tracker tracker >>>SCORPION<<<: အချစ်တစ်ပွဲ နှပ်တွဲလွဲည

Friday, June 15, 2007

အချစ်တစ်ပွဲ နှပ်တွဲလွဲည


.. .သြော် လောကလောက ပြောမရဆိုမရ မောလို့မှမနား ဒီလူ့ဘ၀ကြားမှာ လှုပ်ရှားရုန်းကန် ..... ဂလုံ ဂလွမ်.... ငကင်းတစ်ယောက် စာသံပေသံနဲ့ လေဖောမယ်မကြံသေးဘူး အနောက်ဖေးက အိုးသံခွက်သံက နားထဲဝင်လာတယ်။ ထကြည့်လိုက်တော့ ဘေးအိမ်ကကြောင်ပါလား။ သြော်.. ကြောင်တောင်မှ ငါ့လေသံမခံနိုင်ရှာပါလားလို့ တဖက်တလမ်းကတွေးပြီး ပီတိဖြစ်နေသေးတယ်။ .....ဟေ့ကောင် ငကင်းရေ ငကင်း.....။ ဟော မျှော်နေတုန်း ရောက်ချလာပါပြီ ယောက်ဖလောင်းလျာလေး။....ဟေ ဘာတုန်းဟ ဖိုးခွက်ရ....။ ဖိုးခွက်တဲ့ နာမည်နဲ့လိုက်အောင် ခွက်ပုန်းချတဲ့ကောင်။ တခါတလေ ကျွန်တော်လည်း သူနဲ့ထရည်တော့ တူတူသောက်ဖြစ်ပါတယ် အဟဲ။ ပြောရရင်တော့ သူက သူကြီးသားလေ သူ့ညီမကို ကျွန်တော်ကပိုးနေတာ ဟီဟိ။ အခုနေညိုပြီဆိုတော့ တရည်သောက်ဖို့ လာခေါ်တာထင်ပါ့။ ....ဖိုးခွက် ဒီနေ့ ဘယ်တောမှာ ချမလဲ....။ ဖိုးခွက်က ....ကိုခေါင်းကြီးတောပဲလေ... ။သောက်နေကျဆိုင်ပါပဲ။ ဒီလိုနဲ့ နှစ်ယောက်သား ကားယားကားယားနဲ့ ထန်းတောဘက် ဦးတည်ပြီးအိမ်က ထွက်လာတယ်။ ညနေပိုင်းဆိုတာ့ ထန်းတောက လူစည်သားလား။ ထန်းတောပိုင်ရှင် ကိုခေါင်းကြီးရဲ့ တဲနားက မန်ကျည်းပင်အောက်မှာ ၂ယောက်သား နေရာယူလိုက်ကြတယ်။ ....ကိုခေါင်းကြီးရေ လောလောဆယ် ထန်းရည်၂မြူနဲ့ ကြွက်ကြော် ချဗျာ...။ ဖိုးခွက်တို့ ဒါမျိုးဆို ထိပ်ဆုံးကပဲ အရင်မှာလိုက်တယ်။ လာချပေးတဲ့ ကိုခေါင်းကြီးက..... ဟေ့ကောင်တွေ အကြွေးမရဘူးနော်... ။ အဟီ အကြောင်းသိတွေဆိုတော့ အရင်ဆုံးကြိုပြောထားလေရဲ့။ ဟိုကောင်ဖိုးခွက် ကြွက်ကြော်ပန်းကန်ဆီ လှမ်းနေတဲ့လက် နောက်ပြန်တွန့်သွားတယ်။ ...ကိုခေါင်းကြီးကလည်း ဒီရုပ်တွေက အကြွေးစားမယ့်ရုပ်လားဗျ......။ .....အေး ပြီးတာပဲ ငါကကြိုပြောထားတာ......။ ကိုခေါင်းကြီးထွက်သွားမှ။ .....မသကာ အလကားသောက်ရုံပေါ့ ဟီး ဟီး.....။ ဟိုကောင် ဖိုးခွက် သောက်သမျှပြန်ထွေးထုပ်ရမလို မျိုချရတော့မလိုနဲ့ မျက်လုံးကြီးပြူးပြီး ကျွန်တော့ကို ကြည့်နေတယ်။ ပြီးတော့မှ ...ဂလု..... မျိုချလိုက်တာပါ မျက်စိကိုစုံမှိတ်လို့။

နေလည်းဝင်တော့မယ် ကျွန်တော်တို့လည်း ရေချိန်ကိုက်နေပြီ ထရည်၅မြူက ဘယ်လိုကုန်သွားတယ်မသိဘူး။ ၂ယောက်သား မက်တပ်ရပ်လိုက်တယ်။ လူကယိုင်သွားပေမယ့် ဟန်ချက်ကမပျက်သေးဘူး။ ဟိုကောင် ဖိုးခွက်က ရှေ့ကိုတစ်လှမ်းတိုးလိုက် နောက်ကို တစ်လှမ်းဆုပ်လိုက် လိုပ်နေတယ်။ ....ဟေ့ကောင် ဖိုးခွက် ဘာလုပ်နေတာလဲ.....။ ...ဟေ ငါလား ငါစည်းချက်နင်းနေတာလေ မူးပေမယ့် ထရည်ဖိုးမပေးနိုင်ရင် ပြေးနိုင်အောင်လို့ ဟဲ ဟဲ...အေ့.....။ ....သြော် ဂလိုလား ဒါဆိုငါလည်း စည်းချက် နင်းး အဲ မနင်းခင် စည်းအရင်လျော့ရမယ် ဟီး ဟီး....။ .....နေစမ်းပါဦးကွာ ဒီနေရာက ပြောင်သလင်းကြီးဟ ဟိုဘက်ကျမှ လျော့ ...ဂေ့.....။ ၂ယောက်သား စည်းချက် နင်းရင်းနင်းရင်းနဲ့ လမ်းဘေးမှာ ထရည်ထိုင်သောက်နေတဲ့ ၂ကောင်ကို နင်းမိပါရောလား။ ......အား လား လားလား လား....။ ဖိုးခွက်က.... အာ မအားဘူး အားလားမေးတာ အနားကပ်အော်ရလား နားရင်းပြေးအုပ်လိုက်ရ....။ သူကလည်း တက်နင်းသေးတယ် သွားဟောက်နေတယ်။ ....ဟေ့ကောင် ငကင်းနဲ့ ဖိုးခွက် ရန်စတာလား....။ ...ဟမ် ဖိုးခွက် ဒီကောင်က ဘယ်ကကောင်လဲ ဒီကောင့်မျက်ခွက်ကြီး ငါမြင်ဖူးသလိုပဲ.....။ မြင်ဖူးမှာပေါ့ အိမ်ချင်းကပ်လျက်ကိုး ဟီး ဟီး။ .....အာ ဒီကောင်တွေ ကြာဒယ် ချကွ..... ။ ရုန်းရင်းဆန်ခတ်နဲ့ ထချကုန်ပါတယ် ။ ဖုန်တွေတလုံးလုံးနဲ့။ ကိုခေါင်းကြီး အပြေးအလွှားရောက်ချလာတယ်။ ....ဟေ့ကောင်တွေ စိတ်ကိုလျော့ကြပါကွာ လျော့ကြပါ.....။ ငကင်းက...လျော့ရမယ် ဟုတ်လား အဟဲ ဟဲ လျော့မှာပေါ့ ကျွန်တော်က အစဂတည်းက လျော့ချင်နေတာ.. ဒါဆို ဟိုးဘက်မှာ သွားလျော့လိုက်မယ် ခဏစောင့်ဗျာ....။ ယိုင်တိုင်ယိုင်တိုင်နဲ့ ရန်ဖြစ်တဲ့ကောင်တွေရဲ့ ထရည်အိုးတွေနားရောက်သွားတယ်။ ကိုခေါင်းကြီးကတော့ ဖိုးခွက်နဲ့ ကျန်၂ယောက်ကို ဖျောင်းဖျနေလေရဲ့။ ငကင်းပြန်ရောက်လာတယ်။ ....ကဲ ဖိုးခွက် နာလည်း လျော့ပီးဘီ လစ်ကြမယ်လေ...ဂေ့....။ ....အေး ဒိုးကြတာပေါ့...။ ကိုခေါင်းကြီးက...သွား သွား.. အဲ နေဦး မင်းတို့ ထရည်ဖိုးမရှင်းရသေးဘူးမလား....။ .....ဟ ကိုခေါင်းကြီး ကြီးနေတဲ့ခေါင်းကွဲချင်လို့လား ခုနတင် ခင်များသားကို ပေးလိုက်တာလေ...။ ...ဟေ ဟုတ်လား အေး အေး တောင်းပန်ပါတယ်ကွာ....။ ကိုခေါင်းကြီးလည်း ယောင်တောင်တောင်နဲ့ ခေါင်းကုပ်ပြီး သူ့တဲကို ပြန်သွားတယ်။ ရန်ဖြစ်တဲ့ ၂ယောက်က သူတို့ဝိုင်းကို ပြန်ထိုင်ပြီး ထရည်သောက်မယ်အလုပ်။ ....ဟိုက်ရှားဘား နေပြင်းလို့ထင်တယ် နာတို့ ထရည်အိုးက အငွေ့တောင်ထွက်နေပါလားဟ...။ ပြောပြောဆိုဆို တဂုဂုနဲ့ သောက်နေကြတယ်။ ...အား ပါး နေပြင်ရုံတင်မဟုတ်ဘူး ထရည်ကလည်း တယ်ပြင်းပါလား ဟား ဟား....။ ဖိုးခွက်က လှည့်မေးတယ်။.... ဒါနဲ့ မင်းစောစောက လျော့မယ်ဆိုပြီး ဟိုကောင်တွေ ထရည်အိုးနားထွက်သွားတာ ဘာလုပ်တာလဲ.....။ ...ဟ ဘာလုပ်ရမလဲ သွားလျော့တာပေါ့ ကိုခေါင်းကြီးက လျော့ဆိုတာနဲ့ တွေ့တဲ့ထရည်အိုးထဲ ငါလည်း လျော့ချလိုက်တာ အိုးအပြည့်ပဲဟေ့....။ ....ဘာတွေလျော့ချလိုက်တာလဲဟ....။ ...ဂေ့ ..မင်းကလည်း တုံးပြန်ပြီ လျော့ပါတယ်ဆိုမှ သေးပေါက်တာပေါ့... အဟား ဟား ဟား ဟား။ ၂ယောက်သား ပြိုင်တူရီပြီး ရွာထဲပြန်ဝင်လာတယ်။

ဖိုးခွက်ကလမ်းမှာ.... ဒီနေ့ ငါ့ညီမက မင်းနဲ့တွေ့ဖို့ချိန်းခိုင်းတာ မင်းက ထရည်လိုက်တိုက်တယ် ဖိုးခွက်တို့ ကံကောင်းတယ်ဟေ့....။ ....အေးပေါ့ ငါလည်း ယောက်ဖ ဖ ဟမ် ဘာ ဘာ ဘာပြောလိုက်တယ်....။ ....မင်းကို ငါ့ညီမက ငါ့အဖေသူကြီးရဲ့ နှမ်းဂိုထောင်ထဲမှာ ဒီည ၇နာရီစောင့်နေမယ်တဲ့... ဘာဖြစ်လို့လဲဟ....။ ငကင်း အမူးတစ်ဝက်လောက်ပြေသွားတယ်။ ....ဟေ အဲဒါများ စောစောကပြောပါလား အခု ဘယ်အချိန်ရှိနေပြီလဲ....။ ...၇နာရီထိုးတော့မယ်လေ. ဟုတ်သားပဲ မင်းမသွားသေးဘူးလား ငကင်း....။ ဟမ် မသာကောင် အခုမှပြောရလား (စိတ်ထဲက ကျိန်ဆဲလိုက်တယ်)။ ...အေး ဒါဆိုနာတွားဘီ မင်းလည်း အိမ်ပြန်တော့ ယောက်ဖ ဟီး ဟီး....။ ဟိုကောင်လည်း သိုင်းကွက်နင်းပြီး အိမ်ပြန်သွားတယ်။ ကျွန်တော်လည်း သိုင်းကွက်နင်းပြီး သူကြီးရဲ့ နှမ်းဂိုထောင်ဘက်ထွက်လာတယ်။ ရောက်တာနဲ့ စောင့်မနေဘူး တန်းဝင်လိုက်တယ်။ ...ဟပ် ချိုးးးးးးးး.....။ ....ဟ နှမ်းဂိုထောင်က ငြုပ်နံ့ထွက်နေပါလား.....။ အမှန်က မူးမူးရူးရူးနဲ့ ၀င်ချတာ ငြုပ်ဂိုထောင်ကြီးပါ။ .....ဟပ်ချိုးးးးးးးးး.....။ ဒီလိုနဲ့ ညည့်နက်လို့ မျက်လုံးတွေနီပြီး နှပ်တွေတရွဲရွဲထွက်လာတယ် ငကင်းတစ်ယောက်စောင့်လို့ကောင်းတုန်း။

ဟော နေတောင်ထွက်လာပြီ ငကင်းတစ်ယောက် အမူးပြေလို့ ဘေးကိုကြည့်တော့မှ လား လား ငြုပ်သီးတွေ ငြုပ်အိတ်တွေမနည်းပါလား။ ....ဟမ် ဒါ ဒါဆို....။ ဒါနဲ့ နှမ်းဂိုထောင်ဘက် သုတ်ခြေတင်လိုက်တယ်။ ကြမ်းပြင်မှာ ရေးထားတဲ့စာကိုတွေ့လေရဲ့။ ။။။။ ကင်းတွေကို အသေသတ်ချင်တယ်။။။။။ .....ဂလု......။တံတွေးမျိုချလိုက်တာပါ။ ပါးစပ်ကတော့ ......သြော် ရက်စက်ပါ့ အချစ်ရယ်.....။ ဒီလိုနဲ့ သိတ်မကြာပါဘူး သူကြီးက သူ့သမီးကို မြို့ကကောင်နဲ့ပေးစားလိုက်ပါရောလား။ ငကင်းတစ်ယောက်တော့ ထန်းတောထဲလည်းမှောက်လျက်။ လယ်ကွင်းထဲလည်း ပက်လက်။ နောက်တော့ လူမသိအောင် ငြုပ်ဂိုထောင်ထဲမှာလည်း နှပ်ချေးတထွက်ထွက် မျက်ရည်စက်လက်နဲ့ပေါ့။ သိတ်မကြာပါဘူး အဆုပ်ကင်ဆာနဲ့ သေပါရောလား။

ဟမ့် ဒီဇာတ်သိမ်းက နိမိတ်မရှိ နမာမရှိ မဖြစ်ဘူး ပြန်ပြောင်းမှ....

ဒီလိုနဲ့ သိတ်မကြာပါဘူး သူကြီးက သူ့သမီးကို မြို့ကသူဌေးတစ်ကောင်နဲ့ပေးစားလိုက်ပါရောလား။ ငကင်းခင်မျာတော့ လွမ်းရဆွေးရနဲ့ လူတွေပိုက်ဆံမက်တာကို စိတ်နာပြီး ကျိုးစားလိုက်တာ မြို့မှာတောင် ဆန်စက်ဆီစက်တွေ ပိုင်တဲ့ သူဌေးကြီးဦးကင်း ဆိုပြီးဖြစ်လာပါရောလား။ (အဟီ)။ ဒါပေမယ့်ပေါ့လေ ဒါပေမယ့်ပေါ့.........................









အပျင်းပြေကြမယ်ဆိုရင်ပဲ

ကျေးဇူးတင်လျက်


No comments: