tracker tracker >>>SCORPION<<<: အတိတ်က အမှတ်တရ သူငယ်ချင်းသို့ (၁)

Saturday, June 9, 2007

အတိတ်က အမှတ်တရ သူငယ်ချင်းသို့ (၁)


...အဲ ဒီအဖြစ်လေးက ကျွန်တော် မြန်မာပြည်မှာ ရှိစဉ်တုန်းက အဖြစ်လေးပါ။ ဘာရယ်မဟုတ်ဘူး ပြန်တွေးရင်နဲ့ ရီချင်လာတာနဲ့ ဟာသလေးလို ဖြစ်ဖြစ် ပြန်ရေးလိုက်မိတာပါ။...

၂၀၀၃ခု နှစ် ကျွန်တော်တို့ ၉တန်းနှစ်ပေါ့.... ညနေ ၃း၀၀နာရီ.....
ကျွန်တော်တို့က မနက်ပိုင်းကျောင်းပါ နေ့လည် ၁၂း၀၀နာရီဆိုရင်ပြီးတယ်လေ။ အခု ညနေစောင်းတော့ ကျူရှင်လည်း ပြီးပြီ။ ဒီတော့ ယောက်ျားလေးတို့ထုံးစံအတိုင်း တော်ကီချလိုက် ပြောင်လိုက်နောက်လိုက်နဲ့ ဘောလုံးကန်ဖို့တာစူနေတာပေါ့။ ညနေ ၄း၀၀နာရီဆိုရင်တော့ ညနေပိုင်းကျောင်(၈တန်း) တွေလွှတ်တော့မှာလေ (ကျူရှင်တက်တဲ့သူငယ်ချင်းအိမ်က ကျွန်တော့အိမ်နဲ့ကျောချင်းကပ်လျက်ပါ။ သူတို့က လမ်းမမှာဆိုတော့ ကားဂိတ်နဲ့နီးတယ်။) ဘောလုံးမကန်သေးပဲ ကျောင်းလွှတ်ချိန်စောင့်နေကြလေရဲ့ (တချို့ သူငယ်ချင်းများ)... ဟေ့ကောင်တွေ ဘာလုပ်နေတာလဲဟ လည်တဆန့်ဆန့်နဲ့.... ။ ကျွန်တော်ကမေးလိုက်တာပါ။ ...အာ လန့်လိုက်တာ ငနိုင်ရာ... ။ .... မင်တို့ဘာမဟုတ်လုပ်ကြမလို့တုန်း အဲလေ ဘာလုပ်နေလို့ လန့်ရတာတုန်း ဟီး ဟီး...။ စပ်ဖြီးဖြီးနဲ့ မျက်နှာပြောင်နေတဲံ့ ကျွန်တော့ကို ဟိုတစ်ကောင်က မျက်စိနောက်တယ်ထင်ပါရဲ့ .... ငါတို့ဟာ ငါတို့ ဘာလုပ်လုပ်ပေါ့ကွာ ငြိမ်ငြိမ်နေစမ်းပါ....။ ....အောင်မာ လဒမသာ လေသံက တယ် မာပါလား။ နေပေါ့ကွာ အကူညီလိုရင် ငါ့လာမတောင်နဲ့....။ အဲဒီတော့မှ.... အဟဲ မင်းကလည်းကွာ ငါက နောက်တာပါ .. လာဦး ငါပြောပြမယ်..... ။ ဒင်း အကူညီလိုနေတာ သေချာပြီ။ .... ကဲ ပြော ဘာလဲ...။ ကျွန်တော် ထိုင်တုန်းပဲရှိသေးတယ် အနောက်က အသံထွက်လာတယ်။ ....ဘောမကန်သေးပဲ ဒီလိုပလက်ဖောင်းမှာ ထိုင်နေကြတာဆိုတော့ ဘာလုပ်မလို့လဲ... ဟေ့ကောင်တွေ မင်းတို့ ခါးပိုက်နှိုက်မလို့လား.... ပိုက်ဆံလိုရင်လည်း ငါချေးမှာပေါ့ကွာ..။ အိမ်ရှင်လဒ ရဲ့ အသံပါ။ ...လဒငဇော် ဗိုလ်မှူးသားလို့မပြောရဘူး လူတွေ့ရင် ပြစ်မှုကျူးလွန်တော့မလား လိုက်မေးနေတယ်....။ .....ဟေ့ယောင် ငဇော် လာဦးဟ.. ထူးဆန်းဒယ် ဟဲ ဟဲ....။ ဒီကောင့်ကို ကျွန်တော်လှမ်းခေါ်လိုက်တာပါ။ အနားချက်ချင်းရောက်လာပါတယ်။.... ဟေ ဘာတုန်းဟ အတွဲချောင်းကြမလို့လား... ဒါမှမဟုတ် ဟိုကောင့်ညီမကို စာပေးမလို့လား ဟီဟိ....။ (ကျွန်တော်နဲ့ တွဲမိတာလည်းမပြောနဲ့ ပေါက်ကရဆို ထိပ်ဆုံးကလေ)။ ... အေးကွ မင်းပြောတာ ဖြစ်နိုင်တယ်.. နာလည်း စိတ်ဝင်စားရင် စကားလိုက်ပြောလို့ဖြစ်တယ်မလား ဟီး ဟီး...။ ကျွန်တော်ကလည်း ရမ်းတုပ်လိုက်တာပါ။ ဒီတော့မှ ဟိုကောင်က.... ဟမ် မင်းတို့ဘယ်လိုသိတာလဲ ငါ ၈တန်းက ကောင်မလေးတစ်ယောက်ကိုစောင့်နေတာ...။ .....ဟေ...... ကျွန်တော်နဲ့ငဇောင် ပြိုင်တူပါပဲ။ ...အဟား ဟား ငအောင်ရာ ဒါများ ပြောပြောကစောရောပေါ့ ကဲ ပြောငါတို့ ဘာနှောက်ယှက် အဲလေ ဘာကူညီရမလဲ... ဟီး ဟီး ဟီး.... ။ ပေါက်ကရလုပ်ရမယ်ဆိုရင် ကျွန်တော်နဲ့ငဇော် မျက်နှာတွေကို ဖြဲလို့။ ... ငအောင် မင်းတော့ လူပေါင်းမှားတော့မှာပဲ..... သူငယ်ချင်းတစ်ယောက်က ၀င်ပြောတာပါ။ ..... ငရဲ မင်းတိတ်တိတ်နေစမ်းဘာ.... ။ ကျွန်တော်က ထဟောက်လိုက်တယ် ဟိုကောင် ပြုံးစိစိနဲ့ဘောလုံး ကောက်ပြီး ပြန်လှည့်သွားတယ် ။ ... အဟဲ ဆက်စမ်းပါဦး ..မင်းဟာမလေးအကြောင်း.....။ ကျွန်တော်နဲ့ ငဇာ် အားရပါးရကြီးကိုနားထောင်ချင်တဲ့ မျက်လုံးမျိုးလေးတွေနဲ့ပါ။ ဟိုကောင် စပြောပါတယ်။ ... အဟဲ ပြောရမယ်ဆိုရင် အားရစရာကြီးကွ......။ ...အဟေ. ဟုတ်လား....။ ....မင်းတို့သိရင်လည်း ငါ့ကို မနာလိုမဖြစ်ရဘူးနော်....။... အေးပါ ပြောမှာသာပြောစမ်းပါ.....။ ...ပြောရရင်လေ ငါလည်း သူ့ကိုမနေ့ကမှ စတွေ့တာ ဟီးးး....။ ဂိန် သေရောပဲ။ ...အာ ဟုတ်တော့မလိုနဲ့...။ ... အဲဒီတော့ ငါတို့ ဘာကူညီရမှာလဲ ပြော....။ ...နေစမ်းပါဦး မင်းကောင်မလေးနာမည်က ဘယ်သူတုန်း...။ ငဇော်က ၀င်မေးလိုက်တာပါ။ ...ငါ့ ကောင်မလေးနာမည်က *** တဲ့.....။ ...ဟေ...။ ဒီတစ်ခါလည်း ပြိုင်တူပါပဲ။ ... ဟကောင်ရ မင်းကလည်း ကြိုက်တော့လည်း ဒင်မှပါလား.. အဲဒါ ၈တန်းမှာ နာမည်ကြီးနေတဲ့ကောင်မလေးမလား......။ ... အေး ဟုတ်တယ်လေ....။ ငအောင်က ဆက်ပြောပါတယ်။. ...ငနိုင် မင်းတို့ ကူညီရမှာက ငါ့ကို စက်ဘီးလိုက်နင်းပေး ငါစာလိုက်ပေးမလို့...။ ဂန့် တမျိုးပါလား(လို့ မထင်လိုက်ပါနဲ့ အဲဒီလဒက တောသားကိုမှ စက်ဘီးဒီအရွယ်ထိမနင်းတတ်တဲ့ နလိန်ပိန်တုံးတောသား ဟီး ဟီး)။ ... သြော်..ဒါများကွာ ကျူရှင်လည်းပြီးပြီပဲ ဘောလုံးက နောက်မှကန်မယ်လေ အိုကေပါတယ်....။ ဒီလိုနဲ့ပဲ ကျောင်းလွှတ်ချိန် ၃ယောက်သား ထိုင်မျှော်နေကြတယ်။ နောက်တော့ ငရဲပါရောက်လာတယ်။... ငါလည်း မင်းတို့နဲ့လိုက်မယ်လေ ဟဲ ဟဲ...။


ဟော... ကျောင်းတွေလွှတ်ပါပြီ။ ဟို ကောင်တော့ ဖင်တကြွကြွနဲ့ဖြစ်နေလေရဲ့။ ...ဟေ့ကောင် ဂနာငြိမ်ငြိမ်နေစမ်းပါ ဘာလဲ လိပ်ခေါင်းရှိလို့လား....။ ဟိုကောင်ပြန်ထိုင်သွားတယ်။ ကောင်မလေးက စက်ဘီးနဲ့ အိမ်ကိုပြန်တာပါ။ ဟော လာနေပါပြီ။ ဟိုက်ရှားဘား။ လှတာတော့ တော်တော့်ကို လှတာပဲ ဟိုကောင် ကြိုက်တာလည်းမပြောနဲ့။ အဲ ပြသနာ။ ကောင်မလေးနဲ့ သူ့သူငယ်ချင်းတွေ နောက်မှာ။ လား လား မနည်းပါလား ဘဲတွေ။ (ဘဲဆိုလို့ တဂတ်ဂတ်အော်တဲ့အတောင်ပံနဲ့ကောင်တွေမဟုတ်ပါဘူး လူ ယောက်ျားလေးတွေပါ) ။ ...သေဘီဆရာ ဟေ့ရောင် ငအောင် မင့်ဟာမလေးက ကိုယ်ရံတော်တွေမနည်းပါလားဟ...။ ငဇော်ကပြောတာပါ။ .... အေးလေ အီးပုံကြီး ယင်အုံနေသလိုပဲ...။ ကျွန်တော်ကလည်း ကြုံတုန်း ဆော်ထည့်လိုက်တာပါ ဟီး ဟီး။ ...ဖြီး ဖြီး ဖီ. ငနိုင်ရာ လုပ်ထည့်လိုက်ပြန်ပြီ...။ ဟိုကောင် မျက်နှာကို ရှုံ့မဲ့သွားတာပဲ။ ငအောင်က။ ....ငနိုင် ဖြစ် ဖြစ် ပါ့မလား...။ ...ဟမ် ဘာလို့မဖြစ်ရမှာလဲ မင်းပဲ စာပေးချင်တယ်ဆို ...ငါရှေ့ကစက်ဘီးနင်းမယ် မင်းကထိုင်လိုက်ပြီး သူ့စက်ဘီးရှေ့ခြင်ဲးကို ထည့်ပေးရုံပဲ..... ကဲ လိုက်မယ်... ။ တဖြည်းဖြည်းနဲ့ မှီလာပါပြီ။ အနားကိုတော့ ကပ်လို့မရသေးဘူး။ ကျွန်တော်လည်း စိတ်မရှည်တော့ဘူး။ ဒီတော့ ကားရှင်းတာနဲ့ ပေတစ်ရာလမ်းမအလယ်ကို ပန်းတက်ပြီး အရှေ့က ပြန်နင်းလိုက်တယ်။ ပြီးတော့ ကောင်မလေးစက်ဘီးနားကို အသာလေး မျောဝင်လိုက်တယ်။ ...ကဲ..ဟေ့ကောင် ပေးလိုက်တော့လေ ကောင်မလေးအိမ်နားရောက်နေပြီ...။ ဟိုကောင်က ပေးလိုက်ပါတယ်။ ပေးပြီးတာနဲ့ ကျွန်တော်က စက်ဘီးကို ဘရိတ်အုပ်ချလိုက်ပါတယ်။ နောက်က ကပ်နေတဲ့အကောင်တွေ အမြင်ကပ်တာနဲ့လေ။ ကောင်မလေးက အံ့သြတဲ့ ပုံလေးနဲ့ပါ လည်ပြန်လှည့်ကြည့်တယ်။ ...ဟိုမှာပြန်ကြည့်နေတယ် ငအောင် လက်ပြလိုက်လေ...။ ...အာ ငါမပြရဲဘူး မင်းလက်ပြလိုက်...။ ...သြော် အေး အေး...။ ကျွန်တော်လည်း အယောင်ယောင်မှားမှားနဲ့ လက်လှမ်းပြန်လိုက်တယ်။ ....အာ သေတော့မှာပဲ...။ ပြီးတော့မှ သတိဝင်လာပြီး လက်ချလိုက်တော့ ကောင်မလေးက ဟိုလက်လှည့်သွားပါပြီ။ ...ငအောင်ရာ မင်းလုပ်လိုက်ရင် တလွဲချည်းပဲ .. ဘာပဲဖြစ်ဖြစ် Mission Accomplish ဒီတော့ ပြန်လစ်မယ် ဘောကန်မယ် ဟဲ ဟဲ....။ ...ငနိုင် ငနိုင်..။ ဟို၂ကောင် အခုမှ မှီလာပါတယ်။ လမ်းမှာ အသိတွေ့လို့ စကားပြောနေတာတဲ့ ကောင်းရော။

ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ ကျွန်တော်က.... ဟေ့ကောင် ငအောင် မင်းကောင်မလေးဆီက အဖြေတောင်းပြီးပြီလား....။ ...ဟေ မတောင်းရသေးဘူးလေ....။ ...ဟမ် အခုထိမတောင်းရသေးဘူးလား...။ .. အေး...။ ...တောင်းတော့လေကွာ...။ ..အေး ဒီနေ့လိုက်တောင်းမယ်ကွာ...။ ...အိုကေလေ....။ ...မင်းတို့ပါ လိုက်ခဲ့...။ ...ဟမ် ငါတို့က ဘာလိုက်လုပ်ရဦးမှာလဲ...။ ...လိုက်ခဲ့ပါဟ ငါကြောက်လို့ ဟီးး...။ ...မသာရာ အခေါင်းထဲသာ ၀င်လိုက်ပါတော့လား ငါနော်....။ ဒီလိုနဲ့ပဲ ကျောင်းဆင်းတော့ အရင်အတိုင်း ၄ယောက် စက်ဘီး၂စီးနဲ့ လိုက်ခဲ့ကြပါတယ်။ ဒီတစ်ခါတော့ စနေနေ့ကျောင်း ပိတ်ရက်ဆိုတော့ ကောင်မလေး ကျူရှင်ဆင်းချိန်ပေါ့။ ကောင်မလေးက တစ်နေရာရောက်တော့ စက်ဘီးကို ရပ်လိုက်ပါတယ်။ ကောင်မလေးရဲ့ သူငယ်ချင်း တစ်စုကလည်း ခပ်လှမ်းလှမ်းမှာ ရပ်စောင့်နေလေရဲ့။ ....ကဲ ငအောင် မင်းအပိုင်းရောက်ပြီ ညောင်းတော့ ငါတို့ဒီကပဲ စောင့်မယ်...။ ဟိုကောင် ကားတား ကားတားနဲ့ ထွက်သွားပါတယ်။ ကောင်မလေးက ကျွန်တော့ကို လှမ်းကြည့်နေတယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ ၅မိနစ်လောက် ကြတော့ ကောင်မလေးက စက်ဘီးကို ဆောင့်အောင့်ပြီး ထွက်သွားပါတော့တယ်။ ဟိုကောင်လည်း မျက်နှာကြီး အီးမှန်ထားတဲ့ပုံနဲ့ ပြန်ရောက်လာတယ်။ ..ဟကောင် ဘာဖြစ်လာတာလဲ...။ ကျွန်တော်မေးလိုက်တာပါ။ ...မသိချင်ပါနဲ့တော့ကွာ...။ ... ဟမ် ပြောပါဟ ငါတို့လည်း သိချင်တာပေါ့....။ ..အေးလေ...။ ....သူက ဘာပြောလိုက်လဲ...။ ကျွန်တော်တို့ဝိုင်းမေးတော့ ပြောပြရှာပါတယ်။ .....သူကပြောတယ် အဖြေလိုချင်ရင် ကိုယ်တိုင်လာတောင်းတဲ့...။ ...ဟ ဒါဆို အစဉ်ပြေတာပေါ့ မင်းတောင်းလိုက်ရောပေါ့...။ ...အေး တောင်းလိုက်တယ်လေ....။ ...သူက ဘာပြန်ပြောလဲ မင်းကို....။ ..."ဟိုဟာလေ sorry ကိုအောင်++ရယ် ကျွန်မက ဟိုးးးက အစ်ကို စာပေးတာမှတ်လို့"....။ ကျွန်တော့ကို ပြောတာပါ။ ............ဟမ်............ နားထောင်နေတဲ့ ၃ကောင်လုံး ပြိုင်တူပါပဲ။ ပြီးတော့မှ အဟားး ဟား ဟား အဟား ဟား ဟား ဖြစ်မှဖြစ်ရလေ ငအောင်ရာ ဟား ဟား ဟား ဟား။ ဟိုကောင်ကတော့ လိုက်မရီနိုင်ဘူး လဒမှိုင်လေးမှိုင်လို့ပေါ့။ ....ကဲ ကဲ စိတ်ဓါတ်မကျနဲ့ သူငယ်ချင်း အခုမရပေမယ့် မင်းကို ငြင်းလိုက်တာမှမဟုတ်တာ ဆက်လိုက်ပေါ့..... အဲ ဒါပေမယ့် မင်းမလိုက်ခင် စက်ဘီးအရင်နင်းတာ သင်ရမယ် ဟား ဟား ဟား ဟား ဟား ဖြစ်ရမယ် ငအောင်ရာ......။



အဲဒီနေ့နောက်ပိုင်းကစပြီး ဟိုကောင်လည်း စက်ဘီးနင်းတတ်သွားတော့တာပါပဲ။








ဖတ်တဲ့လူတွေ အပျင်းပြေတယ်ဆိုရင်ပဲ.......


ကျေးဇူးတင်လျက်


No comments: