကျောင်းတက်နေတာ အရမ်းတော်တာ" လို့ပြောပြီး။ ဆရာဝန်ဖြစ်လာတော့ ဆင်းရဲသူတွေဆိုဖြစ်သလိုကုပြီး ပိုက်ဆံသဲ့ယူတာကကော။ ပုံမှန်အဖိုးအခနဲ့ ပြင်ပေးတဲ့ ၀ပ်ရှော့ပ်က ကောင်လေးလောက် ဂုဏ်ရှိပါ့မလား။ (တချို့ဆရာဝန်များကိုသာဆိုလိုသည်) ကဲ...ထားတော့။ လူအများစုဟာ ပညာကို ဂုဏ်နဲ့ငွေအတွက် ရှာဖွေတတ်ကြပါတယ်။ ဒါကလည်း သူတို့ခံယူချက်နဲ့သူတို့ပဲလေ။ ဘာမှပြောစရာမရှိပါဘူး။ အဲဒါပေမယ့် စာပေပညာအရမ်းတော်မှ ငွေရှိမှ ဂုဏ်ရှိတယ်လို့ဆိုတဲ့ လူတွေကိုတော့ ကြည့်မရတာတော့အမှန်ပဲ။ အမှန်တော့ သင်ယူမှုဆိုတဲ့ကဏ္ဍထဲမှာ ပညာရေးဆိုတာ အလွန်းဆုံးပါလှ ၂၀% ပေါ့... လောကမှာ သင်ယူစရာတွေကအများကြီးပါ.... ဒါကိုဘာကြောင့်များ တချို့က ပညာရေးကို အသက်လောက်တန်ဖိုးထားတတ်ကြသလဲ? ကျွန်တော်မသိပါဘူး။ သိချင်စိတ်လည်းမရှိပါဘူး။ လူဆိုတာ ကိုယ့်ခံယူချက်နဲ့ကိုယ် လျောက်လှမ်းနေကြတာချည်းပဲလေ။ ဟိုးးးး အမြင့်ကိုရည်မှန်း အောက်ခြေမလွတ်စေနဲ့တဲ့.... အဲလိုကျင့်နိုင်တဲ့လူလည်း နည်းသားလား။
ကံတရားနဲ့ ကျွန်တော်။ ။
ကံစီမံရာတဲ့.... အရမ်းချမ်းသာနေတဲ့လူဟာ မွဲတေသွားနိုင်သလို... အရမ်းဆင်းရဲသူဟာ သူဌေးကြီးဖြစ်နိုင်သတဲ့... ကံတရားကြောင့်တဲ့လေ။ လူလတ်တန်းစားအတွက်တော့ အဲလို စာသားတွေ ကြားဖူးပါသလား? လူလတ်တန်းစားတွေအတွက်ကောဘာဖြစ်နိုင်လဲ။ ကံကိုလူကထိန်းချုပ်သတဲ့။ တချို့ကပြောတယ် လူကိုကံကထိန်းချုပ်သတဲ့။ ဘယ်ဟာက ဘယ်လိုထိန်းချုပ်ပါစေလေ ကျွန်တော်ကတော့ ကံကြမ်မာအခွင့်ပေးသလောက် လုပ်ချင်တာ လုပ်စရာရှိတာလုပ်မယ် ကျုံသလိုသင်ယူမယ်။ အဲ ကံကြမ်မာမျက်နသာမပေးတဲ့နေ့ကျရင်လည်း ဘာမှထိခိုက်ခံစားရမယ်မထင်ဘူး။သင်တို့ကော...?
ဘ၀ဆိုတာ မြင့်လာလေအကျနာတတ်သတဲ့။ နိမ့်ရာက မြင့်လာလေ ပြသနာတွေပိုများလာတတ်သတဲ့။
ကျွန်တော်ရည်မှန်းတဲ့ဘ၀။ ။
ရည်မှန်းချက် နိမ့်ကျစွာမရှိသလို အရမ်းအကြီးကြီးလည်းမရှိပါဘူး........ ဘ၀ဆိုသလို ရုန်းကန်နေမယ် ကြုံသလိုသင်ယူနေမယ်။ တတ်သလို လုပ်စားမယ် (ဟီဟိ)။ အခြေတကျတော့ နေချင်တယ်။ အဲ ပြီးတော့ ကျွန်တော့လိုခံယူချက်ရှိတဲ့ ကောင်မလေး (သို့) ကျွန်တော့ခံယူချက်တွေကို လက်ခံနိုင်ပြီး အပြစ်မမြင်ပေမယ့် သူ့ခံယူချက်ကိုလည်းမစွန့်လွှတ်တဲ့ကောင်မလေး နဲ့ ဘ၀လက်တွဲဖော်ဖြစ်ချင်သေးတယ်။ အသဲတော့ ယောင်လို့တောင်မကွဲချင်တော့ဘူး (ဒါလည်းအရေးကြီးတာပဲ ဟီဟိ)
အဟဲ...ပြောချင်တာာတော့ အများသားလား။ သူများတွေလို အရေးအသားမကောင်းတော့ ဒီလောက်ဆို ကျွန်တော့ခံယူချက်လေး နည်းနည်းနားလည်ကြလိမ့်မယ်ထင်ပါရဲ့လေ။
အခုရေးထားတာတွေကို လက်ခံပါလို့လည်း မပြောသလို အကုန်မှန်တယ်လို့လည်းမဆိုလိုပါဘူးနော်
ကိုယ့်ခံယူချက်နဲ့သာ ဆက်လျောက်လှမ်းပါ အရေးကြီးတာ စိတ်ကောင်းကောင်းထားပေါ့နော်။
ကျေးဇူးတင်လျက်
![]() |

1 comment:
ta cho ka koe a twi nat tu tal ta ku pyaw chin tar ka nout ta ma ya phote par bal
a twin tu thaw kaung ma lay ko ya par say kawr
Post a Comment