tracker tracker >>>SCORPION<<<: Internet၀န်းကျင်က မောင်ကင်းရေ....တဲ့

Wednesday, June 13, 2007

Internet၀န်းကျင်က မောင်ကင်းရေ....တဲ့



...မေးကြပါတယ် မောင်ကင်းရေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ အချစ်အကြောင်းတွေပဲ ရေးရတာလဲတဲ့။
ရော်... အဲဒါမှ ခက်ပြီ အဲလိုငယ်ငယ်ရွယ်ရွယ်မို့လည်း အချစ်အကြောင်းပဲရေးတတ်တာပါဗျာ အဟင့်... သူများတွေလို ဗဟုသုတ မကြွယ်ဝတော့လည်း ဒီလို fancy အချစ် အကြောင်းလေးတွေပဲ ရေးဖြစ်တာပေါ့။ (ကိုယ့်ဟာကို အချစ်နာကျရင်ကျတယ်မပြောဘူး..... အဟီး ဒါလည်းဒါပေါ့နော့)

...မောင်ကင်းရေ ဟို HTML codeတွေကို ဘယ်လိုထည့်လဲတဲ့။
ဂန့်...မောင်ကင်းကို အဲဒါတွေလာမေးရင် ဘာမှမသိဘူး အဟီး... ကိုယ့်ဟာကိုယ်လုပ်သာလုပ်တတ်တာ နာမည်တွေ အခေါ်အဝေါ်တွေ မှတ်ထားတာမဟုတ်တော့ ဘာကိုမေးလို့ ဘာပြန်ဖြေရမှန်းမသိဘူး။ (မလုပ်ပေးချင်မလုပ်ပေးချင်ဘူးပြောပါလား... အဲ အဲလိုတော့ ဟုတ်ပါဘူးဂျာ ဟီးး)

...မောင်ကင်းရေ မောင်ကင်းblogမှာ တင်ထားတဲ့ သီချင်းလေးပို့ပေးပါလား မပို့ပေးရင် စိတ်ဆိုးမှာတဲ့။
အင်... ဟိုဟာလေ မောင်ကင်းက တခြား siteတွေက သီချင်းကောင်းတာလေးတွေ ပေါက်ပေါက်ရှာရှာတင်တတ်တာက လွဲရင် Downloadထားတာက အနည်းသားလား။ ဒီတော့လေ downloadပြီးတဲ့အခါ ပို့ပေးပါမယ်ဗျာ နော်။ ဒါဆိုလည်း နေတော့ဟာ အကျင့်ကိုမကောင်းဘူး.... (ဂိန်.. ငါကိုက အနေမတတ် အဲဒီသီချင်းတင်မိတာကိုးး)

...မောင်ကင်းရေ အစ်ကို ဟိုကောင်မလေးကို ပေးဖို့ ကဗျာလေးရေးပေးပါဦးတဲ့။
ဟမ့်... အဲဒါမှ ပြသနာ။ အစ်ကိုတို့အကြောင်း တိတိကျကျမသိတော့ ဘယ်လိုရေးပေးရမှာလဲဗျာ။ ရေးမှာသာရေးချလိုက်ကွာ သူငယ်ချင်းကို ချစ်မိတဲ့ ကဗျာမျိုးပေါ့။ ရေးလည်းပြီးရော... ဟိုက်ရှားဘား... ဂွတ်တယ် ဂွတ်တယ်ဆိုပြီး ယူချသွားလေရဲ့။ နောက်နေ့တော့ ငါ ပါးရိုက်ခံရတာ မင်းကြောင့် ... မင်းကို ညီအဖြစ်က စွန့်လွှတ်တယ်.။ (ကဗျာထဲ ဘာတွေရေးပေးလိုက်လဲ လာမမေးနဲ့ မမှတ်မိတော့ဘူး ဟီး ဟီး)

... မောင်ကင်းတို့ သူများတွေကိုသာ အောင်သွယ်ပေးနေတာ ကိုယ့်အတွက်ကောမရှာသေးဘူးလားတဲ့။
ရှာသမှ လျှာတောင်ထွက်နေပြီ အဲလေ ရှာတာပေါ့ဗျာ။ မောင်ကင်းက အချစ်ရေးကံမကောင်းလို့ပါ အဟင့် ရွှတ်ရွှတ် ဗြစ် ဗတ် (ဖွီးးး ဒီကောင်ညစ်ပတ်နေပြန်ပြီ ငါနော်)...

... မောင်ကင်း နင့်ရဲ့ Friendster Pageလိုမျိုး Background ထည့်ချင်တယ် ငါ့ရဲ့Pageကို ပြင်ပေးပါလား တယ်ရင်းရယ်။
သြော် အပြောလေးက ချိုနေတာပဲ ခိုင်းဖို့ဆိုရင်။ ကဲ ပြင်ပေးပါ့မယ်ဗျာ။( ပြင်ပေးရတော့မှာပေါ့ မောင်ကင်းတို့က အချိုကြိုက်တာကိုး ဟီး ဟီး)။ ပြင်လို့တောင် မပြီးသေးဘူး သူက G-Talkက နှုတ်ဆက်သွားပါလေရော... ပြင်ထားလိုက် နောက်မှကြည့်မယ်တဲ့ မကောင်းရင် နာဖို့သာပြင်ဆိုပဲ.... (ဂစ်....စပြီးခိုင်းတုန်းက ဒီလိုမဟုတ်ပါဘူး).....

....မောင်ကင်း နင့်ကိုငါ ချောမယ်ထင်တာ နင့်ရုပ်က ဆိုးသားလား။ ကောင်မလေး ပြန်မကြိုက်တာ နည်းတောင်နည်းသေး။
တိန်... ဘလိုင်းကြီးကို ဖဲ့တော့တာပဲ။ ဟုတ်ကဲ့ ဘုရားက အမေနဲ့အဖေကို ဒီမျက်ခွက်လေးနဲ့သားလေးပဲ ပေးသနားတော်မူလို့။ ဒီမျက်နှာလေးပဲ ဖြစ်နေရရှာတာပါဗျာ။ (စိတ်ထဲကတော့ .. ဒင်း အလှည့်ကျမှတွေ့မယ် ဟမ်း ဟမ်း)...



အဟဲ မောင်ကင်းရဲ့ Internet၀န်းကျင်မှာ အဲလို မေးခွန်းလေးတွေ အပြောဆိုလေးတွေ ကြားရတာများသားလား။ ဒါတောင် တချို့ တ၀က်ပဲရှိသေးတယ်။ ဆက်ရေးရင် ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းသလို ဖြစ်နေဦးမယ်။ ဒီလောက်ပဲရေးတော့မယ် ဟီးးးး....





အပျင်းပြေကြမယ်ဆိုရင်ပဲ

ကျေးဇူးတင်လျက်

No comments: